Published 21 April 2024
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းကို ငါးနှစ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ပူဇော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။
အဆိုပါလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းမပြုမီ အထက်ပစ္စယံရှိ စေတီရံများနှင့် နောင်တော်ကြီးစေတီတို့ကို တစ်နှစ်ကြိုတင်၍ ရွှေသင်္ကန်းကပ်လှူခြင်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ နောင်တော် ကြီးစေတီ ရွှေသင်္ကန်းကပ်လှူခြင်းကို အပြီးဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်ကြီးတွင် ဘက်စုံပြုပြင်မွမ်းမံမှုများ ကို ဆောင်ရွက်လျက်ရှိရာ ဘုရားဖူးပြည်သူများ အပူဒဏ်သက်သာ စေရန် စေတီတော်ရင်ပြင်တော်ရှိ ကျောက်ပြားများကို ကော်ပတ်စား ခြင်း၊ ပေါ်လစ်တင်ခြင်းများ ကို အပိုင်း လိုက်ခွဲ၍ ဆောင်ရွက်ခဲ့ရာ အပိုင်း ၁ မှာ ရာနှုန်းပြည့်ပြီးစီးသွား၍၊ အပိုင်း ၂ တွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်တွင် တောင်ဘက်စောင်းတန်းကြီးကို ပြုပြင်မွမ်းမံခဲ့ပြီး ယခုနှစ်တွင် အရှေ့ဘက်စောင်းတန်းနှင့် အနောက် ဘက်စောင်းတန်းတို့ကို ပြုပြင်မွမ်းမံသွားမည်ဖြစ်ပြီး လက်ရှိတွင် မုခ်ဦးဆောင်များနှင့် ရင်ပြင်ဦးဆောင်များရှိ ခြင်္သေ့ရုပ်တုများကို ကြံ့ခိုင်ရေးအတွက် ဆေးသုတ်မွမ်းမံခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 21 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 21 April 2024
ကရင်ပြည်နယ် မြဝတီမြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) မှ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်နိုင်ရန်ထုတ်ပေးသည့် (၇) ရက်ယာယီလက်မှတ်နှင့်ဖြတ်သန်းခွင့်ကို ဧပြီ ၂၁ရက်မနက်ပိုင်းတွင် စတင်ယာယီရပ်ဆိုင်းလိုက်ကြောင်း မြဝတီမြို့ရှိဒေသခံများထံက သိရသည်။
၇ရက် ယာယီလက်မှတ်ဖြတ်သန်းခွင့်ကို ရပ်ဆိုင်းထားသော်လည်း နိုင်ငံကူးလက်မှတ် (Passport) ကိုင်ဆောင်ထားသူများကိုတော့ ဝင်ခွင့်ပြုကြောင်း သိရသည်။
""ယာယီဖြတ်သန်းခွင့် (Temporary Boder Pass) လက်မှတ်နဲ့ဖြတ်သန်းခွင့်ကို ဒီနေ့မနက်ပိုင်းက စပိတ်လိုက်တယ်။ဒါပေမယ့် Passport နဲ့ တော့ဖြတ်လို့ရသေးတယ်"ဟု မြဝတီ ဒေသခံတစ်ဦးကပြောသည်။
ထိုင်းသတင်းဌာန တွေမှာလည်း မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁) တွင်တံတားကူးလက်မှတ်ကုန်သွားသဖြင့် မြဝတီမှသွားလာခွင့်ကို ယာယီပိတ်ထားလိုက်ပြီး ထိုင်းဖက်မှ မြ၀တီ အပြန်ဖက်ကိုတော့ သွားလာ ခွင့်ပေးထားကြောင်းထိုင်းသတင်းများကဖော်ပြထားသည်
Yangon_Times/LW
#Local_News
#Published_ 21 April 2024
#YMG_News #Yangon_Times #Yangon_Media_Group


Published 21 April 2024
သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဆိုလာစနစ်ဖြင့် ဓာတ်အား ၁၄ မဂ္ဂါဝပ်ခန့်အထိ တပ်ဆင်ထုတ်လုပ်နိုင်ရေးကို အဆင့်အလိုက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန မှ သိရသည်။
လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်၌ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် စက်ရုံ သုံးရုံတွင် ဆိုလာစနစ် များ တပ်ဆင်ထားပြီး ဓာတ်အား ၂ မဂ္ဂါဝပ်ခန့် ထုတ်လုပ်အသုံးပြုနေ သည့် ဇုန်အတွင်း ဆိုလာစနစ်တပ်ဆင် ဓာတ်အားထုတ်လုပ်နိုင်ရေး အတွက် ဇုန်ကုမ္ပဏီများ၏ လေ့လာစူးစမ်းမှုပြုထားချက်များအရ ဓာတ်အား ၁၄ မဂ္ဂါဝပ်ခန့်အထိ ဆိုလာစနစ်တပ်ဆင် ဓာတ်အား ထုတ်လုပ်နိုင်မည်ကို တွေ့ရှိထားကြောင်း သိရသည်။
မြန်မာ - ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် (MJTD) သည် ဆိုလာစနစ် တပ်ဆင်ပြီးပါက အသုံးပြုနေသော ဝန်အား ထက် ဆိုလာစနစ်မှ ဓာတ်အားထုတ်လုပ်နိုင်မှု ပိုနေချိန်များတွင် ချိတ်ဆက်ထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဓာတ်အားလိုင်း မှတစ်ဆင့် အဆိုပါအထူးစီးပွားရေးဇုန်အတွင်းရှိ အခြားစက်ရုံများသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်သည် ၆၆၇ ဒသမ ၂၇၅ ဟက်တာ (၁၆၅၀ ဧက နီးပါး) ကျယ်ဝန်းပြီး နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၄ ခုက ရင်းနှီးမြှုပ်နှံထားကာ လက်ရှိ မြန်မာနိုင်ငံ၌ စီးပွားရေးဇုန် သုံးခုအနက် အအောင်မြင်ဆုံးလည်ပတ်နေသည့် အထူးစီးပွားရေးဇုန် တစ်ခုဖြစ်ကြောင်း သိရသည်။
ဆိုလာစနစ်မှ လျှပ်စစ်ဓာတ်အားရရှိပါက ဇုန်အတွင်း မူလသုံးစွဲရ သည့် လျှပ်စစ် ဓာတ်အားကို အခြားလိုအပ်သည့်နေရာတွင် သုံးစွဲနိုင် မည်ဖြစ်သည့်အတွက် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဆိုလာ လျှပ်စစ်မီးရရှိရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 21 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 21 April 2024
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အပူဒဏ်နှင့်ဆက်စပ်သည့် ရောဂါများအတွက် ကုသမှုနည်းလမ်းများ၊ ဆေးဝါးများနှင့် သီးသန့် ကုသမှုပေးနိုင်မည့် ကုသခန်းများကို ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။
အပူဒဏ် ကြောင့် ပင်ပန်းနွမ်းလျမှုနှင့်အတူ ခန္ဓာကိုယ်ရှိ ရေဓာတ်ပျက်စီးဆုံးရှုံး ကာ အရေပြားပူလာခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်းများ ဖြစ်ပေါ် နိုင်ပြီး ခေါင်းမူးခြင်း ၊ ချွေးထွက်ခြင်း ၊ ပျို့အန်ခြင်းများလည်း ဖြစ်ပွား နိုင်ကြောင်း သိရသည်။
ကလေးများ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ အရက်သေစာ သောက်စားထားသူများနှင့် မူးယစ်ဆေးသုံးစွဲထားသူ များတွင် အပူဒဏ်နှင့်ပတ်သက်သည့် ရောဂါများအဖြစ်များပြီး ကြောင်း သိရသည်။
ယင်းအခြေအနေများ ဖြစ်ပွားနေချိန် ကုသမှုမပြုလုပ်ပါက နောက် တစ်ဆင့်ကူးသွားပြီး အပူဒဏ်ကြောင့် သတိလစ်မေ့မျောနိုင်သည့် အပြင်းထန်ဆုံးအဆင့်အထိ ရောက်ရှိနိုင်ခြင်းကြောင့် သတိပြုရန်လို ကြောင်း၊ ယင်းသို့ဖြစ်ပွားပါက လူနာကိုနီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပေးရမည်ဖြစ်ကြောင်း အသိပေးထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဆေးရုံများတွင် အပူဒဏ်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာသည့် ရောဂါ အမျိုးမျိုးကြောင့် ဆေးရုံတက်ရောက်ကုသသည့် လူနာပေါင်း ၄၀၀ ခန့်ရှိကြောင်း ရန်ကုန်ဆေးရုံကြီးက ထုတ်ပြန်ထားသည်။
Yangon_Times/LW
#Local_News
#Published_ 21 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
လေပြင်းတိုက်တာ၊ မိုးသည်းတာတွေ ဖြစ်ပေါ်နိုင်တယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ မိုးတိမ်တောင်များ စတင်ဖြစ်ထွန်းလျက်ရှိတယ်။
#Local_News
Published_ 21 April 2024
#မိုးတိမ်တောင် #လေပြင်းတိုက်ပြီးမိုးသည်းနိုင်
#tthl #Yangon_Times
၂၀ ဧပြီ ၂၀၂၄
အမှတ်(၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား နှစ်နိုင်ငံနယ်စပ်အနီး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် KNU KKO (ခွဲထွက်)အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့သည် အကျအဆုံးများစွာဖြင့် ယနေ့ ဧပြီ ၂၀ ရက်ညနေ ၅နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့တို့သည် ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်၊ ထိုင်း-မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတားအနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား ဧပြီ၂၀ ရက်မနက်ပိုင်းက စတင်ကာ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုအဖွဲ့သည် လက်နက်ကြီးများဖြင့်အဝေးမှပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခြင်းတို့ကို သာလွန်အင်အား အသုံးပြု၍ တိုက်ပွဲဖော်ဆောင်လာခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
ယင်းအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မလိုလားအပ်သော လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာမှုမရှိစေရေးတို့အတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြန်လည် တုန့်ပြန်ဆောင်ရွက်လျက်ရှိပြီး လေကြောင်းပစ်ကူ ပစ်အားရယူ၍ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ရာ အဆိုပါ ပူးပေါင်းအဖွဲ့သည် ယနေ့ ညနေ ၅ နာရီခန့်တွင် အကျအဆုံးများစွာဖြင့် အနောက် ဖက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
#Daily_News
Published_ 20 April 2024
၁။ ကချင်ဒေသခံများ ယခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ရန် စိုးရိမ်ပူပန်နေ
၂။ သင်္ကြန်ပြီးကာလတွင် ကြက်သွန်ဖြူ တစ်ပိဿာကျပ် ၁၅၀၀ခန့် ဈေးပြန်ကျ
၃။ မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးလေးသိန်းကျော်ဝင်ရောက်ခဲ့
၄။ တစ်နှစ်(၂)ကြိမ်ကျင်းပသည့် အီရန်တပ်မတော်နေ့စစ်ရေးပြပွဲအခမ်းအနားအား လုံခြုံရေးတင်းကြပ်စွာဖြင့်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 696 of 2210