22 March 2024
သင်္ကြန်ပိတ်ရက်တွင် System Maintenance လုပ်ရန်ရှိ၍ FDA၏Online E-Submissionလျှောက် ထားမှုကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ထုတ်ပြန်ချက်အရသိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ Food,Drugs, Medical Device နှင့် Cosmeticsများ E-Submissionကိုဧပြီ(၁၃)ရက်မှ(၂၁)ရက်အထိရပ်ဆိုင်းထားမည်ဖြစ်သည်ဟုဆိုသည်။
ဧပြီလ(၂၂)ရက်မှာတော့ ပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်ပြီးE-Submissionလျှောက်ထားမှုပြန်လည် လက်ခံသွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ထုတ်ပြန်ချက်အရသိရသည်။
ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွတ်ကဲရေး ဦးစီးဌာနက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား အားပေးမြှင့်တင်နိုင်ရန်ရည်ရွယ်၍ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားမှုများအတွက် ပေးသွင်းရမည့်ပမာဏကို(၇)သိန်းခွဲမှ ၂၅၀၀၀၀ ကျပ်သို့ ပြောင်းလဲ သတ်မှတ်ပေးထားကြောင်းလည်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 22 March 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာနမှ တာဝန်ယူ ဆောက်လုပ်ထားသည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၊သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်း၌ နေထိုင်ခွင့်ကျပြီးဖြစ်သော်လည်း မတ်လလ၃၁ရက်နောက်ဆုံးထား၍ နေထိုင်ခြင်းမရှိသည့် အိမ်ခန်းများအား ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သုခဒဂုံပြည်သူ့အငှား အိမ်ရာတွင် နေရေးအခက်အခဲရှိသော ပြည်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ နေထိုင်ရန် အိမ်ခန်းနေရာ ချထားပေးခဲ့ခြင်းဖြစ်သည် ။
ပထမအဆင့် ငှားရမ်းနေထိုင်ခွင့် ရရှိသူများကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့မှ စတင်ပြီး နေထိုင်ခွင့်ပြုခဲ့ရာမှ အချို့ငှားရမ်းနေထိုင်ခွင့်ရရှိသူများက နေထိုင်ခွင့် ရရှိပြီးဖြစ်သော်လည်း လာရောက်နေထိုင်ခြင်းမရှိကြောင်း တွေ့ရှိရကြောင်း၊ ထို့ကြောင့် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် အိမ်ခန်းငှားရမ်းခွင့် ရရှိထားသူများအနေဖြင့် လာမည့် မတ်လ၃၁ရက်နေ့ နောက်ဆုံးထားပြီး အငှားချထားသော အိမ်ခန်းတွင် လာရောက်နေထိုင်ရန်နှင့် နေထိုင်ခြင်းမရှိပါက အိမ်ခန်းအား ဌာနမှ ပြန်လည်သိမ်းယူပြီး အမှန်တကယ်နေထိုင်ရန် အခက်အခဲရှိသူများအား ပြန်လည်နေရာ ချထားပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
၎င်းအပြင် အခန်းမဲပေါက်သည့် အိမ်ခန်းများတွင်သတ်မှတ် စည်းကမ်းအတိုင်း နေထိုင်ရန် နှင့် နေထိုင်ခြင်းမရှိသည့် အိမ်ခန်းများကိုလည်း ပြန်လည်သိမ်းယူမည်ဖြစ်
ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြင်သစ်စကားနှင့် ယဉ်ကျေးမှုပွဲတော်အဖြစ် ဂီတပညာရှင် မာ့ခ်အိုင်မွန်၊ မီလာဘက်ဆွန်တို့နဲ့အတူ မတ်လ(၂၃)ရက်မှာ ဆင်နွှဲသွားမယ်။ မတ်လ(၂၃)ရက်မှာ ပြင်သစ်ပညာရေးဆိုင်ရာ သတင်းအချက်အလက် မျှဝေဆွေးနွေးပွဲ ကျင်းပဖို့ရှိတယ်။ မတ်လ (၂၉)ရက်၊ ညနေ (၇း၁၅) မှာ ပြင်သစ် ရုပ်ရှင်ကား ပြင်သစ်ယဉ်ကျေးမှုဌာနမှ အခမဲ့ပြသမယ်။
Yangon Times/tthl
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မွန်ပြည်နယ်ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးစေတီတော်ကို ဘုရားဖူးလာရောက်ရင်းကျန်ခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်တွေ ကို ကျိုက်ထီရိုးဂေါပကရုံးမှာ သိမ်းပေးထားတဲ့အတွက် ပျောက်ဆုံးသူများရှိပါက ဂေါပကရုံးကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီအဝင်များပြီး ဈေးကျဆင်း၊ အိန္ဒိယအိပ်စပို့ဖွင့်ချိန် ဈေးဆက်ကျနိုင်
' ရန်ကုန်အဝင်များပြီး ဝယ်သူမရှိလို့ ဈေးကျနေတယ်၊ အိန္ဒိယက အိပ်စပို့ပိတ်တာက မတ်၃၁ရက်နောက်ဆုံးပဲ ပိတ်တာ၊ ပြန်ဖွင့်မှာ ၊အဲ့ဒီအချိန် မြန်မာ့ကြက်သွန်နီဈေး ထပ်ကျနိုင်တယ်၊'
Yangon Times/NN
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရေခဲစက်တွေ ရောင်းအားတက်တယ်။ ရေခဲစက်အတွက် အသုံးပြုရတဲ့ ရေခဲမိုပစ္စည်းပါ ပြတ်တဲ့အထိ ရောင်းအားတက်လာတယ်။ သား၊ ငါးလုပ်ငန်းတွေက ရေခဲရိုက်ရန်ရေခဲတုံးကြီးတွေ သုံးတယ်။ နွေရာသီအအေးဖျော်ရန်၊ ရေခဲချောင်းများ ထုတ်လုပ်ရန်အတွက်ဝယ်ယူ အသုံးပြုကြတယ်။ စွမ်းသစ်ရေခဲစက်ထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြည်တွင်းစက်သုံးဆီ ဈေးကွက်ဟာ နှစ်ပတ်အတွင်း ဓါတ်ဆီတစ်လီတာကို ကျပ် ၁၀၀ကျော် ဈေးမြင့်တတ်လာတယ်လို့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဈေးနူန်း သတ်မှတ်ချက်တွေအရ သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 886 of 2362