#Local_News
Published 19 January 2024
မန္တလေး၌ ယမန်နေ့က ပျောက်ဆုံးခဲ့သည့် ကားစင်းလုံးအငှားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူကို ယနေ့နေ့လည်ပိုင်း၌ မြောင်းထဲတွင်းေ-ဆုံးလျှက်ပြန်လည်တွေ့ရှိ ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာဇန်နဝါရီ ၁၈ ရက် နေ့လယ် ၁ နာရီခန့်တွင် ကားစင်းလုံးငှားဝန်ဆောင်မှုပေးသည့် ကိုဆန်းမျိုးမြင့်သည် မန္တလေးမှ ၇ မိုင်ကမ်းခြေသို့ ကားအငှားရရှိခဲ့ရာ လိုက်သွားပြီး ပြန်မလာ သောကြောင့် မိသားစုမှ လိုက်လံရှာဖွေခဲ့ရာ အုန်းချောတိုးရ်ဂိတ် CCTV မှတ်တမ်းအရ ကိုဆန်းမျိုးမြင့်ဟာ နေ့လယ် ၁ နာရီဝန်းကျင်တွင် ကိုယ်တိုင်မောင်းနှင်ဖြတ်သန်းသွားပြီး ညနေ ၅ နာရီဝန်းကျင် ကားပြန်မောင်းလာချိန်တွင်မူ မောင်းနှင်သူများမှာ အခြားသူများ ဖြစ်သွားပြီး ကိုဆန်းမျိုးမြင့်ပြန်ပါမလာသောကြောင့် မိသားစုက တာဝန်ရှိသူတွေထံ တိုင်ကြားအကူအညီတောင်းခံပြီး လိုက်လံရှာဖွေရှာခဲ့ကြောင်း သိရသည်။
'cctv မှတ်တမ်းအရ အုန်းချော toll gate ကို နေ့လည် ၁နာရီဝန်းကျင်လောက်မှာဖြတ်ပါတယ်၊သူကိုယ်တိုင်မောင်းသွားတာပါ၊ ညနေ ၅ နာရီဝန်းကျင်မှာကားကပြန်ဖြတ်လာပါတယ်။ မောင်းတဲ့သူက အခြားသူဖြစ်သွားပါတယ်၊ သူပြန်ပါမလာတော့ပါဘူး၊ ဒီနေ့မှာ ကားတော့မတွေ့သေးဘူး၊ လူတော့ dead bodyတွေ့ပါပြီ၊ ၁၇မိုင်မြောင်းထဲက ပြန်ရတာပါ၊ 9P/4526 ကားကိုတော့ လုသွားတယ်'ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
လတ်တလောတွင် ကိုဆန်းမျိုးမြင့်၏အလောင်း ကိုပြန်လည်ရှာဖေတွေ့ရှိသေယ်လည်းေ-ဆုံးသူ၏ ဆူဇူကီးအာတီဂါ 9P/4526 ယာဉ်မှာ ပျောက်ဆုံးနေဆဲဖြစ်ကာ တရားခံများမှာလည်း လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
#Local_News #ကားစင်းလုံးအငှားဝန်ဆောင်မှုလုပ်ကိုင်သူ #YMG/ NN #Yangon_Times
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နဲ့ တာချီလိတ်မြို့တို့ ဖြတ်သန်းသွားလာနိုင်တဲ့ တာလေတံတားဟာ အက်ကြောင်းများ ပေါ်လာတဲ့အတွက် ဇန်န၀ါရီ ၁၈ နေ့လည်ပိုင်းကစပြီး
ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
#Local_News
Published_ 19 January 2024
#ရှမ်းပြည်နယ်အရှေ့ပိုင်း #တာလေတံတားဟာအက်
#YMG/LW #Yangon_Times
‘‘စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်မြောက်ပိုင်း၊ ချင်းနှင့်ရခိုင်တို့မှာ နေရာကွက်ကျားမိုးအနည်း ငယ်ထစ်ချုန်းရွာနိုင်တယ်။ စစ်ကိုင်း၊ ကချင်၊ ချင်းနှင့်ရှမ်းတို့မှာ ညအပူချိန်တွေ ဆက်ကျဖို့ရှိတယ်”
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#Local_News
Published_ 19 January 2024
#မိုးထစ်ချုန်းရွာနိုင် #စစ်ကိုင်း၊ ကချင်၊ ချင်းနှင့်ရှမ်း
#tthl #Yangon_Times
'လက်ရှိက တရုတ်ကကမ်းလှမ်းတာလည်းရှိတယ်၊ ယိုးဒယားလည်းရှိတယ်၊ ဂျပန်လည်းရှိတယ်၊ ပို့နိုင်တာကတော့ဂျပန်ပဲပို့နိုင်တယ်၊ ဈေးကွက်ကတော့ရှိတယ်၊ ဒီနှစ်သိပ်မပို့နိုင်ဘူး၊ ကုန်ကြမ်းမရှိတာပေါ့နော်'
#Local_News
Published_ 19 January 2024
#မြန်မာ့မျှစ်ခြောက် #ဂျပန်သို့သာတင်ပို့နေ
#YMG/LW #Yangon_Times
#Local_News
Published_ 19 January 2024
မြန်မာ့ပြောင်းဈေးကွက်ပျောက်နေသည့် ဂျပန်အပါအဝင် ၈ နိုင်ငံသို့ မြန်မာ့ပြောင်းတင်ပို့နိုင်ရေး ချိတ်ဆက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လတ်တလောတွင် တင်ပို့မှု ပျောက်ကွယ်နေသည့် ပြည်ပဈေးကွက်များမှာ ဂျပန်၊ ယူအေအီး၊ မလေးရှား၊ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ဈေးကွက်များဖြစ်ကြောင်း သိရသည်။
အဆိုပါနိုင်ငံများသို့ ယခင်က မြန်မာ့ပြောင်းဆံ တင်ပို့မှုရှိခဲ့ရာ လက်ရှိတွင်ပြန်လည်တင်ပို့နိုင်ရေးကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည်နှစ်စဉ် မြန်မာ့ပြောင်းဆံ ဝယ်လိုအားအများဆုံး နိုင်ငံဖြစ်ကာ နှစ်စဉ်ပြောင်းဆံ တန်ချိန် ၂ဒသမ ၆ သန်းအထိ တင်ပို့မှုရှိနေခြင်းဖြစ်ကြောင်း၊ယခုနှစ်အတွင်းမှာလည်း အဓိကဈေးကွက်ဖြစ်သည့် ထိုင်းနိုင်ငံအပါအဝင် ပြောင်းဝယ်လိုအားများပြားသည့် ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံများထံ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
#Local_News #ပြောင်းဈေးကွက်ပျောက်နေ #မြန်မာ့ပြောင်းတင်ပို့နိုင်ရေးချိတ်ဆက် #YMG/ NN #Yangon_Times
ထိုင်းကို လုပ်သားစေလွှတ်နိုင်တဲ့လမ်းကြောင်း တစ်ခုထပ်တိုးလာတဲ့အတွက် ပိုအဆင်ပြေသွားပါတယ်၊ လေကြောင်းကနေစေလွှတ်နိုင်တဲ့အတွက် အလုပ်သမားတွေအတွက် ဘေးကင်းလုံခြုံပြီး အချိန်ကုန်လည်းသက်သာစေပါတယ်။
#Local_News
Published_ 19 January 2024
#မြန်မာMoUအလုပ်သမား #ရန်ကုန်-ဒွန်မောင်းလေဆိပ်
#YMG/LW #Yangon_Times
#Local_News
Published-19 January 2024
သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန် နိုင်ငံခြားငွေဈေးကွက်သို့ ထိုင်းဘတ် သန်း ၅၀ ယနေ့ ရောင်းချပေးခဲ့ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
ပြည်တွင်း၌အသုံးပြုနေသည့် လူသုံးကုန်ပစ္စည်းများကို ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရာတွင် မြန်မာငွေကျပ်နှင့် ထိုင်းငွေဘတ်တို့ကို တိုက်ရိုက်ပေးချေနိုင်အောင် ဆောင်ရွက်ထားခြင်းဖြစ်သည်။
ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်တွင် ထိုင်းဘတ်ငွေဈေးနှုန်းသည် ဇန်နဝါရီ ၅ ရက်မှစတင်၍ တစ်ဘတ်လျှင် ၁၀၀ ကျပ်အောက် ကျဆင်းခဲ့ပြီး ပြီးခဲ့သည့်အပတ်မှစတင်၍ တစ်ဘတ်လျှင် ၉၉ ဒသမ ၅၀ ကျပ်၌ ငြိမ်လျှက်ရှိသည်။
ထို့အပြင် ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဇန်နဝါရီ ၂ ရက်တွင် ပထမအကြိမ် ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း ရောင်းပေးထားကာ ယနေ့တွင် ဒေါ်လာ ၁၅ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ကာယနေ့ တွင် သုံးကြိမ်မြောက်အဖြစ်ရောင်းချပေးခြင်းဖြစ်ပြီး သုံးကြိမ်အတွင်း စုစုပေါင်းဒေါ်လာ ၄၃ ဒသမ ၉၃ သန်း ရောင်းချပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို ဒီဇင်ဘာ ၁၈ ရက်တွင် ပထမဆုံးအကြိမ် ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ထပ်မံရောင်းချပေးခဲ့၍ ရောင်းချပေးခဲ့သည့် နှစ်ကြိမ်အတွင်း စုစုပေါင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းအထိ ရောင်းချပေးထားပြီးလည်းဖြစ်ကြောင်း သိရသည်။
#Local_News #နိုင်ငံခြားငွေဈေးကွက် #ထိုင်းဘတ်သန်း၅၀ #ဗဟိုဘဏ်ယနေ့ထုတ်ရောင်း #YMG/ NN #Yangon_Times
Page 679 of 2042