#Local_News
Published 27 November 2024
▪️ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်းငါးထောင်ကျော်ကို အလုပ်အကိုင်များပေးနိုင်သည့်အမေရိကန်ဒေါ်လာ ၇ဒသမ ၆၉၀ သန်း တန်ဖိုးရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(YRIC)မှ အတည်ပြုခွင့်ပြုပေးခဲ့ကြောင်း YRIC မှ သိရသည်။
▪️ ထို့အပြင် FDI ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ကျပ်သန်း ၁၅၀၀ တန်ဖိုးရှိသည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကိုလည်း YRIC မှ ရင်းနှီးမြှုပ်နှံခွင့်အတွက် အတည်ပြုပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ YRICမှ အတည်ပြုပေးခဲ့သည့်လုပ်ငန်းများတွင် CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ရာနှုန်းပြည့်ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်နှင့် Wool Fiber & Yarn ထုတ်လုပ်ခြင်းလုပ်ငန်းများ ၊ CMP စနစ်ဖြင့် ဆံပင်တုအမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ စက္ကူတံဆိပ်ရိုက်ခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ ပြည်တွင်းတွင် ရာနှုန်းပြည့်ရောင်းချမည့် အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုသည့် ပလတ်စတစ်အိတ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
▪️ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကနေ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၅၂၅၅ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times