မီးလာရမယ့်အချိန်တွေ ပုံမှန်မလာတော့တဲ့အတွက် ထမင်း၊ ဟင်းမကျက်တော့သလို ရေတင်ဖို့လည်း အခက်အခဲတွေကြုံနေရတယ်။ မီးမလာလို့ပန်ကာ၊ အဲကွန်းမရဘဲ ညဘက်အိပ်ရေးမဝတာ ဆက်တိုက်ဖြစ်လာတယ်။
#Local_News
Published_ 29 April 2024
#အများပြည်သူအခက်တွေ့နေ #လျှပ်စစ်မီးရရှိမှု
#tthl #Yangon_Times
#Local_News
Published 29 April 2924
▪️ ထိုင်းနိုင်ငံသို့ MOU မြန်မာအလုပ်သမား ၂၄၆ဦးကို ယနေ့ဧပြီ ၂၉ရက် မနက်ပိုင်းက ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့လေကြောင်းဖြင့် စတင်စေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
▪️ ယခင်ကထိုင်းနိုင်ငံသို့ MOU အလုပ်သမားများကို မြဝတီ-မဲဆောက်နှင့်ကော့သောင်း-ရနောင်းတို့ မှ ကားဖြင့်သာစေလွှတ်ခဲ့ကာ ယခုမှစတင်ပြီး လေကြောင်းဖြင့် ပထမ ဆုံးစေလွတ်ခြင်းဖြစ်သည်။
▪️ အဆိုပါ စေလွှတ်မှုတွင် လိုင်စင်ရ အေဂျင်စီ ၇ ခု မှ အမျိုးသားအလုပ်သမား ၁၁၆ဦး ၊အမျိုးသမီး အလုပ်သမား ၁၃၀ဦးတို့ကို MAIနှင့် Air Asia လေကြောင်းလိုင်းတို့ဖြင့် စေလွှတ်ခဲ့ကြောင်း သိရသည်။
▪️ ယင်းအလုပ်သမားများကို ဒွန်မောင်းလေဆိပ်တွင် မြန်မာအလုပ်သမား သံရုံး မှ တာဝန်ရှိသူများ၊ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်က တာဝန်ရှိသူများ၊ထိုင်းအလုပ်အကိုင်ဌာန DOE မှ တာဝန်ရှိသူများနှင့်ထိုင်းနိုင်ငံ ဘတ်ငါးသန်းအေဂျင်စီ ၊မြန်မာအေဂျင်စီတို့ မှ လေဆိပ်တွင် လာရောက်ကြိုဆိုပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အလုပ်သမားများကို ဆေးစစ်မှုဆောင်ရွက်ခြင်း၊ ဗီဇာဆောင်ရွက်ခြင်း၊ work permit ဆောင်ရွင်ခြင်းနှင့် လုပ်ငန်းခွင်အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်ကို သွားရောက်ရန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်၏ အခန်းပေါင်း ၇၆၈ ခန်းအတွက် မီတာတွေကို အခန်းတွေမှာလာမယ့် မေလအတွင်းတပ်ဆင်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)က သိရပါတယ်။
#Local_News
Published_ 29 April 2024
#သုခဒဂုံပြည်သူ့အငှားအိမ်ရာ #မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
#YMG/NN #Yangon-Times
ဂျပန်စာသင်တန်းကျောင်းတွေ အပိတ်မခံရအောင်မှတ်ပုံတင်ထားဖို့လိုတယ်။ ချယ်ရီပင်ကဲ့သို့ ဂျပန်လူမျိုးတွေ တန်ဖိုးထားရတဲ့အရာတွေ ဆွတ်ခူးမိတာမျိုးတွေမဖြစ်အောင် ဂျပန်ယဉ်ကျေးမှုတွေ ပါသင်ပေးထားသင့်တယ်။
#Local_News
Published_ 29 April 2024
#ဂျပန်ယဉ်ကျေးမှုပါသင်ပေးသင့် #ဂျပန်စာသင်တန်းကျောင်းများမှတ်ပုံတင်ရန်
#tthl #Yangon_Times
ကြံကြိတ်ခွဲရာသီဖြစ်ပေမယ့်လည်း ပြည်တွင်းကထွက်ရှိတဲ့သကြားတွေ ဝယ်လိုအားများနေတာကြောင့် သကြားဈေး မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံကြံနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း သိရပါတယ်။
#Local_News
Published_ 29 April 2024
#သကြားဈေးမြင့်တက်လာ #ကြံနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း
#YMG/NN #Yangon_Times
လာမယ့် မေလ ၂ရက်ကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာ နိုင်ငံကူးလက်မှတ် (passport)အသစ်လျှောက်ခြင်း၊ သက်တမ်းတိုးခြင်း ပျောက်ဆုံးပျက်စီးစတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့အတွက် လူကိုယ်တိုင်ရက်ချိန်း လာမယူရတော့ဘဲ Online Appointment System စနစ်ဖြင့် ကြိုတင်ရက်ချိန်း ရယူနိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
#Local_News
Published_ 29 April 2024
#Online_Appointment_System #ရက်ချိန်းစတင်ယူနိုင်ပြီ
#YMG/LW #Yangon_Times
#Local_News
Published_ 29 April 2024
▪️ အလယ်တန်းအောင်၊ အထက်တန်းအောင်မြင်သူ များအတွက်ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှ ပထမဦးဆုံးအကြိမ်အဖြစ်ကိုရီးယား ဘာသာစကားသင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
▪️ အသက်(၁၈)နှစ်နှင့်အသက် ၃၅ နှစ်အောက် အလယ်တန်း အောင်မြင်ထားသူ အမျိုးသားများနှင့်အထက်တန်းအောင်မြင်သူအမျိုးသမီးများ လျှောက်ထားတက်ရောက်နိုင်မည်ဖြစ်သည်။
▪️ သင်တန်းကို(၃၀.၄.၂၀၂၄) မှ (၉.၅.၂၀၂၄) ရက်အထိလျှောက်ထားနိုင်ပြီး(၁၁.၅.၂၀၂၄ ) ရက်နေ့တွင်သင်တန်းစတင် ဖွင့်လှစ်ကာ(၆)လတက် ရောက်ရမည်ဟုဆိုသည်။
▪️ သင်တန်းကာလ ၆ လ၊ သင်တန်းကြေး၃ သိန်းသတ်မှတ်ထားပြီးသင်တန်းအချိန် စနေ၊ တနင်္ဂနွေ ၂ ရက်နေ့လည် ၁ နာရီမှ ၄ နာရီ အထိတက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
▪️ သင်တန်းတက်ရောက်ရန်စိတ်ဝင်စားသူများ နိုင်ငံခြားဘာသာတက္ကသိုလ်၊ သင်တန်းရေးရာဌာနသို့ ဆက်သွယ်ကာ လျှောက်လွှာပုံစံများထုတ်ယူပြီးလျှောက်ထားနိုင်ကြောင်း သိရသည်။
#tthl #Yangon_Times
Page 681 of 2210