ရန်ကုန်အပါအဝင် ဒေသ(၁၁)ခုတွင် စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့်ရောင်းထား
‘စားအုန်းဆီဈေးဟာ အခုတစ်ပတ်မှာ ရည်ညွှန်းဈေး ကျပ်၄၄၄၀ သာ ရှိတဲ့အတွက် လက်လီဆိုင်တွေကို လက်လီဈေး ကျပ်၄၆၀၀နှုန်းနဲ့ ရောင်းချပေးထားတယ်။ရန်ကုန်ကပြည်သူတွေကိုကျပ် ၅၀၀၀ အောက်နဲ့သာ ရောင်းသင့်တယ်’ ဘုရင့်နောင်စားအုန်းဆီလက်ကားဒိုင်မှ တာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 19 September 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 19 September 2023
ဂျပန်နိုင်ငံတွင် ကျင်းပသည့် (၈) ကြိမ်မြောက် ဗုဒ္ဓထိပ်သီးညီလာခံနှင့် နာလန္ဒာ မဟာဝိဟာရ ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်(တောင်ကြီး)၊ ပါမောက္ခချုပ်ဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိ (အောက်စဖို့ဒ်ဆရာတော်)နှင့်မြန်မာသံအမတ်ကြီးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၊ Kato City ရှိ Nenbutsushu Sampozan Muryojuji Temple မှ ကြီးမှူး၍ (၈) ကြိမ်မြောက် ဗုဒ္ဓထိပ်သီးညီလာခံ (The Eight Buddhist Summit) နှင့် နာလန္ဒာ မဟာဝိဟာရ ဗုဒ္ဓတက္ကသိုလ် (Nalanda Mahavihara) ဖွင့်ပွဲအခမ်းအနား တို့အား စက်တင်ဘာ၁၃ရက်မှ၁၅ရက် အထိ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
သံအမတ်ကြီး ဦးစိုးဟန် သည် စက်တင်ဘာ၁၃ရက်၊ နံနက်ပိုင်းတွင် Nenbutsushu Sampozan Muryojuji Temple ၌ ကျင်းပသည့် နာလန္ဒာ မဟာဝိဟာရ ဗုဒ္ဓတက္ကသိုလ် Nalanda Mahavihara ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် သံအမတ်ကြီးသည် နိုင်ငံပေါင်း (၁၄)နိုင်ငံမှ သံရုံးအကြီးအကဲများ၊ သံရုံးကိုယ်စားလှယ်များ၊ Nenbutsushu Sampozan Muryojuji Temple မှ ဆရာတော်ကြီးများနှင့်အတူ ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသမီး မဟာချက်ကရီသီရိဒုံ မှ အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။
သံအမတ်ကြီး ဦးစိုးဟန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၄-၉-၂၀၂၃ ရက်၊ နံနက်ပိုင်းတွင် The Royal Grand Hall of Buddhism တွင် ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် ဗုဒ္ဓထိပ်သီးညီလာခံ (The Eight Buddhist Summit) ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံပေါင်း (၃၂) နိုင်ငံမှ ဆရာတော်ကြီးများ၊ ဗုဒ္ဓဘာသာအဖွဲ့ဝင်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်း ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ဂျပန်နိုင်ငံအခြေစိုက် သံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များ၊ အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့သည်။
ဗုဒ္ဓထိပ်သီးညီလာခံသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်(တောင်ကြီး)၊ ပါမောက္ခချုပ်ဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိ (အောက်စဖို့ဒ်ဆရာတော်)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 19 September 2023
မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးသန်းဆွေ သည် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း နှင့် စက်တင်ဘာ ၁၈ ရက်တွင် နေပြည်တော်၌ တွေ့ဆုံစဉ်ဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက် ခိုင်မာရေး၊ နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန် မြှင့်တင်ရေး ဆွေနွေးခဲ့ပါတယ်။
ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News
#Yangon_Media_Group
#YMG #Yangon_Times
Published_ 19 September 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၄၈)ဦးကို စက်တင်ဘာလ ၁၉ရက်(ယနေ့)ထပ် မံစေလွှတ်ခဲ့ပြီး ယခုလအတွင်း မြန်မာလုပ်သား (၇၀၀)ကျော်စေလွှတ်ခဲ့ပြီးကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
စက်တင်ဘာလ ၁၉ရက်တွင် ကုန်ထုတ်လုပ်သားသစ် (၇၂)ဦးနှင့် စိုက်ပျိုးရေးလုပ်သားသစ် (၇၆)ဦး စုစုပေါင်း (၁၄၈) ဦးကို စေလွှတ်ခဲ့ပြီး လုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
စက်တင်ဘာလအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် (၁၅၁)ဦးကို စက်တင်ဘာ ၁၃ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ် (၁၄၇)ဦး ကိုစက်တင်ဘာလ ၁၂ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ်(၁၀၅)ဦးနှင့်စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ်(၄၀)ဦးကို စက်တင်ဘာလ ၆ရက်တွင်လည်းကောင်း၊ ကုန်ထုတ်လုပ်သားသစ် ၁၄၂ဦးကို စက်တင်ဘာလ ၅ရက်တွင်လည်းကောင်း စေလွှတ်ခဲ့ကြောင်း သံရုံးမှသိရသည်။
ပြီးခဲ့သည့်သြဂုတ်လအတွင်းကလည်း မြန်မာလုပ်သား (၁၀၀၀) ကျော်စေလွှတ်ခဲ့ကြောင်းသိရသည်။
#Yangon -Times/PP
Photo-Myanmar Embassy, Seoul
#Local_News
#YMG #Yangon_Times
Published_ 19 September 2023
ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတား၊ မဲဆောက်ဘက်ခြမ်း တွင် ဈေးရောင်းနေသည့် မြန်မာနိုင်ငံသား အမျိုးသမီးလေးဦး အဖမ်းခံရကြောင်း ထိုင်းလူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှဌာနများ၏ ထုတ်ပြန်ချက် အရ သိရသည်။
စက်တင်ဘာ ၁၈ ရက် နေ့ လယ် ပိုင်းက အဖမ်းခံရခြင်း ဖြစ်ပြီး အဆိုပါ မြန်မာနိုင်ငံသား အမျိုးသမီးလေးဦးမှာ မြဝတီ ဘက်မှ လာရောက် ရောင်းချသည့် ခေါင်းရွက်ဗျတ်ထိုးဈေးသည်များဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူ ၄ ဦးအနက် ၃ ဦးမှာ အလုပ်လုပ်ရန်ခွင့်မပြုထားသည့် နယ်စပ်ဖြတ်ကျော်လက်မှတ် ၇ ရက်နေထိုင်ခွင့်ကဒ်ပြုလုပ်၍ ဝင်သူများဖြစ်ကာ ဈေးလာရောက် ရောင်းချ ခြင်းကြောင့် ဖမ်းစီးခံ ရ ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုတို့ဖြင့် စွဲချက်တင်ကာ ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ မဲဆောက်ရဲစခန်းကို ပို့ဆောင်ထားကြောင်း သိရသည်။
YMG/LW
#Local_News
#YMG #Yangon Time
#Daily_News
Published_ 18 September 2023
၁။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ မိုးသက်လေပြင်းများတိုက်ခတ်နိုင်၊ ရန်ကုန်တွင်လည်းမိုးသည်းမည်
၂။ မိုးကြိုးစက်ကွင်း ထိမှန်ခဲ့သော်လည်း ပုဂံဓမ္မရာဇကဘုရားရှေးဟောင်းလက်ရာများ မထိခိုက်ခဲ့၊ဂေါပကမှ မူလအလှူရှင်ဖြင့် ဆက်သွယ်ပြုပြင်မည်ဟုဆို
၃။ စိုက်ပျိုးစရိတ် နှစ်ဆမြင့်လာပေမယ့် ပြောင်းဈေးမရတာကြောင့် ပြောင်းစိုက်တောင်သူတွေအခက်တွေ့နေ
၄။ တရုတ်တွင်ကျင်းပမည့် အာရှအားကစားပြိုင်ပွဲတွင် အောင်ပွဲများဆက်လက်ရရှိရန် ထိုင်းပိုက်ကျော်ခြင်းအသင်းမျှော်မှန်း .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
စက်သုံးဆီဈေး သိသိသာသာမြင့်လာတာကြောင့် ပြည်သူတွေ လိုရာခရီးသွားလာရေးအတွက် ကုန်ကျစရိတ်ပိုသုံးနေရ
စက်တင်ဘာလ ဒုတိယအပတ် အစမှာတော့ 92 တစ်လီတာကို (၂၂၈၅) ကျပ် နဲ့ ဖြစ်နေရာမှ လက်ရှိစက်တင်ဘာလ တတိယအပတ်မှာတေ့ာ 92 တစ်လီတာကို (၂၄၄၀)ကျပ်အထိ ဖြစ်လာတဲ့ အတွက်တပတ်အတွင်း တစ်လီတာကို ကျပ်၁၅၀ ကျော် အထိဈေးမြင့်လာတယ်လို့ သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group
Page 694 of 1840