#Local_News
Published 26 July 2024
▪️ ရန်ကုန် - နေပြည်တော်အမြန်လမ်းမကြီး၌ Hondafit ယာဉ်မှ Guard railတန်းအား တိုက်မိပြီးနှစ်ဦး ေ-သဆုံး၊ တစ်ဦးဒ-ဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာ၂၆ ရက်နေ့၊ မနက်၆ နာရီ ၂၀မိနစ် အချိန်ခန့်က ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၇၁/၀ အနီးတွင် Hondafit အမျိုးအစား( အနက်ရောင်)ယာဉ်သည် Guard rail တန်းအားတိုက်မိပြီး ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး အနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကျား(၂)ဦး (သေဆုံး)တို့အား ဆွာနာရေးလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 July 2024
▪️ လေဆင်နှာမောင်းတိုက်၍ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းရှိကျေးရွာအိမ်ခြေ(၇၀)နီးပါးပျက်စီးသွားကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်။
▪️ ဇူလိုင်(၂၆)ရက်နံနက်အစောပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခံရ၍ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းနှင့် ညောင်နီကုန်းကျေးရွာများတွင် အိမ်ခြေ (၃၄) အလုံးစုံပျက်စီး၊(၃၇)လုံးအမိုးအကာပျက်ခဲ့ရသည်ဟု ဆိုသည်။
▪️ လေဘေးသင့် မိသားစုဝင်စုစုပေါင်း ၃၄၂ ဦးရှိပြီး အမိုးအကာတာပေါ်လင်နှင့် အဝတ်အစားများလိုအပ်နေကြောင်း အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများလိုအပ်နေကြောင်း သိရသည်။


#YMG/tthl #Yangon_Times
#Daily_News
Published 25 July 2024
၁။ အပျော်စီးသင်္ဘောပေါ်၌ အသုံးပြုနိုင်မည့်လုပ်ငန်းသုံး အင်္ဂလိပ်စာအခမဲ့သင်တန်းဩဂုတ်လ၌ထပ်ဖွင့်မည်
၂။ စစ်ကိုင်းတိုင်းအတွင်းရှိ ယဉ်ကျေးမှုအခြေခံသည့် ဒေသများသို့ တစ်လတာအတွင်းပြည်တွင်း၊ပြည်ပခရီးသွားတစ်သောင်းကျော်ဝင်ရောက်ထား
၃။ သံလွင်မြစ်ရေနှင့် ဘီးလင်းမြစ်ရေတက်နေ၍ ဘားအံနှင့်ဘီးလင်းမြို့သူမြို့သားများ သတိထားရန်လို
၄။ ဘေဂျင်းတွင်ပြုလုပ်သည့် ပါလက်စ်တိုင်းအဖွဲ့ခွဲများ ပြန်လည်သင့်မြတ်ရေးဆွေးနွေးပွဲတွင် သဘောတူညီမှုများရရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပနိုင်ငံတွေကို စေလွှတ်ထားတဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်ပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ထက်ဝက်ခန့်ရှိနေတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သိရပါတယ်။ အလုပ်သမားတွေရဲ့အချက်အလက်ပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီတွေကိုလုပ်ငန်းဆိုင်းငံ့မယ့်အပြင် ဒဏ်ကြေးပါ ကောက်မယ်လို့ သိရပါတယ်။
#Local_News
Published 25 July 2024
#ကိုယ်ရေးအချက်အလက်မပေး #အေဂျင်စီတွေကိုလုပ်ငန်း
#YMG/NN #Yangon_Times
မိုးရွာသွန်းမှုသည်းထန်ပြီး ရေတိုက်စားတာကြောင့် ကရင်ပြည်နယ်၊ ဘားအံ-ထီလုံ-သရက်တော-နဘူး-ထိုကော်ကိုး-မြဝတီလမ်းပေါ်ရှိ နောင်ခွီးချဉ်ကပ်တံတားကျိုးကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 25 July 2024
#ဘားအံ-မြဝတီလမ်း #နောင်ခွီးတံတားကျိုးကျ
#YMG/NN #Yangon_Times
သံလွင်မြစ်ရေနဲ့ဘီးလင်းမြစ်ရေတက်နေလို့ ဘားအံနဲ့ မော်လမြိုင်၊ ဘီးလင်းမြို့သူမြို့သားများသတိထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။
#Local_News
Published 25 July 2024
#သံလွင်မြစ်ရေ #ဘီးလင်းမြစ်ရေတက်
#YMG/tthl #Yangon_Times
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုအခြေခံတဲ့ ဒေသတွေကို တစ်လတာအတွင်းပြည်တွင်း၊ ပြည်ပခရီးသွားတစ်သောင်းကျော်ဝင်ရောက်ထားတယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
#Local_News
Published 25 July 2024
#ယဉ်ကျေးမှုအခြေခံ #ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု
#YMG/NN #Yangon_Times
Page 701 of 2359