၄ မတ် ၂၀၂၄
မြန်မာနိုင်ငံ၏ နယ်နိမိတ်နှင့် အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲနေမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့တွင်ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ရှင်းလင်းပြောကြားရာမှာ ယင်းအချက်ကိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အနှစ်ချုပ်မှာ
၁။နိုင်ငံတော်၏နယ်နိမိတ်နှင့်အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲနေမှာဖြစ်
၂။ဒေသခံပြည်သူလူထုစီးပွားဘဝတည်ငြိမ်ရေးကိုရှေးရှပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပဋိပက္ခလျှော့ချရေးလမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နေ
၃။နယ်စပ်ဒေသတည်ငြိမ်ရေး တရားဥပဓေစိုမိုးရေးနှင့် နယ်စပ်ဂိတ်များစီမံခန့်ခွဲမှု ကုန်သွယ်မှုတို့ နှစ်နိုင်ငံအစိုးရများရဲ့စီမံခန့်ခွဲမှုအောက်မှာပဲရှိမှာဖြစ်
၄။တရုတ်-မြန်မာနှစ်နိုင်ငံလုံးနှင့်သက်ဆိုင်တဲ့ အကျိုးစီးပွားများကို မြန်မာအစိုးရအနေနှင့် ဆက်လက် အလေးထားကာကွယ်မည်
၅။နယ်စပ်တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ မူးယစ်ဆေးဝါး ဆိုက်ဘာမှုခင်း နှစ်နိုင်ငံအစိုးရပူးပေါင်း ပြတ်ပြတ်သားသားနှိမ်နှင်းသွားမည်
၆။မြန်မာနိုင်ငံ၏ပိုင်နယ်နယ်မြေကိုအသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကိုထိခိုက်အောင် လုပ်ဆောင်သည့် မည်သည့်လုပ်ဆာင်မှုကိုမှ မြန်မာနိုင်ငံကလက်မခံ
၇။ငြိမ်းချမ်းရေးဆွေးနွေးမှုကိုဖြစ်မြောက်အာင် လုပ်ဆောင်ပေးသည့် တရုတ်နိုင်ငံအစိုးရနှင့်သက်ဆိုင် သူအားလုံးကို နစက ကျေးဇူးတင်ကြောင်း ဟူ၍ဖြစ်ပါတယ်။
အသေးစိတ်ကို ဖော်ပြပါရုပ်သံတွင်ကြည့်ရှုနိုင်ကြပါတယ်။
@ymg/knl
#Daily_News
Published_ 4 March 2024
၁။ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဝင်ဖြေမည့်သူများ စာမေးပွဲကျရှုံးမည့်သူမရှိ၍ မစိုးရိမ်ကြရန်ပြော
၂။ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ငွေညှစ်မှုများရှိပါက ဆက်သွယ်အကူညီတောင်းနိုင်ဟု ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးပြော
၃။ မန်းရွှေစက်တော်ဘုရားဖူးများ သင်္ကြန်ကာလမှာ mini water park များဖြင့် မန်းချောင်းအတွင်းအပန်းဖြေနိုင်ပြီ
၄။ တရုတ်နှင့်ထိုင်းနိုင်ငံတို့ကြားအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်စတင်အသက်ဝင်ကာ ဧည့်ခရီးသွားအရေအတွက်သိသိသာသာများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Lcoal_News
Published 4 March 2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၄၈) လမ်း၊ မနော်ဟရီလမ်းရှိ စက်သုံးဆီဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်ဒေသခံ ပရဟိတ အသင်းထံက သိရသည်။
မတ်လ ၄ရက် ညနေ ၃နာရီ ၅၈ မိနစ် ခန့်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၄နာရီ ၅မိနစ် ခန့် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ဆီဆိုင် အတွင်း အိမ်စီး ကားအပါအဝင် အခြား ပျက်စီးဆုံးရှုံးမှု အချို့ရှိခဲ့ပြီး မီးလောင်ကျွမ်းသည့် ဖြစ်စဉ်နှင့်ဆုံးရှုံးသည့်တန်ဖိုး ကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Lcoal_News #မန္တလေး ချမ်းမြေ့သာစည် #စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times
#Local_News
Published-4 March 2024
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်အတွင်း၌ ရေဂါလန် (၂) သိန်းဆံ့ မြေအောက် ရေလှောင်ကန်တည်ဆောက်လျှက်ရှိရာလက်ရှိတွင် ၉၀ရာခိုင်နှုန်းအထိပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
အဆိုပါ ရေဂါလန် (၂) သိန်းဆံ့ မြေအောက်ရေ လှောင်ကန်သည် အလျား ၈၀ ပေ၊ အနံ ၄၀ ပေ၊ အနက် ၁၁ ပေရှိ၍ ရေတွန်းစက်ရုံသည် အလျား ၄၀ ပေ၊ အနံ ၁၈ ပေရှိပြီး 30 HP (22kW) စက် (၄) လုံးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ရေလှောင်ကန်အတွင်းသို့ မြေအောက်ရေကို သွယ်တန်းရယူ၍ ဖြည့်သွင်းသိုလှောင်သွားမည်ဖြစ်ပြီး ယင်းမြေအောက်ရေလှောင်ကန်ကို အများပြည်သူ ပွဲလမ်းသဘင် အခမ်းအနားများတွင် အသုံးပြုနိုင်မည့်အပြင် အရန်ရေအတွက်ပါ စုဆောင်းထားနိုင်ဖို့အတွက် တည်ဆောက်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #ရေဂါလန်(၂) သိန်းဆံ့ #၉၀ရာခိုင်နှုန်းအထိပြီးစီး #YMG/NN #Yangon-Times
#Local_News
Published 4 March 2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မြို့မ(၂)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
မတ်လ ၄ရက် မနက် ၁၁နာရီ ၂၀မိနစ်ခန့်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁နာရီ ၄၀မိနစ် အချိန်တွင်မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့်နေအိမ်အချို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်သည့်အကြောင်းရာနှင့်ဆုံးရှုံးမှု တန်ဖိုး ကိုသက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #မြို့မ၂ရပ်ကွက် #မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times
မလေးရှား အစိုးရ အနေဖြင့် မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြည်ဝင်ခွင့် လာမယ့် မေလ ၃၁ရက်အထိသာ လက်ခံတော့မယ်လို့ ကြေညာလိုက်ပြီး အလုပ်သွားရောက်လုပ်မယ့် လုပ်သားတွေရဲ့ Calling Visa ဗီဇာလျှောက်ထားမှုကိုလည်း ယခုမတ်လ ၃၁မှာ စတင်ပိတ်မှာဖြစ်ပါတယ်။ Calling visa ကျထားတဲ့ သူတွေအနေနဲ့ မေလ ၃၁ရက်အမှီ မလေးရှားသို့ ဝင်ရောက်ရမှာဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက လက်ခံတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
#Local_News
Published_ 4 March 2024
#Calling visa #နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား
#YMG/LW #Yangon_Times
တက္ကသိုလ်ဝင်စာမေးပွဲခန်းမှာNon- programmable scientific calculator အမျိုးအစားတွေသုံးနိုင်ပြီး Programmable Calculator ဖြစ်ရင် တော့အသုံးပြုခွင့်ပေးမှာ မဟုတ်ဘဲ သိမ်းဆည်းမှာဖြစ်တယ်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
#Local_News
Published_ 4 March 2024
#တက္ကသိုလ်ဝင်စာမေးပွဲ #Calculatorအမျိုးအစား
#tthl #Yangon_Times
Page 674 of 2118