ပြောင်းလဲလာတဲ့ ရာသီဥတုအပေါ် တောင်သူတွေအနေနဲ့ လိုက်လျောညီထွေစွာ စိုက်ပျိုးနိုင်ဖို့အတွက် ရာသီဥတုနှင့်လိုက်လျောညီထွေ စိုက်ပျိုးနည်းစနစ်သင်တန်းတွေကို ယခုမေလမှာ မျှဝေသင်ကြားပေးမယ်လို့ ပေါင်းစုလုပ်အားကူညီပေးရေးအဖွဲ့ထံ က သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို မီးမပူဇော်တော့ဘဲ အများပြည်သူဖူးမြော်နိုင်အောင် ဆရာတော်ကြီးသီတင်းသုံးခဲ့တဲ့စစ်ကိုင်း၊ ကန့်ဘလူးရှိ ဉေယျဓမ်တောရစံကျောင်းမှာပဲ အပူဇော်ခံထားရှိထားတယ်။
Yangon_Times/tthl
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
နယ်စပ်လမ်းကြောင်းအခြေအနေတွေကြောင့် အခုနှစ်ရာသီချိန်မှာ ပြည်တွင်း ဈေးကွက်ကိုသာ အဓိကအားထားရောင်းချနေရတဲ့ စိန်တစ်လုံးသရက်ဈေးနှုန်းတွေ ကျဆင်းလာတယ်လို့ သရက်ခြံလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရေသန့်ဗူးဈေးနှုန်းတွေဟာ မီးမမှန်လို့ မီးစက်နဲ့တင်ရတာက တစ်ကြောင်း၊ ရေသန့်ဗူးခွံအလွတ် ဈေးအနည်းငယ်တက်လာတာက တစ်ကြောင်းကြောင့် မြို့နယ်အလိုက် မူလဈေးထက် ကျပ်၁၀၀၊ ၂၀၀လောက် အခုရက်ပိုင်းတွေမှာ တက်လာတယ်။
Yangon_Times/tthl
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နဲ့ ပြည်သူ့ ရင်ပြင်ပန်းခြံကြားရှိ မြေအောက်လမ်းကူး လူသွားဥမင် (Underpass) တည်ဆောက်မှုဟာ ၆၀ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 2 May 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြင်းမွှေးကျေးရွာ၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦးေ-သဆုံးကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့ထံက သိရသည်။
မေလ ၂ရက် နံနက် ၈နာရီ ၂၀မိနစ် အချိန် ခန့်က ဖြစ်ပွားခဲ့ကာ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ် (၁) စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦး၊ အမျိုးသမီး (၂)ဦးအနက် အမျိုးသား(၁) ဦး(သေဆုံး)ခဲ့ကာ အိုးဘိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် ကုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီး(စစ်ကိုင်း)သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group


Page 675 of 2209