မိုးစပါးကုန်ပြီး နွေဆန်များ ရန်ကုန်ဈေးကွက်သို့ စတင်ဝင်ရောက်
နယ်ဒေသတွေမှာ မိုးစပါးတွေကုန်နေပြီဖြစ်ပြီး နွေဆန်တွေ ရန်ကုန်ဈေးကွက်သို့ စတင်ဝင်ရောက်နေပြီလို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
သင်္ကြန်တွင်း ခရီးသွားခါနီးမှကားငှားရင် ဈေးအဆမတန်ကြီးမြင့်တာရော၊ Pageအတုတွေကခရီးသွား package တွေဝယ်ပြီး အလိမ်ခံရတာတွေပါ ကြုံတွေ့နိုင်တယ်။ ကားစီးလုံးငှားဝန်ဆောင်မှုလုပ်ငန်းတွေကို ကြိုတင်ဘိုကင်တင်ကာ မိမိစိတ်ကြိုက်ကားတွေကို ရွေးချယ်ကာ စရန်ငွေတွေလွှဲကာ စီစဉ်ထားသင့်တယ်။ ကားစီးလုံးငှားဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 21 March 2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဦးဘချိုလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း
မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။
မတ်လ ၂၁ရက် မနက် ၄နာရီ ၄၅မိနစ်ခန့် က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြောင်းမြမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ကွယ်လွယ်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မြောင်းမြခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်(၁)စီး၊ အိမ်မဲမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၆ နာရီ ၁၀ မိနစ် အချိန် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group


ပွဲအစကို ဂိုးမရှိရလဒ်နဲ့ စရတာမို့ အသင်းတိုင်းမှာ အခွင့်အရေး ရှိစမြဲပါ။ မြောက်ကိုရီးယားနဲ့ ကစားတဲ့ပွဲမှာ ကျွန်တော်တို့ ပထမပိုင်း မိနစ် ၃၀ လောက်အထိ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ အဲဒီလိုမျိုး ဆီးရီးယားနဲ့ပွဲမှာလည်း လုပ်နိုင်မယ်လို မျှော်လင့်ထားပါတယ်။ မြန်မာအသင်းနည်းပြချုပ် Miachel Feichtenbeiner
Yangon Times/tthl
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 21 March 2024
ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်အတွင်း ယနေ့ မတ်လ ၂၀ ရက် တွင် ပေ(၇၀)ခန့်နက်သော မိုင်းဟန်ချောင်း ထဲသို့ Honda Fit ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်၍ ၂ ဦးသေ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သိရသည်။
မိုင်းယောင်းမြို့နယ်၊ မိုင်းဟန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၃၂/၂)နှင့် (၃၂/၃)ကြားတွင် အဆိုပါ Honda Fit အမျိုးအစား(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ပေ(၇၀)ခန့်အနက်ရှိ မိုင်းဟန်ချောင်းထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် မိုင်းယောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၃)ဦး စုစုပေါင်း (၅)ဦးအနက် ကျား(၂)ဦး(သေဆုံး)၊ ထိခိုက်ဒဏ်ရာရရှိသူ မ(၃)ဦးတို့အား ကြက်ခြေနီအသင်းမှယာဉ်ဖြင့် မိုင်းယောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Yangon Times/PP
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 20 March 2024
၁။ လက်ဝှေ့ရွှေခါးပတ်ချန်ပီယံ ဘိလပ်မြေစတား ရုတ်တရတ်ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်
၂။ မန္တလေး မဟာမုနိဘုရားကြီးတွင် တပေါင်းလပြည့်နေ့ ဆီမီး ၁၀၀၀၀ ပူဇော်ပွဲ ကျင်ပမည်
၃။ ရိုးပြတ်မီးရှို့သည့်နေရာများမှ ထွက်ရှိသည့် ပြောင်းသီးနှံများ တင်သွင်းခြင်းကို ထိုင်းပိတ်ပင်ခြင်းက မြန်မာအပါအဝင်နှစ်ဖက်တင်သွင်း၊ တင်ပို့သည့် နိုင်ငံများ အခက်အခဲရှိနိုင်
၄။ ပေကျင်းနှင့် ဗီယန်ကျင်းတို့ကို ချိတ်ဆက်ထားသည့် ရထားလမ်းတွင် ပထမဆုံးဧည့်ခရီးသွားရထား စတင်ပြေးဆွဲ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 20 March 2024
အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးဌာန မှ တာဝန်ရှိသူများက စက်ရုံ အလုပ်ရုံ များ ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာန၏သတင်း ထုတ်ပြန်ချက်အရသိရသည်။
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအား အသိအမှတ်ပြုသည့်အနေဖြင့် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) မှ ချီးမြှင့်သည့် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ထူးခြားစွမ်းဆောင်ဆု (ASEAN-OSHNET Excellence Award)၊ ကောင်းမွန်သည့် အလေ့အထကျင့်စဉ် စွမ်းဆောင်ဆု (ASEAN-OSHNET Best Practice Award) များကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ရရှိစေရေး အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ASEAN-OSHNET ၏ သတ်မှတ်ချက်များနှင့်အညီ ၂ နှစ် တစ်ကြိမ် ရွေးချယ်ပေးလျက်ရှိကြောင်းသိရသည်။
ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ခြင်း၊ ဆုလျှောက်လွှာထုတ်ယူခြင်းနှင့် တင်သွင်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ASEAN-OSHNET Excellence ဆုအတွက် စက်ရုံ (၁၁) ရုံ၊ ASEAN-OSHNET Best Practices ဆုအတွက် စက်ရုံ (၉) ရုံ လျှောက်လွှာတင်သွင်းခဲ့ကြောင်းသိရသည်။
ဆုရွေးချယ်ရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ၍ စက်ရုံများအား ကနဦး ရွေးချယ်ခဲ့ရာ ASEAN-OSHNET Excellence Award ဆုအတွက် စက်ရုံ (၁၀) ရုံ၊ ASEAN-OSHNET Best Practice Award ဆုအတွက် စက်ရုံ (၆) ရုံမှ ပဏာမအဆင့်အောင်မြင်ခဲ့ကြောင်း သိရသည်။
ပဏာမအဆင့် အောင်မြင်ခဲ့သည့်စက်ရုံများအား အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ဌာနခွဲ၊ ပြင်ပကျွမ်းကျင်ပညာရှင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိ ကိုယ်စားလှယ်များ ပါဝင်သည့် ASEAN-OSHNET ဆုရွေးချယ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေး ၍ ရွေးချယ်မည်ဖြစ်ရာ မတ်လ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Brewery Limited စက်ရုံ (Excellence)၊ Dento MEC သွားတိုက်တံ နှင့် သွားတိုက်ဆေး စက်ရုံ (Best Practices)၊ OJI GS Packaging Co., Ltd (Best Practices) များသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 889 of 2362