#Local_News
Published 4 June 2024
▪️ ယခုဘဏ္ဍာနှစ်နှစ်လနီးပါးကာလအတွင်း ကန်ဒေါ်လာသန်းပေါင်း ၃၅၀ ကျော်တန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် လေးသိန်းကျော်တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထိုသို့တင်ပို့ရာတွင် ပြည်ပနိုင်ငံများသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၂၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှ ၄၀၂,၂၁၅ ဒသမ ၉၃၆ တန်၊ နယ်စပ်ကုန်သွယ်ရေးမှ ၁၃,၆၀၃ ဒသမ ၉၄၃ တန် စုစုပေါင်း ၄၁၅,၈၁၉ ဒသမ ၈၇၉ တန်အထိ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၅၇ ဒသမ ၀၁၄ သန်း ရရှိထားကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့်ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ၁၁၅,၅၂၂ ဒသမ ၆၇၆ တန်၊ နယ်စပ်ကုန်သွယ်ရေးမှ ၁၆,၁၂၉ ဒသမ ၆၉၅ တန် စုစုပေါင်း ၁၃၁,၆၅၂ ဒသမ ၃၇၁ တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၄၅၈ သန်းရရှိခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတွင် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့ကို အဓိကစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ကာ ပဲမျိုးစုံကို တစ်နိုင်ငံလုံး လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်းခန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိ ကြောင်းစီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထို့အပြင် မြန်မာနိုင်ငံစိုက်ပျိုးမြေဧရိယာ၏ ၂ဝ ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံစိုက်ပျိုးနေပြီး ပဲမျိုးစုံစိုက်ပျိုးဧက၏ ၇၂ ရာခိုင် နှုန်းတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့ကို စိုက်ပျိုးပြီး ပဲလွမ်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် တခြားပဲများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 4 June 2024
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၃၄၆/၆/၆)ဖာလုံကြားတွင် Hino Rainbow ယာဉ်သည် လမ်းချော်၍ လမ်းလယ်ကျွန်းပေါ်သို့ လဲကျမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံက သိရသည်။
▪️ ဇွန်လ ၃ရက် ၄နာရီ ၁၅မိနစ် ခန့်က မိတ္ထီလာဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသော၊Hino Rainbow အမျိုးစားယာဉ် မောင်းနှင်လာစဉ် အဆိုပါ မိုင်တိုင်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်တွင် တိမ်းမှောက်ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
▪️ ယာဉ်မတော်တဆမှုကြောင့်၊ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား(၃)ဦးအနက် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါယာဉ်တိုက်မှုကို တံတားဦးမြို့နယ် မီးသတ်စခန်းနှင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
ဇွန်၄ရက် မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ YGEAရဲ့ ရွှေသတ်မှတ်ရည်ညွန်းဈေး ၄၈သိန်းခုနှစ်သောင်းကျော် အထိရှိလာပြီး ရွှေဆိုင်တွေနဲ့ရွှေလုပ်ငန်းရှင်တွေအနေနဲ့ သတ်မှတ်စျေးနှုန်းနဲ့သာ အရောင်းအဝယ်ပြုလုပ်ကြဖို့၊ YGEAက ထပ်မံတိုက်တွန်း လိုက်ပါတယ်။
#Local_News
Published_04 June 2024
#YEGA #သတ်မှတ်စျေးနှုန်း
#NN #Yangon_Times
ဈေးကွက်ထဲကို ငရုတ်သီးစိမ်းကုန်အဝင်နည်းတဲ့အတွက် ယခင်တပတ်ထက်တစ်ပိဿာကို ကျပ် ၂၀၀၀ခန့် ဈေးမြင့်လာတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_04 June 2024
#ငရုတ်သီးစိမ်းကုန်အဝင်နည်း #ငရုပ်သီးစိမ်းဈေးမြင့်
#YMG/LW #Yangon_Times
#Local_News
Published_04 June 2024
▪️ ONE Championship အဖွဲ့အစည်းမှ စီစဉ်ကျင်းပသည့် ONE Friday Fight မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် သွေးသစ်ဝင်းလှိုင် ပါဝင်ယှဉ်ပြိုင်ရန် ဆရာဖြစ်သူ ဝမ်ချိုင်းနှင့်အတူ ထိုင်းနိုင်ငံဘန်ကောက်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြိုင်ပွဲကို ဇွန် ၇ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ပြီး ONE Friday Fights-66 ပြိုင်ပွဲတွင် သွေးသစ်ဝင်းလှိုင် ပွဲစဉ်ပါဝင်ကာ ထိုင်းမွေထိုင်းဖိုက်တာ Khun Suekနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
▪️ ONE Friday Fights-66 ပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း ၁၂ ပွဲ ပါဝင်မည်ဖြစ်ပြီး သွေးသစ်ဝင်းလှိုင်နှင့် ခွန်ဆော့ပွဲကို ပွဲစဉ် (၅) အဖြစ် ကျင်းပမည်ဖြစ်သည်။
▪️ သွေးသစ်ဝင်းလှိုင်သည် ယခုနောက်ပိုင်း မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် ရလဒ်ကောင်းများ ဆက်တိုက်ရယူကာ နာမည်ကောင်းရယူထားသူဖြစ်ပြီး ONE Championship နှင့် ပထမဆုံးလက်တွဲ ခြင်းဖြစ်သည်။
▪️ သောကြာနေ့များတွင် ကျင်းပသည့် ONE Friday Fights ပြိုင်ပွဲတွင် သွေးသစ်ဝင်းလှိုင်အပြင် ထွန်းမင်းအောင်ကလည်း ပြီးခဲ့သည့်မေလ(၃၁)ရက်က ရုရှားနိုင်ငံသားခီးရက်နှင့်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာဖိုက်တာအချို့သွားရောက် ထိုးသတ်လျက်ရှိပြီး ယခုနောက်ပိုင်းတွင် နာမည်ကြီး မြန်မာရိုးရာ လက်ဝှေ့သမားတစ်ဦးဖြစ်သည့် စိုးလင်းဦး၊ ထွန်းမင်းနိုင်နှင့် မိုးထက်အောင်တို့လည်း ONE Championship က ကျင်းပသည့် ပွဲစဉ်များ၌ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။



#tthl #Yangon_Times
#Local_News
Published 4 June 2024
▪️ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်-ပုသိမ် ကားလမ်းတွင် စက်သုံးဆီတင် ယာဉ်တစ်စီး လမ်းဘေးသို့ ထိုးကျကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံက သိရသည်။
▪️ ဇွန်လ ၃ရက် ညနေ ၆နာရီခွဲခန့်က ကန်ကြီးထောင့်မြို့နယ်၊ ငှက်ကြီးသိုက်ကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ်(၉၄/၁)နှင့် (၉၄/၂)ကြားတွင် ISUZU GIGA အမျိုးအစား စက်သုံးဆီတင်ယာဉ်(၁)စီး မှာ ကားဘီးချော်၍ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဆီတင် ယာဉ် တိမ်းမှောက်ကြောင်း သတင်းရရှိသဖြင့် ကန်ကြီးထောင့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒါးကနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး ထွက်ခွာဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ ယခုဆီတင်ယာဉ် တိမ်းမှောက်မှုကြောင့်ယာဉ်မှာ ပျက်စီးမှုရှိခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Time
Published_3 Jun 2024
ယင်းကြောင့် ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို တရားမဝင်ရောင်းချခြင်းနှင့် တရားမဝင်ဟွန်ဒီလုပ်ငန်းမှ ငွေကြေးလွှဲပြောင်းခြင်းများဆောင်ရွက်ခဲ့သူ Minn Thu ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်ကျော်ထွန်းနှင့် အထွေ ထွေမန်နေဂျာ ဦးမင်းသူကျော် (ထွက်ပြေးတိမ်းရှောင်)တို့အားလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက် မရှိဘဲ ပြည်ပနိုင်ငံများ၌ ဘဏ်ငွေစာရင်းများ တရားမဝင်ဖွင့်လှစ်ထားသည့် တရားခံ ဦးနေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန် တို့အားလည်းကောင်း၊ ပြည်ပနိုင်ငံတွင် တရားမဝင် တိုက်ခန်းဝယ်ယူ ထား သူများအားလည်းကောင်း စိစစ်၍ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ် ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဝိသမသမားစီးပွားရေးလုပ်ငန်းရှင်အချို့က ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာရှေးရှုပြီး နိုင်ငံတော်၏စီးပွားရေး၊ ငွေ ကြေးဈေးကွက် ကမောက်ကမ ဖြစ်စေရန်ရည်ရွယ်၍ ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရား မဝင် အရောင်းအဝယ်ပြုလုပ်ခြင်း၊ လူမှုကွန်ရက်မီဒီယာများမှ ဆွဲဆောင်စည်းရုံး ရောင်းချခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အစည်းများမှ ဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၅၁)လမ်းအထက်၊ အမှတ်(၁၅၅/၁၅၇)၊ (၈)လွှာ၌ ရုံးခန်း ဖွင့်လှစ် ထားသည့် Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်း သူကျော်တို့ (၂)ဦးသည် ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင် ရောင်းချ လျက်ရှိ ကြောင်း သိရှိရ သည့် အတွက် လုံခြုံရေးအဖွဲ့အစည်းများမှ ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆက်စပ်သူများအား ခေါ်ယူ စစ်ဆေး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ Minn Thu ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်း နှင့် အထွေထွေမန်နေ ဂျာ ဦးမင်းသူကျော်(ထွက်ပြေးတိမ်းရှောင်)တို့သည့ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းများကို ပြည် တွင်း ၌ တရားမဝင် ရောင်းချရန် သက်ဆိုင်ရာသို့ သတင်းပေးပို့ခွင့်ပြုချက်ရယူခြင်းမရှိဘဲ အရောင်းပြပွဲများကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ (၂)ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများ က ပေးချေသည့် မြန်မာကျပ်ငွေများကို လက်ခံရယူပြီး ထိုင်းနိုင်ငံသို့ တရားမဝင်ဟွန်ဒီလုပ်ငန်းများမှ ငွေကြေးများ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ဆေးချက်များအရ သိရကြောင်း ၎င်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် Minn Thu ကုမ္ပဏီမှ ရောင်းချခဲ့သည့် ပြည်ပနိုင်ငံရှိ တိုက်ခန်းများကို တရားမဝင်ဝယ်ယူထားသူဦး နေမျိုးဟန်၊ ဦးမင်းထွန်းနှင့် ဒေါ်မြတ်မြတ်မွန်တို့ (၃)ဦး သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံရှိဘဏ်များ၌ တရားမဝင်ဖွင့်လှစ်ထားသည့် ၎င်းတို့၏ဘဏ်ငွေစာရင်းများမှတစ်ဆင့် တိုက်ခန်းဖိုး ငွေ ကြေးများ လွှဲပြောင်းပေးချေခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပြည်ပနိုင်ငံများရှိ ကွန်ဒိုတိုက်ခန်းများကို Online မှတစ်ဆင့် တရားမဝင် ရောင်းချနေသည့် အခြား ကုမ္ပဏီ များနှင့် ဝယ်ယူသူများအား ဆက်လက်စိစစ် ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်သောကြောင့် တရားမဝင်ဘဲ ပြည်ပနိုင်ငံရှိ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်နေသူများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာသတင်းပေးပို့ပါရန် လည်း အသိပေး ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
Yangon_Times/PP
#Local_News
#Published_03 June 2024
#YMG #Yangon_Times #Yangon_Media_Group

Page 685 of 2274