#Daily_News
Published_08 June 2024
၁။ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန်(၁၁) ရက်နေ့ထွက်မည်၊ အင်တာနက်မရသောဒေသများကို ရေဒီယိုမှအောင်စာရင်းလွှင့်ပေးမည်
၂။ မြန်မာ့ပဲစင်းငုံ CNF ဈေးနှုန်းမြင့်လာခြင်းနှင့် ဈေးကွက်ယှဥ်ပြိုင်ရခြင်းကြောင့် ဈေးနှုန်းကျဆင်းနိုင်
၃။ စိုက်ပျိုးရေးလုပ်သားရှားပါးလာသည့်အတွက် ယခုနှစ်စိုက်ပျိုးရာသီတွင် လုပ်အားခ ယခင်ထက်သုံးဆခန့်တိုးပေးကာခေါ်ယူနေရဟုဆို
၄။ တရုတ်ပြည်မှချန်ဂယ်-၆အာကာသယာဥ်ဖြင့် လကမ္ဘာပေါ်မှနမူနာအရာဝတ္ထုများကို စုဆောင်းကာအဆင့်(၄)ဆင့်ဖြတ်သန်းပြီး ကမ္ဘာမြေပေါ်သို့ ပြန်လည်သယ်ဆောင်လာမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
မုတ်သုံလေဖိအားနည်းမြောင်တန်း ဇွန် (၁၀)ရက်ခန့်မှာဖြတ်နိုင်တဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေနဲ့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီစတဲ့မြစ်ဝကျွန်းပေါ်ဒေသတွေမှာတော့ မိုးပိုများနိုင်တယ်။
(မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးလှထွန်း)
#Local_News
Published_08 June 2024
#မုတ်သုံလေဖိအားနည်းမြောင်တန်း #ရန်ကုန်နှင့်ဒေသအချို့မိုးများ
#tthl #Yangon_Times
စိုက်ပျိုးရေးလုပ်သားရှားပါးလာတဲ့အတွက် ယခုနှစ်စိုက်ပျိုးရာသီမှာ ယခင်ကထက် လုပ်အားခသုံးဆခန့်တိုးမြှင့်ပေး ခေါ်ယူနေရတယ် လို့ မကွေးတိုင်းဒေသကြီးရှိ တောင်သူတွေထံက သိရပါတယ်။
#Local_News
Published_08 June 2024
#လုပ်အားခသုံးဆခန့်တိုးမြှင့် #စိုက်ပျိုးရေးလုပ်သားရှားပါး
#YMG/LW #Yangon_Times
အိန္ဒိယကို တင်ပို့တဲ့ မြန်မာ့ပဲစင်းငုံ CNF ဈေးနှုန်းမြင့်လာတာနဲ့ ဈေးကွက်ယှဥ်ပြိုင်ရတာတွေကြောင့် ဈေးနှုန်းကျဆင်းနိုင်ပြီး ဈေးကွက်အတွင်းမှာလည်းပဲ မေလအကုန်မှာ တစ်တန်ကိုကျပ် ၄၅ သိန်း ၅ သောင်းအထိဈေးမြင့်တက်ခဲ့ရာက အခုဇွန်လပထမပတ်အတွင်းတွင် ကျပ် ၄၄ သိန်းနဲ့ ၄၄ သိန်း ၅ သောင်းကြားမှာ အတက်အကျဖြစ်ပေါ်နေတယ်လို့ ပဲဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published_08 June 2024
#မြန်မာ့ပဲစင်းငုံ #ဈေးနှုန်းကျဆင်း
#YMG NN #Yangon_Times
တက္ကသိုလ်ဝင်အောင်စာရင်းတွေကို ဇွန်(၁၁)ရက်မှာ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းတွေမှာ တစ်ချိန်တည်းကပ်ထားမှာဖြစ်သလို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www. myanmarexam.org မှာ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်အောင် စီစဉ်ထားပါတယ်။ အင်တာနက်မရသော ဝေးလံဒေသများကိုရေဒီယိုမှလွှင့်ပေးမယ်။
#Local_News
Published_08 June 2024
#တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း #အခမဲ့ကြည့်ရူနိုင်
#tthl #Yangon_Time
#Local_News
Published_08 June 2024
▪️ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီးသို့ မေလတစ်လတာအတွင်း ပြည်ပမှ ဘုရားဖူးဧည့်သည် ငါးထောင်ကျော်လာရောက်ဖူးမြော်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
▪️ ထိုသို့ လာရောက်ဖူးမျှော်ရာတွင်နိုင်ငံခြားခရီးသွားဧည့်သည်လာရောက်မှုမှာ တစ်ရက်လျှင် လူဦးရေ ၁၅ဝ ဝန်းကျင်ရှိပြီး မေလတစ်လတာအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၅,၂၉၁ ဦးလာရောက်ဖူးမြော်ကြောင်း သိရသည်။
▪️ အဆိုပါ ခရီးသွားဧည့်သည်များမှာ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံသားများ အများဆုံးလာရောက်ကြပြီး အမေရိက၊ ဥရောပနှင့် အာဖရိကတိုက်သားများလည်း လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။
▪️ ရွှေတိဂုံစေတီတော်ကြီးသို့ ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဘုရားဖူးမြော်ချိန်ကို တိုးမြှင့်ဖွင့်လှစ်ပေးထားရာ ပြည်တွင်းဘုရားဖူးဧည့်သည်များလည်း လာရောက်ဖူးမြော်မှုများပြားနေကြောင်း သိရသည်။
▪️ ပြည်တွင်းဘုရားဖူးများမှာ မေလအတွင်း၌ သံဃာတော် ၇,၉၀၉ ပါး၊ သီလရှင် ၄၇,၈၆ ပါး၊ အမျိုးသား ၂၅၈,၉၇၁ ဦး၊ အမျိုးသမီး ၂၉၉,၃၈၉ ဦး လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။
▪️ ရွှေတိဂုံစေတီတော်သို့ ပုံမှန်ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် ဘုရားဖူးဦးရေ ၂ဝ,ဝဝဝ ဝန်းကျင်လာရောက်ပြီး စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီးများတွင် ဘုရားဖူးလာရောက်ဖူးမြော်မှု ပိုမိုများပြားလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon-Times
#Local_News
Published 8 June 2024
▪️ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာအနီး ဖျာပုံ-ဒေးဒရဲကားလမ်း၊ မိုင်တိုင်အမှတ်(၉/၀)တွင် TOYOTA Axio(အဖြူရောင်)တစ်စီးတိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးေ-သဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
▪️ ဇွန်လ ၇ရက် ည ၁၁နာရီခွဲခန့်က ဖြစ်ပွားခဲ့ကာ ရှမ်းရွာကျေးရွာအနီး ဖျာပုံ-ဒေးဒရဲကားလမ်း၊ မိုင်တိုင်အမှတ်(၉/၀)တွင် TOYOTA Axio(အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲသို ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၅)ဦးအနက် အမျိုးသား (၁)ဦးသေဆုံးခဲ့ကာ အမျိုးသား(၄)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။
▪️ ယာဉ်တိမ်းမှောက်သည့်နေရာသို့ ဒေးဒရဲမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လာရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကာ ထိခိုက်ဒဏ်ရာရရသူများကို လူသားချင်းလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဒေးဒရဲမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
Page 677 of 2274