မကွေးတိုင်းဒေသကြီးအတွင်း ရေသွင်းနှမ်းစုပေါင်းရောင်းချပွဲကို လာမယ့်ဇူလိုင်လအတွင်းမှာ ပြုလုပ်မှာဖြစ်တယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published_05 June 2024
#ရေသွင်းနှမ်းစုပေါင်းရောင်းချပွဲ #တောင်သူဖွံ့ဖြိုးရေးအဖွဲ့
#YMG/LW #Yangon_Times
ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်တွေနေ့စဉ်ဖွင့်လှစ်ပေးဖို့နဲ့ သတ်မှတ်ဈေးနှုန်းတွေနဲ့ ရောင်းချပေးဖို့လိုအပ်ပြီး မရောင်းချကြောင်း စစ်ဆေးတွေ့ရှိပါက ထိရောက်စွာနဲ့အရေးယူသွားမယ်လို့ ရန်ကုန်ရွှေအသင်းကဒီကနေ့မှာ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published_05 June 2024
#ရွှေဆိုင်များနေ့စဉ်ဖွင့်လှစ် #ထိရောက်စွာအရေးယူသွားမယ်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များရှိ စက်ရုံနဲ့ဂိုဒေါင်ငှားရမ်းမှုဈေးကွက်အေးနေတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းထံက သိရပါတယ်။
#Local_News
Published_05 June 2024
#စက်ရုံဂိုဒေါင်အငှားဈေးကွက်အေး #မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း
#YMG/LW #Yangon_Times
မွန်ပြည်နယ်၊ မော်လမြိုင််မြို့မှာရှိတဲ့ သံလွင်မြစ်အတွင်းမှာ မုန်တိုင်းဘေးအန္တရာယ်တုံပြန်ရေး ကြိုတင်စုပေါင်းလေ့ကျင့်ခြင်းကို မီးသတ်တပ်ဖွဲ့ကဦးဆောင်ပြီး ပရဟိအသင်းတွေ အပါအဝင်သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စုပေါင်းပြုလုပ်ခဲ့တယ်လို့မွန်ပြည်နယ် ပရဟိတအသင်းတွေဆီက သိရပါတယ်။
#Local_News
Published_05 June 2024
#မုန်တိုင်းဘေးအန္တရာယ်တုံပြန်ရေး #ကြိုတင်စုပေါင်းလေ့ကျင့်ခြင်း
#YMG/NN #Yangon_Times
ချောင်းသာလာတဲ့သူနည်းနေသေးတယ်။ ချောင်းသာကမ်းခြေကို သွားဖို့အရင်က ပိတ်ရက်စနေတနင်္ဂနွေမှာ ကားခဈေးတွေ ၃၀၀၀၀ အထိရှိခဲ့ပြီး အခု၂၅၀၀၀ကျပ်သာရှိတော့တယ်။ တည်းခိုခန်း၊ Guest House တွေဟာ ဈေးနှုန်းသက်သာနေတယ်။
#Local_News
Published_05 June 2024
#ချောင်းသာကမ်းခြေ #ခရီးသွားသူနည်းနေ
#tthl #Yangon_Times
#Local_News
Published 5 June 2024
▪️ ရန်ကုန်တိုင်းအတွင်း၌ ရွှေသတ်မှတ်ရည်ညွှန်း ဈေးထက်ကျော်လွန်ရောင်းချနေသည့် ဆိုင် ၁၄ ဆိုင်ရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်က ထုတ်ပြန်ချက်အရ သိရသည်။
▪️ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း YGEA သည် အကယ်ဒမီမီးလင်းရွှေ ဈေးနှုန်းများအား နေ့စဉ်သတ်မှတ်ထုတ်ပြန်ပေးနေပြီး ယင်းဈေးနှုန်းထက်ကျော်လွန်ရောင်းချခြင်းမပြုရန် အသိပေးထားကာ ဇွန်၅ ရက်ယနေ့တွင် အခေါက်ရွေတစ်ကျပ်သားကို ကျပ် ၄,၈၁၅,၀၀၀ သိန်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
▪️ သို့သော် ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အချို့၌ သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချသည့် ရွှေဆိုင်များရှိနေပြီး မင်္ဂလာဒုံမြို့နယ်၌ ၂ ဆိုင်ရှိကာ ၁၅ပဲရည်အား ၄,၉၀၀,၀၀၀ကျပ် ဖြင့်ရောင်းချနေကြောင်း သိရသည်။
▪️ တိုက်ကြီးမြို့နယ်၌မူ သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချသည့် ရွှေဆိုင်၉ ဆိုင်ရှိပြီး ၁၆ပဲရည်အား ၄,၉၀၀,၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
▪️ လှိုင်မြို့နယ်၌ သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချသည့် ရွှေဆိုင် ၁ ဆိုင်ရှိပြီး ၁၅ ပဲရည်အား ၅,၁၇၀,၀၀၀နှင့် ၁၅ပဲရည်အား ၅,၃၉၀,၀၀၀ ကျပ်လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၌မူ သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချသည့် ရွှေဆိုင် ၂ ဆိုင် ရှိပြီး ၁၅ပဲရည်အား ၅,၀၀၀,၀၀၀ နှင့် ၅,၀၈၀,၀၀၀ တို့ဖြင့်လည်းကောင်း၊ ၁၆ ပဲရည်အား ၅,၃၀၀,၀၀၀ ကျပ်လည်းကောင်း ရောင်းချပေးနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_05 June 2024
▪️ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယကကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းသူရဦးတင်ဦး၏ ဈာပနအခမ်းအနားကို ယနေ့ဇွန်လ(၅)ရက်တွင် ရန်ကုန်မြို့ရေဝေးသုဿန်၌ ကျင်းပခဲ့ပြီး ဂူသွင်းသဂြိုဟ်ခဲ့ကြောင်း သိရသည်။
▪️ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယကကြီးဦးတင်ဦး၏ ဈာပနအခမ်းအနားသို့ တရုတ်သံရုံးအပါအဝင် သံရုံးအသီးသီးမှ လွမ်းသူ့ပန်းခြင်းများ ပေးပို့ကြကြောင်းနှင့် နစကအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့လည်း တက်ရောက်ကြသလို ယခင်သမ္မတဟောင်း ဦးဝင်းမြင့်၏ အမျိုးသမီး ဒေါ်ချိုချိုနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက မိတ်ဆွေများလည်းတက်ရောက်ခဲ့ကြသည် ဟုဆိုသည်။
▪️ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကကြီး ဦးတင်ဦးသည်ကျန်းမာရေးချို့ယွင်းလာသဖြင့် ရန်ကုန်ဆေးရုံကြီး၌ကုသမှုခံယူခဲ့ပြီး ဇွန်လ ၁ရက်နေ့ မနက် ၈နာရီ ၄၅ မိနစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
▪️ ကွယ်လွန်ချိန်တွင် အသက် ၉၈နှစ်ရှိပြီဖြစ်ကာ အထူးကြပ်မတ်ကုသဆောင်တွင် ဆေး ကုသခံယူရင်း ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှသိရသည်။


#tthl #Yangon_Times
Page 683 of 2274