လမ်းလျှောက်သင်္ကြန်မှာ လမ်းတစ်လျှောက်ရေမှုန် ရေမွှားလျှောက်လမ်း၊ ရေကစားမဏ္ဍပ်တွေ၊ ဂီတအနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးမဏ္ဍပ်တို့နဲ့အတူ စားသောက်ဆိုင်ခန်းပေါင်း (၁၅၀)ပါ ထည့်သွင်းဆောင်ရွက်သွားဖို့ရှိတယ်။
#Local_News
Published 28 March 2024
#ရန်ကုန်လမ်းလျှောက်သင်္ကြန် #ဖျော်ဖြေရေးမဏ္ဍပ်
#tthl #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်မှာတည်ရှိတဲ့ ဆယ်အိမ်တန်းကမ်းခြေကို ယခုနွေရာသီ ကျောင်းပိတ်ရက်မှာ လာရောက်လည်ပတ် အပန်းဖြေသူများလာပါတယ်။ ပြည်တွင်း ခရီးသွားအေဂျင်စီတွေရဲ့အစီအစဉ်တွေနဲ့ လာရောက်လည်ပတ်အပန်းဖြေကျသလို ကိုယ့်အစီအစဉ်ဖြင့် ကိုယ်လာရောက်လာလည်ပတ်သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
#Local_News
Published 28 March 2024
#ချောင်းသာကမ်းခြေ #ရေဆော့ကစားနိုင်
#YMG/LW #Yangon_Times
ပုဂံဒေသထွက် အဝတ်အထည်ပုဂံချည်သားထည်တွေ၊ ထန်းလျက်၊ ဇီးဖျော်ရည်၊ ပုန်းရည်၊ ပြည်တွင်းခရီးသွားတည်းခိုခန်းတွေ လည်ပတ်စရာ E-bike ဘက်ထရီဆိုင်ကယ်ငှားရမ်းတဲ့ လုပ်ငန်းတွေဖြစ်ထွန်းနေတယ်။
#Local_News
Published 28 March 2024
#ဒေသထွက်ကုန်များရောင်းအားတက် #E-bikeအငှားလုပ်ငန်းဖြစ်ထွန်း
#tthl #Yangon_Times
#Local_News
Published_ 28 March 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သီးခြားစီ လာရောက်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သိရှိရပါတယ်။
#YMG_News #Yangon_Times #Yangon_Media_Group
#Local_News
Published 28 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ၁၈ / ၁၉ ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်း တွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မတ်လ (၂၈) ရက် နံနက် (၆)နာရီ (၅၅)မိနစ်အချိန်က အဆိုပါ နေရာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရLevel 1 ယာဉ်အုပ်စုများဖြင့် မီးသတ်တပ်ဖွဲ့ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၇)နာရီ (၇)မိနစ် အချိန်မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်သည့်ဖြစ်စဉ်နှင့်ဆုံးရှုံးမှုတန်ဖိုးက သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #ကနောင်မင်းသားကြီးလမ်း #မီးလောင်မှုဖြစ်ပွား #YGM/LW #Yangon_Times
#Local_News
Published_28 March 2024
ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ကနိုင်ငံငယ်တွေအပေါ်ကြားဝင်စွက်ဖက်ခြင်းမှာခေတ်သစ် ကိုလိုနီပြုခြင်းတစ် မျိုးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသ ရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က (၇၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနား တွင် ပြောကြားသည့် မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။
“ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ဟာ နိုင်ငံငယ်တွေအပေါ်မှာ ၎င်းတို့အလိုကျလိုက်ပါလုပ်ဆောင်လာစေရေးအ တွက် နည်းလမ်းမျိုးစုံနဲ့ ကြားဝင်စွက်ဖက်မှုများ ပြုလုပ်လျက်ရှိတယ်။ ဒါဟာ ခေတ်သစ် ကိုလိုနီပြုခြင်းတစ် မျိုးဖြစ်တယ်ဆိုတာ သတိထားနိုင်ဖို့လိုတယ်။ တို့နိုင်ငံဟာ ပထဝီအနေအထားအရ အရေးပါတဲ့နေရာမှာ တည်ရှိ နေတာကြောင့် ခေတ်သစ်ကိုလိုနီဝါဒအရ ၎င်းတို့ရဲ့အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မယ့် အစိုးရနဲ့ အဖွဲ့ အစည်းတွေကို ပုံသဏ္ဌာန် မျိုးစုံနဲ့ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်လျက်ရှိတာ ပကတိဖြစ်ရပ်များက ပြနေသလို ၎င်းတို့ရဲ့အလိုကို လိုက်လျောခြင်းမရှိဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို ရှေးရှုကာကွယ်နေတဲ့ အဖွဲ့အစည်းတွေကို စည်းလုံးမှုပျက်ပြားပြီး အင်အားချည့်နဲ့အောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိတယ်” ဟု ယင်းကပြောကြားခဲ့သည်။
ယင်းကြောင့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြရသော တပ်မတော်သား ရဲဘော်များအနေဖြင့် အချင်းချင်းစည်းလုံးညီညွတ်ရန်လိုပြီး တပ်ဖွဲ့အချင်းချင်း ကြား တွင်လည်း စည်းလုံးညီ ညွတ်နေရန် လိုကြောင်း မိန့်ခွန်းအတွင်း ထည့်သွင်းမှာကြားခဲ့သည်။
တပ်ရင်းတပ်ဖွဲ့အသီးသီးရှိခေါင်းဆောင်များအနေဖြင့်လည်း ကျစ်လျစ်ခိုင်မာသော တပ်တွင်းစည်းလုံး ညီညွတ် ရေးကို တည်ဆောက်ကြမှသာ ပေးအပ်လာမည့် အမိန့်နှင့်တာဝန်များကို ကျေပွန်စွာထမ်း ဆောင်နိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။




#Local_News #ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ #ကိုလိုနီပြုခြင်းတစ်မျိုးဖြစ် #Yangon_Times/PP
၂၇ မတ် ၂၀၂၄
နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၂၇ ရက် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် သူရဲကောင်းဗိမာန်(နေပြည်တော်)တွင် သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခြင်းချ အလေးပြုခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်း၊ညှိနှိုင်းကွပ်ကွဲရေးမှူး၊ ကာကွယ်ရေးဦီးစီးချုပ်(ရေ)၊ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊အငြိမ်းစားတပ်မတော် အရာရှိကြီးများတက်ရောက်ခဲ့ကြပါတယ်။
အဲဒီနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများသည် သူရဲကောင်း ဗိမာန် (နေပြည်တော်) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရှိရပါတယ်။


Page 680 of 2166