Published 30 May 2024

နှစ်သက်တမ်း (၁၀၀)ကျော်ရှိပြီဖြစ်သည့် ရန်ကုန်၊ ဧရာဝတီနှင့်ရခိုင်ရှိ အဆောက်အုံ(၃၀)ကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်လိုက်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းရှိနှစ်သက်တမ်း(၁၀၀)ကျော်ပြီဖြစ်သည့် (၁)ဒေါပုံသင်္ဘောကျင်း၊ (၂)ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန(ယခင် Government Telegraph Office)၊(၃) Kyaw Home Mart(ယခင် TeJoomal Department Store)၊(၄) အင်းဝဘဏ်(ယခင်  Mercantile Bank of India)၊(၅) ပင်စင်ဦးစီးဌာန(ယခင် CURRENCY DEPARTMENT) ၊(၆)မြန်မာနိုင်ငံသားများဘဏ် (ယခင် Misquit & Co) ၊(၇)မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး၊ (၈)ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးအဆောက် အအုံတို့ကို ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်လိုက်သည်ဟုဆိုသည်။

ဧရာဝတီတိုင်းရှိ နှစ်သက်တမ်း(၁၀၀)ကျော်ပြီဖြစ်သည့်(၁)ပုသိမ်ရှိ ကတ်သလစ်သာသနာစိန့်ပီတယ် ဘုရား‌ကျောင်း၊(၂)ပုသိမ်ခရိုင်ထွေအုပ်ဦးစီးဌာနမှတ်တမ်းများ ထားရာရုံး၊(၃)ဓနုဖြူမြို့နယ်ရှိ ပုဗ္ဗာရုံကျောင်း၊(၄)အသောရုံကျောင်း(၅)တိုက်ကြီးကျောင်း၊(၆)သုဒဿနကျောင်း၊(၇)သုခိတာရာမ သုံးထပ်သိမ်ကျောင်း၊(၈)ရတနာစိန်ကျောင်း၊(၉)ဗောဓိကျောင်း၊(၁၀)မြကျောင်း၊(၁၁)မှန်ကင်း ကျောင်း၊(၁၂)ဝေဇယန္တာကျောင်း အဆောက်အအုံတို့ကို ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်ရှိ(၁) သဒ္ဓမ္မဇောတိကာရုံကျောင်း၊(၂)ဦးရဲကျော်သူကျောင်းတိုက်၊(၃) ဂြစ်ဘက်ကျောင်းတိုက်၊(၄)ပညာလင်္ကာရကျောင်း တိုက်၊(၅)ရွှေစေတီကျောင်းတိုက်၊ ပေါက်တောမြို့နယ်ရှိ(၆)ရွာချောင်းကြီးကျောင်းတိုက်၊(၇) ပန်းဖဲချောင်းကျောင်းတိုက်(ကျောက်‌တော်ကံဇောက်)၊မြောက်ဦးမြို့နယ်တွင်းရှိ(၈)ဘုရားပေါ်ဘုန်းတော် ကြီးကျောင်းတိုက် (၉)ကန်စောက်ကျောင်းတိုက်၊သံတွဲမြို့နယ်ရှိ(၁၀) ငလျင်တောင်‌ကျောင်း အဆောက်အအုံတို့ကို ရှေးဟောင်းအဆောက်အအုံအဖြစ်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းအဆောက်အအုံ(၃၀)ကိုသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရှေးဟောင်း အဆောက်အအုံများကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ၃၄၊ပုဒ်မခွဲ(ခ)အရ အင်နှင်းထားသော လုပ်ပိုင် ခွင့်ကို ကျင့်သုံး၍ ရှေးဟောင်းအဆောက်အအုံအဖြ စ်သတ်မှတ် ထိန်းသိမ်းမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
Published 30 May 2024
#YMG #Yangon_Times #Yangon_Media_Group