#Local_News
Published_ 25 April 2024
▪️ တရုတ်နိုင်ငံ၏ နည်းပညာအကူအညီဖြင့် (၃)လအတွင်း ရန်ကုန်ရှိအထင်ကရ ဘုရားစေတီ(၁၀)ဆူမှာ ဘုရားဖူးသမိုင်းနှင့်လမ်းညွှန်စနစ်များ တပ်ဆင်သွားရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောကြားချက်အရ ဧပြီလမှစ၍ ၃ လအတွင်း ရန်ကုန်ရှိ အထင်ကရ စေတီဘုရား ၁၀ ဆူမှာ တရုတ်နိုင်ငံနည်းပညာဖြင့် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) စနစ်ကို တပ်ဆင်ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။
▪️ ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) စနစ်တပ်ဆင်မည့်စေတီဘုရား ၁၀ ဆူမှာ ဗိုလ်တထောင်စေတီ၊ ဆူးလေစေတီ၊ လောကချမ်းသာအဘယလာဘမုနိ ကျောက်တော်ကြီးဘုရား၊ မယ်လမုစေတီ၊ ကျိုက်ကလော့စေတီ၊ ကျိုက္ကဆံစေတီ၊ ကမ္ဘာအေးစေတီ၊ ရွှေဘုန်းပွင့်စေတီ၊ သန်လျင်ကျိုက်ခေါက်စေတီနှင့် တွံတေးရွှေဆံတော်စေတီတော်တို့ဖြစ်သည်ဟု ဖော်ပြထားသည်။
▪️ Pagoda Digital Directory သည်ခရီးသွားများအတွက် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်အသေးစိတ်အချက်အလက်များကို လေ့လာကြည်ညိုနိုင်စေဖို့ ကူညီပေးနိုင်မည် ဖြစ်သည့်အတွက် ပြည်ပခရီးသွားအရေအတွက်မြင့်တက်လာနိုင်စေနိုင်မည်ဖြစ်သည်။
▪️ ရန်ကုန်မြို့တွင် အထင်ကရစေတီဘုရားပေါင်း အဆူ ၃၀ ရှိပြီး ကနဦးဆောင်ရွက်မည့် စေတီဘုရား ၁၀ ဆူမှာ Pagoda Digital Directory များတပ်ဆင်ပြီးနောက် ကျန်ရှိသောစေတီဘုရားများ၍ ဆက်လက်တပ်ဆင်သွားမည်ဖြစ်သည်။
▪️ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်လည်း သက်ဆိုင်ရာဂေါပကတွေနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ အထင်ကရဘုရားစေတီတွေမှာ Pagoda Digital Directory တွေ တပ်ဆင်ဖို့ကြိုးပမ်းဆောင် ရွက်နေပြီး ဧပြီလ ၁ ရက်နေ့ထိ ရွှေတိဂုံစေတီတော်၏ အရပ်လေးမျက်နှာမှာ Pagoda Digital Directoryများတပ်ဆင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Daily_News
Published_ 24 April 2024
၁။ ပူတာအိုရှိ ရေခဲတောင်များ ဇွန်၊ ဇူလိုင်လအထိရှိနေဦးမှာဖြစ်ပြီး ခရီးသွားရာသီမကုန်သေးဟုဆို
၂။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ ဖွင့်လှစ်မည့် EPS TOPIK အတန်းများအတွက်စတင် လျှောက်ထားနိုင်
၃။ ခရမ်းချဉ်သီးဈေးပြန်မြင့်လာသော်လည်း အရည်အသွေးကောင်းမှသာ ဈေးရရှိသဖြင့် ခရမ်းစိုက်တောင်သူများ ဆက်လက်အရှုံးပေါ်နေ
၄။ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ အကူအညီဖြင့် ဂါဇာမှမုန့်ဖုတ်ဆိုင်အများအပြား စတင်လည်ပတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်တွေမှာရှိတဲ့ ပဲနှမ်းစိုက်ပျိုးတဲ့တောင်သူတွေကို ချေးငွေကျပ်သိန်း ၇၀၀၀ ထုတ်ချေးရန် စီစဉ်ဆောင်ရွက်နေတယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published_ 24 April 2024
#ချေးငွေနှစ်ခုစာရ #မြေပဲ နှမ်း နှစ်မျိုးလုံးစိုက်ပျိုး
#YMG/LW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ(၃၂) ကြိမ်မြောက်ရွှေပညာဒါန(အခမဲ့)သင်တန်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းအမှတ်စဉ်(၁၃)
ကို မေလအတွင်း ဖွင့်လှစ်သွားမယ်လို့ ယင်းအသင်းက သိရပါတယ်။
#Local_News
Published_ 24 April 2024
#ရွှေပညာဒါန(အခမဲ့)သင်တန်း #ငွေကြေးခဝါချမှု
#YMG/ NN #Yangon-Times
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကြာရှည်အထားခံတဲ့ အရည်အသွေးကောင်းတဲ့ ခရမ်းချဉ်သီးတွေသာ တစ်ပိဿာကို ကျပ် ၁၀၀၀ ကျော်ရရှိပေမယ့် အခြားအရည်သွေးသိပ်မကောင်းတဲ့ ခရမ်းချဉ်သီးတွေကတော့ ဈေးရရှိမှုအလွန်နည်းသေးတယ်လို့ အောင်ပန်းရှိကုန်စိမ်းပွဲရုံမှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
#Local_News
Published_ 24 April 2024
#ခရမ်းချဉ်စိုက်တောင်သူ #အောင်ပန်းရှိကုန်စိမ်းပွဲရုံ
#YMG/LW #Yangon_Times
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL)တွင် ကိုရီးယား EPS-TOPIK အတန်းကို ယခုလ ဧပြီ (၂၉) ရက်ကစတင်ပြီး လျှောက်ထားနိုင်ပြီလို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက သိရပါတယ်။
#Local_News
Published_ 24 April 2024
#EPS_Topikအတန်းများ #ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
#YMG/ NN #Yangon_Times
#Local_News
Publicshed 24 April 2024
▪️ ပြည်ပနိုင်ငံများသို့ တစ်နှစ်တာအတွင်း ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ သန်းပေါင်း ၁၄,၆၀၀ ကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။
▪️ ၂ဝ၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂ဝ၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄,၆၁၈ ဒသမ ၄၅၉ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပို့ကုန်များတင်ပို့ရာတွင် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန် ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန်များတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ပြည်ပမှတင်သွင်းခဲ့သောပစ္စည်းများမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန် ပစ္စည်းနှင့် CMP တို့ကိုလည်း တင်သွင်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon-Times
Page 690 of 2210