၁၆ စက်တင်ဘာ ၂၀၂၃
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) သည် ဒေသတွင်းနိုင်ငံ များသို့ Cargo လေယာဉ်ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် လေကြောင်းကုန်စည်ပို့ဆောင်မှုကဏ္ဍတွင် MNA အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်တော့မှာဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ခဲ့တဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines - MNA)ရဲ့ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ရာတွင် ယခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ခရီးစဉ်များ ပျံသန်းပြေးဆွဲရာမှာ အချိန်မှန်ကန်ရေးကိုလည်း အလေးထား ဆောင်ရွက်သွားကြရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည့် Rules and Regulation များ၊ SOP များကိုလည်း တိကျစွာ လိုက်နာကြရန်လည်း ဗိုလ်ချုပ်မှူးကြီးက ပြောတဲ့အကြောင်း သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
မြန်မာအမျိုးသား လေကြောင်းအနေဖြင့်“ကမ္ဘာကြည့် ကြည့် မြင်” ဆောင်ရွက်သွားဖို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။ ကိုဗစ်-၁၉ အလွန်ကာလ လေကြောင်းခရီးသွားစီးပွားရေးကဏ္ဍ ပြန်လည် ဖွံ့ဖြိုး တိုးတက်လာသည့် အချိန်ကာလကိုရောက်ရှိလာပြီဖြစ်သဖြင့် မြန်မာ အမျိုးသား လေကြောင်းအနေဖြင့် ဈေးကွက်သုတေသနကို အလေးထား ပြုလုပ်ကြဖို့လည်း နစက ဥက္ကဋ္ဌက တိုက်တွန်းခဲ့ပါတယ်။
မြန်မာ့လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်လာသည့် UBA နှင့် BAC သည် ပြည်တွင်းလေကြောင်းခရီးစဉ်များကို သာမက ဒေသတွင်းပြည်ပနိုင်ငံများနှင့် ခရီးစဉ်များကိုပါ ပြေးဆွဲခဲ့ပြီး သမိုင်းတစ်ခေတ် တွင် အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့တဲ့အတွက် ပြည်သူလူထု၏ရင်ထဲတွင် ရှိနေခဲ့ခြင်းဖြစ်ပြီး ဂုဏ်ယူဖွယ်ရာလည်းဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဂုဏ်ပြုပြောကြားပါတယ်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် မြန်မာအမျိုးသားလေကြောင်း၊ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်ယော်က မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
မြန်မာအမျိုးသားလေကြောင်းကို မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်တွင် “ပြည်ထောင်စု မြန်မာနိုင်ငံ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့” (Union of Burma Airways - UBA) အမည်ဖြင့် စတင် တည်ထောင်ခဲ့ တာဖြစ်ပါတယ်။၁၉၇၂ ခုနှစ်တွင် “လေကြောင်းပို့ဆောင်ရေး ကော်ပို ရေးရှင်း” (Burma Airways Corporation-BAC)၊ ၁၉၈၉ ခုနှစ်တွင် “မြန်မာ့လေကြောင်း”(Myanma Airways-MA)၊ ၂၀၁၅ ခုနှစ်တွင် “မြန်မာအမျိုးသားလေကြောင်း” (Myanmar National Airlines - MNA)အဖြစ် အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။
-ymg/knl
"သန္ဓေတားဆေးတွေရေရှည်သုံးစွဲရင် ကလေးမရနိုင်ဘူးဆိုတာ မဟုတ်ပါဘူး။ သောက်ဆေးသောက်တဲ့သူတွေက ဆေးဖြတ်လိုက်တာနဲ့ ပြန်ရနိုင်ပါတယ်။ ထိုးဆေးထိုးတဲ့သူတွေကတော့ ကလေးရဖို့ (၆) လကနေ (၁) နှစ်အထိစောင့်ရပါတယ်" .........လို့သန္ဓေတားဆေးများနဲ့ပတ်သက်တဲ့အသိမှားကိုပြောပြလာတဲ့ ဒေါက်တာ နွေးနွေးသန့်စင် (သားဖွားမီးယမ်အထူးကုဆရာဝန်ကြီး၊ ကန်သာယာနိုင်ငံတကာအဆင့်မီအထူးကုဆေးရုံကြီး)
#Health
#Dr. နွေးနွေးသန့်စင်
#YGN #Yangon_Times
#Daily_News
Published_ 16 September 2023
၁။ လာမည့်အောက်တိုဘာတွင် မန္တလေးရှိယဉ်ကျေးမှုဇုန်(၂)ခု၌ ဇုန်ဝင်ကြေးတိုးကောက်တော့မည်ဟုဆို
၂။ ရွှေတိဂုံရှိ X-Rayစက်များ စက်ချို့ယွင်းမှုများလာသဖြင့် X-Rayစက်အသစ်(၅)လုံးဝယ်ယူပြီးတပ်ဆင်သွားမည်ဟုဆို
၃။ ပြည်တွင်း ပြည်ပဝယ်လိုအားကြောင့် မြေပဲဈေးထက်ဝက်ခန့်ပိုမြင့်လာ
၄။ ဗီယက်နမ်စစ်ပွဲအတွင်းအမေရိကန်စစ်တပ်မှအသုံးပြုခဲ့သည့်ဗုံးအစအနများ ယနေ့ထက်တိုင်ဗီယက်နမ်ပြည်သူများကိုခြိမ်းခြောက်နေ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published_ 16 September 2023
အခုရက်ပိုင်းအတွင်း စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ သောင်ရင်းမြစ်ရေများကြီးမည်ဖြစ်၍ မဒေါက်မြို့၊ပဲခူးမြို့၊ မြဝတီမြို့နေထိုင်သူများ အထူးသတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။
စစ်တောင်းမြစ်သည် စိုးရိမ်ရေအမှတ်အထက်(၁)ပေခွဲခန့်ရှိနေပြီး နောက်(၁)ရက်အတွင်း (၂)လက်မခန့်မြင့် လာကာယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။
ပဲခူးမြစ်သည် စိုးရိမ်ရေအမှတ်အထက်(၂)လက်မကျော်နေပြီး နောက်(၁)ရက်အတွင်း (၂)လက်မခန့်မြင့် လာကာယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။
သောင်ရင်းမြစ်သည် စိုးရိမ်ရေအမှတ်အောက်(၂)ပေခန့်ရှိနေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေ အမှတ်တွင်တည်ရှိနိုင်သည်ဟု ဆိုသည်။
ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၇)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေအမှတ်အောက်သို့ပြန်လည်ကျဆင်းနိုင်ကြောင်း၊ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၈)လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။
#tthl #Local_News #စစ်တောင်းမြစ် #ပဲခူးမြစ်
#Yangon_Times
#Local_News
Published_ 16 September 2023
ရေနစ်သေဆုံးသော မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲ ဒုတိယဆုရှင် ရခိုင်လူငယ်ကွန်ပျူတာဆရာကိုနေထိန်ဝင်းကို ယနေ့သဂြိုလ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်၊ ညနေက ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊ ပြိုင်ချောင်းကျေးရွာအနီး ချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေချိုးကြစဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုနေထိန်ဝင်းမှာ ရခိုင်ပြည်နယ်ပုဏ္ဏားကွန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာကဖြစ်ပြီး ၂၀၂၁ ခုနှစ် မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ဒုတိယရရှိထားသူဖြစ်သည့်အပြင် ပညာရေး တက္ကသိုလ်(B.Ed) ကျောင်းဆင်း ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ထမ်းအဖြစ် တစ်နှစ်ကျော်ခန့် တာဝန်ထမ်းဆောင်ခဲ့ကာ ယခုအခါအလုပ်ထွက်ထားပြီး ဒေသခံလူငယ်များအား ကွန်ပျူတာသင်ကြားပေးနေသူလည်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၂၈ နှစ်အရွယ်သာ ရှိသေးသော လူငယ်တစ်ဦးဖြစ်ကြောင်း၊ ယင်းကိုနေထိန်ဝင်း၏ ရုပ်အလောင်းကိုဇာတိရွာအလယ်ချောင်းကျေးရွာသုသာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
#Local_News #သင်္ချာအိုလံပစ်ပြိုင်ပွဲဒုတိယဆုရှင် #ရခိုင်လူငယ်ကွန်ပျူတာဆရာ #ရေနစ်သေဆုံး #Yangon_Times/PP
မိုးမြေပဲဈေးကွက်အတွင်း စတင်ဝင်ရောက်ချိန်က ဝယ်လိုအားမရှိတဲ့အတွက် ကုန်သည်တွေက မြေပဲဖြူ အတောင့်တစ်တင်း ကို ၁၈၀၀၀ ကျပ် မှ ၂၃၀၀၀ကျပ် သာအမြင့်ဆုံးပေးတဲ့ အတွက်အစောပိုင်း ရောင်းချတဲ့ တောင်သူတွေအထိနာခဲ့တယ်လို့ ဆိုပါတယ်။
Published_ 16 September 2023
#မိုးမြေပဲဈေးကွက် #ပြည်တွင်းပြည်ပဝယ်လိုအား #မြေပဲဖြူ
#YMG/LW #Yangon_Times
‘‘ X-Rayစက်အဟောင်းတွေက ခဏခဏချို့ယွင်းလာတာတွေများလာတဲ့အတွက်ကြောင့်မို့ အသစ်ပြန်လဲဖို့ အိတ်ပိတ်တင်ဒါခေါ်ယူပြီးဝယ်ယူတပ်ဆင်သွားမှာဖြစ်တယ်။ X-Ray စက်သစ်(၅)လုံး ဝယ်ယူသွားမယ်’’ ဦးဘိုးသင်း၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်
Published_ 16 September 2023
#X-Ray #စက်အသစ်(၅)လုံးဝယ်ယူ
#tthl #Yangon_Times
Page 698 of 1840