#Daily_News
Published_ 19 March 2024
၁။ ထိုင်းနိုင်ငံမှချီးမြှင့်သည့် Asia Top Awards ဆုကို သရုပ်ဆောင်အလင်းရောင်၊ ရှမ်းအဆိုတော် The Sai နှင့်ဒါရိုက်တာကျော်ကျော်ဝင်းတို့ ရရှိ
၂။ ကြက်သွန်ဖြူဈေး ဆက်တိုက်ကျလာပြီး တစ်ပိသာ ကျပ် ၅၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာဟုဆို
၃။ တာကောတံတား ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေပြီး တာလေတံတား ဝိတ်လျော့တင်နေရ၍ ထိုင်းသို့ ပြောင်းတင်ပို့ရာ၌ အခက်အခဲရှိနေ
၄။ ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်စစ်တပ်မှ ကျဲချခဲ့သည့် ပေါင်းသတ်ဆေးအဆိပ်သည် ယနေ့ထက်တိုင် ဗီယက်နမ်မျိုးဆက်သစ်များကို ဘေးသင့်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးစေတီတော်မှာ ဘုရားဖူးတွေ တစ်ရက်ကို ပျှမ်းမျှသုံးထောင်ကနေ ခုနှစ်ထောင်အကြားဖူးမျှော်နေပြီး ထိုင်းဘုရားဖူးတွေကတော့ အုပ်စုလိုက်လာရောက်နေကြတယ်လိုh ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
သင်္ကြန်ကာလမှာ ရေပြတ်လတ်သွားတဲ့ ဘုန်းကြီးကျောင်း၊ တရားရိပ်သာ၊ ဘိုးဘွားရိပ်သာ၊ နေအိမ်တွေအနေနဲ့ ရှင်သန်ရေးကူညီမှုအသင်းအပါအဝင် ရန်ကုန်ရှိ လူမှုကူညီရေးအဖွဲ့တွေကို ဆက်သွယ်အကူအညီ တောင်းခံနိုင်မှာဖြစ်တယ်။ ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဌ ဦးထွန်းထွန်းဦး
Yangon Times/tthl
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 19 March 2024
ယခုရက်ပိုင်းတွင် ဒေသ(၁၅)ခု၌မိုးထစ်ချုန်းရွာ သွန်းမည်ဖြစ်ပြီး နေ့အပူချိန်(၄၀) ဒီဂရီစင်တီဂရိတ်ကျော်သော မြို့(၁၅)မြို့ရှိလာကြောင်း မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မတ်လ(၂၀)ရက်မနက်ပိုင်းအထိခန့်မှန်းချက်မှာစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်သည်ဟုဆိုသည်။
မတ်လ(၂၀)ရက်(၂၁)ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်းဖော်ပြထားသည်။
ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၁)ဒီဂရီဆဲလ်စီးယပ်နှင့် ရွှေဘိုမြို့၊ မြင်းမူမြို့၊ မြင်းခြံမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့၊ အမ်းမြို့၊ ပြည်မြို့၊ တောင်ငူမြို့၊ ရွှေကျင်မြို့၊ သာယာဝတီမြို့၊ ဖြူးမြို့၊ လေးထပ်ပြင်မြို့နှင့် မြဝတီမြို့တို့တွင် (၄၀)ဒီဂရီ ဆဲလ်စီးယပ်စီရှိခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 19 March 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိကိုယ်ပိုင်ကျောင်း (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ စိစစ်ခြင်းလုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ကိုယ်ပိုင်ကျောင်း (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
အဆိုပါ ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေးကျောင်း၊ နိုင်ငံတကာသင်ရိုး ညွှန်းတမ်းနှင့် သင်ကြားသောကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံခြားသား ပုဂ္ဂလိကျောင်းဆရာပါဝင်သော ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ စိစစ်ခြင်းလုပ်ငန်းများကို လိုက်လံဆောင်ရွက်လျက် ရှိခြင်း ဖြစ်သည်။
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင်ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပုဂ္ဂလိက အဆင့်မြင့် ပညာကျောင်း (တက္ကသိုလ်၊ ကောလိပ်၊ စင်တာ) နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသည့် ပုဂ္ဂလိကကျောင်း ၈၄၂ ကျောင်းရှိရာ ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းဆိုင်ရာ စစ်ဆေးခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်က စိုက်ပျိုးထွက်ရှိတဲ့ ရှမ်းကြက်သွန်ဖြူဈေးကွက်ဟာ ယခုမတ်လ လဆန်းပိုင်းကတည်းက ဈေးတဖြည်းဖြည်း ကျဆင်းလာရာ လက်ရှိမှာ တစ်ပိသာကို ကျပ် ၅၀၀၀ဝန်းကျင်သာ ရှိတော့တယ်လို့ အောင်ပန်းရှိ ကုန်သည်တွေထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
သရုပ်ဆောင်အလင်းရောင်မှာ အခုနှစ် Asia Top Awards (2024)မှာ အကောင်းဆုံး သရုပ်ဆောင်ဆု Best Actor ဆုကို ရရှိခဲ့တာဖြစ်ပြီး ရှမ်းတိုင်းရင်းသားအဆိုတော် The Sai ကတော့ ပထမဦးဆုံးအကြိမ်အနေဖြင့် Asia Top Award (Culture Integration) ဆု၊ တိုင်းရင်းသားရုပ်ရှင်၊မှတ်တမ်းရုပ်ရှင်တွေရိုက်ကူးထုတ်လုပ်တဲ့ မြန်မာနိုင်ငံသား Director & Producer ကျော်ကျော်ဝင်းကလည်း အခုနှစ်မှာ ASIA TOP AWARDS 2024 Director & Producer ဆုကို ဆွတ်ခူးခဲ့သည်။
Yangon Times/tthl
#Local_News
#Published_ 19 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 697 of 2167