14 January 2024
ပျူနှင့်ပုဂံကိုကမ္ဘာ့အမွေအနှစ်ဖြစ်အောင်ဆောင် ရွက်ပေးခဲ့သည့် နိုင်ငံခြားသားပညာရှင်၊မြန်မာ့ယဉ်ကျေးမှုသမိုင်းနှင့် ရှေးဟောင်း သုတေသနပညာရှင် SOAS လန်ဒန်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ Dr. Elizabeth Moore ကွယ်လွန်သွားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှသိရသည်။
ဆရာမကြီး Dr. Elizabeth Mooreကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြေကွဲရကြောင်းဌာနမှ ထုတ်ပြန်ထားပြီးကွယ်လွန်ချိန်တွင် အသက် (၇၆) နှစ်ရှိပြီဖြစ်ပြီး လန်ဒန်စံတော်ချိန် ညနေ (၅:၂၀)နာရီတွင် University College London Hospital ဆေးရုံတွင် (၉၆)ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရသည်။
ဆရာမကြီးDr. Elizabeth Mooreသည် ၁၉၈၉- ၁၉၉၀ မှစ၍ ရှေးဟောင်းသုတေသနဆိုင်ရာ လုပ်ငန်းများကို မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သူဖြစ်ပါသည်။
ဆရာမကြီးသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရွှေတိဂုံဘုရားသမိုင်း၊ Early Landscape of Myanmar ၊ Pyu Landscape ၊ Wider Bagan စသည့် စာအုပ်များအပါအဝင် စာအုပ်နှင့်စာတမ်းပေါင်းများစွာကို ရေးသားခဲ့သူလည်းဖြစ်ပါသည်။
၂၀၁၄ ခုနှစ်တွင် ပျူရှေးဟောင်းမြို့တော်များ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းခြင်း လုပ်ငန်း အတွက် Nomination Dossier ကိုရေးသားရာတွင် အဓိကပါဝင် ရေးသားခဲ့ပါသည်။
အလားတူ ၂၀၁၆ -၂၀၁၈ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး အတွက် Nomination Dossier ကိုလည်း ပါဝင်ရေးသားပေးခဲ့သူဖြစ်ပါသည်။
ဆရာမကြီးသည် ၁၉၉၉ ခုနှစ်တွင် ရှေးဟောင်း သုတေသနဌာန၌ ပြင်ပပညာရှင် တံပဝတီ ဦးဝင်းမောင်နှင့် တွဲဖက်၍ မြန်မာနိုင်ငံ အတိတ်သမိုင်းတွင် ထွန်းကားခဲ့သော ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှု သုတေသနလုပ်ငန်းများကိုလည်းပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဆရာမကြီး အဓိကတာဝန်ထမ်းဆောင်သည့် SOAS University of London တွင် ရှေးဟောင်း သုတေသနနှင့် သမိုင်းဘာသာရပ် ကိုလေ့လာဆည်းပူးနေသော မျိုးဆက်သစ် မြန်မာ လူငယ်များကို ပညာသင်ကြားနိုင်ရေးအတွက်လည်း များစွာကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ပါသည်။
SOAS University of London မှ ဒီပလိုမာ၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူကျောင်းသားများကို လက်တွေ့ သုတေသနစာတမ်းများနှင့် စာတမ်းဖတ်ပွဲများကျင်းပပြုလုပ်ပြီး ပညာရပ်ဆိုင်ရာများ ကွင်းဆက် မပြတ်စေရန် ကူညီဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။
ထို့သို့သော ပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သွားသည့်အတွက် ဌာနမှများစွာ ယူကျုံးမရဖြစ်ရသလို မျိုးဆက်သစ် လူငယ်များအတွက်လည်း များစွာဆုံးရှုံးနစ်နာရပါသည်။ ဆရာမကြီး ကောင်းရာ ဘုံဘဝ ရောက်ပါစေကြောင်း ဌာနမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ကောင်းရာဘုံဘဝ ရောက်ပါစေ"ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှထုတ်ပြန်ထားကြောင်းသိရသည်။
ဆရာမကြီးသည် မြန်မာပြည်သာမက ထိုင်း၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများရှိ ယဉ်ကျေးမှု ဒေသများသို့ ၎င်းကိုယ်တိုင်သွားရောက်၍ သော်လည်းကောင်း၊ ဒေသခံ နိုင်ငံသားပညာရှင်များနှင့် ပူးပေါင်း၍ လည်းကောင်း သုတေသနစာတမ်း၊ စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။
Yangon_Times/tthl
#Local_News
#Published 14 January 2024
#Yangon_Media_Group #YMG_News #Yangon_Times
Published_13 Jan 2024
ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့် တင်နိုင်ရန်အတွက် Town Plan များ စနစ်တကျဖြင့် ရေးဆွဲ ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုက်တွန်း ပြောဆိုလိုက်သည်။
ယနေ့ ဇန်နဝါရီလ ၁၃ ရက် က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန် အသီးသီးမှ စက်မှုဇုန်ကော်မတီ ဥက္ကဋ္ဌ များ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ အား လှိုင်သာယာ စက်မှုဇုန်၊ ကနောင်ခန်းမ၌ တွေ့ဆုံ၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး စဉ် ယင်းက ပြောခြင်း ဖြစ်သည်။
မြို့ပြနှင့် အိမ်ယာစီမံကိန်းများတည်ဆောက်ရာတွင် Town Plan များ ရေးဆွဲ၍ စနစ်တကျဖြင့် ဆောင်ရွက်ရန် ၊ မြို့ပြသန့်ရှင်းသာယာလှပရေး အတွက်လည်း ဆောင်ရွက်ရန်၊ စီမံကိန်းများတည်ဆောက်ရာတွင် လယ် ယာ စိုက်ပျိုးမြေများ မထိခိုက်ရန်၊ ဈေးများတည်ဆောက်ရာတွင် အဆင့် မီသည့်ဈေးများ၊ Shopping Mall များ တည်ဆောက်ရန်လိုပြီး ယဉ်ရပ်နားရန်နေရာ များနှင့် စားသောက်ဆိုင်တန်းများပါ စနစ်တကျ ထည့်သွင်း တည်ဆောက်ပေးရန် ၊ အလွှာအမျိုးမျိုးမှပြည်သူများ ရောင်းဝယ်မှု အဆင်ပြေစေရေးအတွက် ဆောင်ရွက် ပေးရန် တို့ကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းအပြင်လှိုင်သာယာအရှေ့ပိုင်းတွင် စာသင်ကျောင်းများနည်းပါးကြောင်း၊ကျောင်းများ တည်ဆောက် ရာတွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အတိုင်း အားကစားကွင်းများနှင့် ခန်းမများပါ ထည့် သွင်းတည် ဆောက်ရန်လည်း နစကဥက္ကဌက ဆိုသည်။
ပညာရေးကောင်းမွန်ရန်လိုအပ်သဖြင့် ကျောင်းများ ကောင်းမွန်နေရန်လိုပြီး ရပ်ကွက်များအလိုက် အခြေခံ ပညာကျောင်းများနှင့်အားကစားကွင်းများလည်း တည်ရှိရန်လိုသည့်အပြင် မြို့ပြစီမံကိန်းနှင့် အိမ်ယာစီမံကိန်း များတည်ဆောက်ရာတွင် အားကစားကွင်းများ၊ ဈေးနှင့် ကျောင်းများ၊ ဆေးရုံများ ထည့်သွင်းတည်ဆောက်ရန် လိုကြောင်းလည်းပြောကြားခဲ့သည်။
စက်မှုဇုန်အတွင်း အလုပ်လုပ်ကိုင်သူများ အဆင်ပြေ စေရေး နှင့် မြို့ပြတည်ဆောက်ရာတွင် ကျယ်ကျယ်ပြန့် ပြန့်ဖြင့် စဉ်းစားဆောင်ရွက်ရန် ၊ လှိုင်သာယာမြို့နယ်ဖွံ့ဖြိုးတိုးတက်စေ ရေး ရေရှည်အတွက်စီမံကိန်းများ ချမှတ် ရန် တို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းအပြင် ပန်းခြံအတွင်း စိန်ပန်း၊ ခရေ၊ ကံ့ကော် စသည့် အရိပ်ရသစ်ပင်ပန်းမန်ပင်များ၊ အရိပ်ရပင်များကို ထည့်သွင်းစိုက်ပျိုးရန်လို ၊ ပြည်သူများ စိတ်လက်အေးချမ်းစွာဖြင့် အပန်းဖြေအနားယူနိုင်ရေး အတွက်ပန်းခြံ အတွင်း စိမ်းလန်း စိုပြေသာယာလှပစေရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်သွား ရန်တို့ကို ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းအပြင် ထိန်ပင်အမှိုက်ပုံ၌ တည်ဆောက်နေသော လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကိုလည်းပြီးစီး အောင် ဆောင်ရွက်ရန်၊ ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ဆောင်ရွက် ပေးရန်လိုပြီး သဘာဝ ဓာတ်ငွေ့ သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ် လုပ်ခြင်းနှင့် လေအားလျှပ်စစ်ဓာတ် အား ထုတ်လုပ်ခြင်းများအပါအဝင် နည်းလမ်း ပေါင်းစုံဖြင့် ထုတ် လုပ်နိုင် ရေး တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်းလည်း ဆိုသည်။
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အတွင်း လုပ်ကိုင်နိုင်သည့် လျှပ်စစ်ကဏ္ဍအပါအဝင် အခြားကဏ္ဍများကို ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုဇုန်များတွင် လျှပ်စစ်မီး လုံလောက်စွာ ရရှိမှသာ ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်းပြောသည်။
၂၀၂၁-၂၀၂၂ ခုနှစ်တွင် လှိုင်သာယာမြို့နယ်အတွင်းရှိ တရား မဝင် နေထိုင်သူများအား ဥပဒေနှင့်အညီဆောင် ရွက်ပေးခဲ့ပြီး မြို့သာယာလှပရေး နှင့်စနစ်ကျနမှု ရှိစေရေးကို အလေးပေးဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ်အ တွင်း ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်သွား ရန် ၊တရားမဝင် ကျူးကျော်နေထိုင်သူများမရှိစေရေး၊ ဥပဒေနှင့်အညီဖြစ် စေရေးနှင့် ပြန်လည်နေရာချထားရေး တို့ကို စီမံဆောင် ရွက်ပေးသွားရန်လည်း ယင်းက ပြောကြားခဲ့သည်။
Yangon_Times/PP
#Local_News
#Yangon_Media_Group #YMG_News #Yangon_Times
#Daily_News
Published_12 January 2024
၁။ ပုဂံငှက်ပစ်တောင်ရှိ ရှင်အရဟံရုပ်တုကျောင်းဆောင်နှင့် ငှက်ရုပ်ကြီးများကို ထိန်းသိမ်းမည်ဟုဆို
၂။ ကွမ်းဈေးကွက်အတွင်း ဈေးအတတ်အကျမြန်ပြီး ဈေးကွက်တည်ငြိမ်မှု မရှိဟုဆို
၃။ ခရီးသွားကဏ္ဍ အနာဂတ်အစီအစဉ်များ ရေးဆွဲရန် ခရီးသွား စစ်တမ်းကောက်ယူနေ
၄။ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲလှုပ်ခတ်မှုများ ကြုံတွေ့နေသည့် ဂျပန်နိုင်ငံ အီရှီကာဝါတွင် ထောက်ပံ့ကူညီမှုများ မရရှိဟု ဒေသခံများပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၃ ဇန်နဝါရီ ၂၀၂၄
ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ရည်ရွယ်ချက်ရှိရှိဖျက်ဆီး စော်ကားနေသည့် MNDAA အပါအဝင် ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက် မိစ္ဆာများအားကန့်ကွက်ရှုတ်ချပွဲကို ဇန်နဝါရီလ ၁၃ ရက် က မြန်မာတစ်နိုင်ငံလုံးရှိမြို့ကြီးအများအပြားတွင် ကျင်းပခဲ့ကြပါတယ်။
အဆိုပါမြို့များအနက် ကော့သောင်း၊ထားဝယ်၊ကျိုင်းတုံ၊မိုင်းဆတ်၊မိုင်းဖြတ်၊နမ့်စန်၊နတ်မောက်၊ မိတ္ထီလာ၊ရမည်းသင်း၊တောင်တွင်းကြီး၊ ပြည်၊သရက်နှင့် ၊ဇမ္ဗူသီရိ(နေပြည်တော်)မြို့နယ်များတွင် ကန့်ကွက်ရှုတ်ချပွဲများပြုလုပ်နေပုံများကိုစုစည်းတင်ပြပါသည်။ (Photo Credit MOI)
Published_ 13 January 2024
၂၀၂၃ခုနှစ် အတွင်းငပလီသို့ ခရီးသွားဧည့်သည် ရှစ်သောင်းကျော်ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
ငပလီကမ်းခြေဒေသသို့ ၂၀၂၃ဇန်နဝါရီမှဒီဇင်ဘာလအထိ ပြည်တွင်းခရီးသွားဧည့် သည် ၈၁၆၀၉ ဦးနှင့် ပြည်ပခရီးသွားဧည့်သည် ၂၉၈၁ ဦး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဝင် ရောက်ခြင်းသည် ၂၀၂၂ခုနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၇၄၁၀ဦးပိုမိုဝင်ရောက်ထားကြောင်းနှင့် ယခုနှစ်ဆန်းပိုင်း၌လည်း ယမန်နှစ်ကာလတူထက် ပိုမိုဝင်ရောက်မှု များပြားနေကြောင်းသိရသည်။
ငပလီ ကမ်းခြေသည် ရခိုင်ပြည်သံတွဲမြို့နယ် တွင်တည် ရှိပြီး ကမ်းခြေ၌အပန်းဖြေခြင်းများအပြင် ပုလဲကျွန်း၊မီးပြတိုက်၊တံငါရွာများသို့သွားရောက်လေ့လာနိုင်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
" ငှက်ပျောချည်ထည်ကနေထုတ်တဲ့ ငှက်ပျောခြုံပုဝါကို လူကြိုက်များတယ်၊ ဖိနပ်ဆိုရင်လည်းအေးတော့ လူကြိုက်များတယ် brand တစ်ခုအနေနဲ့လူတွေရဲ့ယုံကြည်မှုကို တည်ဆောက်ဆဲကာလမလို့ ပြည်တွင်းဈေးကွက်ကျယ်ပြန့်တာတော့ မရှိသေးဘူး၊၊လူတော်တော်တော့သိနေပြီ၊ ၂၀၂၄မှာတော့ လိုအပ်တာတွေဖြည့်ဆည်းပြီးတော့ အလုပ်ရုံကော ဈေးကွက်တစ်ခုထဲကို ဝင်ဖို့စလုပ်နေပါပြီ၊ အနီးဆုံးနိုင်ငံတွေက နည်းပညာယူပြီး ဆက်လုပ်ဖို့လုပ်နေတယ်"
Yangon Times/NN
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published_12 January 2024
မောင်နှမချင်း၊ သားအမိချင်း အတူကြည့်ရန်မသင့်လျော်သည့် ညစ်ညမ်းသော တေးသီချင်း၊ ဗီဒီယိုများရိုက်ကူးထုတ်လွှင့်ခြင်းများနှင့် ပတ်သက်၍ သတိ ပေးတားမြစ်ချက်တစ်ခု ပြန်ကြားရေးဝန်ကြီးဌာနမှထုတ်ပြန်လိုက်ပြီဖြစ်ပြီး မလိုက်နာသူများကို တည်ဆဲဥပဒေဖြင့်အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိသြတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြသည်ကို တွေ့ရှိရကြောင်း၊
သို့ဖြစ်ပါ၍ လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများ ပါဝင်သည့်ရိုက်ကူးထုတ်လွှင့် ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ ၊ စီစဉ်ရိုက်ကူးသူ ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတိပေးကြေညာအပ်ကြောင်း ဖော်ပြထားသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့်သက်ဆိုင် ရာအလိုက်ဖွဲ့စည်းထားသော အစည်းအရုံးများကလည်း လိုအပ်သလို ထိန်းကျောင်း တည့်မတ်ပေးနိုင်ရန် အသိပေးအပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
Yangon Times/tthl
#Local_News
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Page 689 of 2042