၂၅ ဇူလိုင် ၂၀၂၄
ထိုင်းနိုင်ငံ ဆမွန်ပရာကန်ပြည်နယ် ဘန်ဘိုခရိုင်ရှိ ကလောင်ဒန်မှာ ဇူလိုင်၂၄ရက်ညက အရက်မူးနေတဲ့သူတစ်ဦးက ဓားနှင့် တိုက်ခိုက်တဲ့အတွက် မြန်မာအမျိုးသမီးတစ်ဦးသေဆုံးပြီး သူ့ခင်ပွန်းလည်းဒဏ်ရာရရှိသွားတယ်လို့ ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
သေဆုံးသူမှာ အသက် ၅၁နှစ်အရွယ် မြန်မာအမျိုးသမီး မီမီအေးဆိုသူဖြစ်ပြီး သူမဟာ တစ်ထပ်အဆောက်အဦက ငှားထားတဲ့ အခန်းရဲ့ရှေ့ လမးပေါ်မှာ လဲကျသေဆုံးနေတာတွေ့ရတယ်လို့ ရဲမှူး ပွန်ချိုင်း ကွမ်ကန်တော့ဒ်က ပြောပါတယ်။
သူမဟာ နှလုံးအပါအဝင် ခန္ဓာကိုယ်အနှံ့မှာ ဓားထိုးဒဏ်ရာ အချက်ပေါင်းများစွာရရှိထားပါတယ်။ သူမဟာ အခင်းဖြစ်ပွားနေရာ မှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။
သူမရဲ့ခင်ပွန်း အသက် ၃၈ နှစ်အရွယ် ဇင်ပန်ဟာလည်း တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာတွေရရှိခဲ့ကာ ဘန်ဘိုဆေးရုံသို့ အရေးပေါ်ကုသခံရန် ပို့ဆောင်လိုက်ရပါတယ်။
အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ “ဝင်း” ဆိုတဲ့ မြန်မာတစ်ဦးအပြောအရ အခန်းနံပါ(၉)မှာ ပြစ်မှူကျူးလွန်တဲ့ အသက်၂၉နှစ်အရွယ် ရာဇာကွန်ဟာ သူ့မိန်းမနှင့် အကြီးအကျယ်အော်ဟစ်ရန်ဖြစ်နေကြတာကို အခန်းနံပါတ်(၁)က မီမီအေးနှင့်ဇင်ပန်တို့က အသံလျှော့ပြောကြဖို့ သွားပြောခဲ့တယ်လို့ဆိုပါတယ်။
အဲသလိုလာပြောတာကိုမကျေနပ်လို့ ပြစ်မှုကျူးလွန်ခဲ့တဲ့သူက အပြင်မှာအရက်သောက်နေကြတဲ့ သူ့သူငယ်ချင်းတွေကို လူသွားစုဖို့ ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် အခန်း(၁)ကိုပြန်လာကာ ဇင်ပန်ကို ကိုယ်ထိလက်ရောက်စတင်တိုက်ခိုက်ခဲ့ ပါတယ်။ အဲဒီအခါ ဇနီးဖြစ်တဲ့ မီမီအေးက ရပ်တန့်သွားအောင်ကြိုးစားခုခံစဉ် ဓားနဲ့ အချက်ပေါင်းများစွာ အထိုးခံရတာဖြစ် ပါတယ်။
အသက် ၃၈နှစ်အရွယ်အိမ်နီးချင်းမြန်မာတစ်ဦးဖြစ်တဲ့ “စိုင်း”က သူဟာ လမ်းပေါ်မှာ မီမီအေးသွေးတွေအများအပြာနှင့်လဲကျ နေပြီး သူဘေးမှာ ဇင်ပန်က ထိုင်လျက်တွေ့ရလို့ ရဲကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်လို့သိရပါတယ်။
ပြစ်မှုကျူးလွန်သူဟာ ဇနီးဖြစ်သူနှင့် နှမဖြစ်သူတို့နှင့် အတူနေထိုင်ပြီး အဲဒီနှစ်ယောက်ကတော့ အမှုမှာမပတ်သက်ကြ ပါဘူး။
@ymg/knl
အပျော်စီးသင်္ဘောပေါ်မှာ အလုပ်လုပ်ကိုင်လိုတဲ့ အမျိုးသားအမျိုးသမီးသင်္ဘောသား
တွေအတွက် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာအခမဲ့သင်တန်း အပတ်စဉ် (၃)ကို ဩဂုတ်လမှာ ထပ်မံဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 25 July 2024
#အပျော်စီးသင်္ဘော #အင်္ဂလိပ်စာအခမဲ့သင်တန်း
#YMG/tthl #Yangon_Times
#Local_News
Published_25 July 2024
▪️ MNDAA က လားရှိုးမြို့အခြေစိုက်အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထားသည်ဆိုသောသတင်းမှာ မဟုတ်မှန်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်းဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများအား ယနေ့ ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားလိုက်သည်။
▪️ MNDAA ဦးဆောင်သော အဖွဲ့များက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိန်းချုပ်နိုင်ပြီဟု သတင်းများ ထုတ်ပြန်ရေးသားနေမှုအပေါ် ယင်းက အထက်ပါအတိုင်းတုန့်ပြန် ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။
▪️ လက်ရှိတွင် လားရှိုးမြို့စွန်ရပ်ကွက်များသို့ သောင်းကျန်းသူများ စိမ့်ဝင်လာသောကြောင့် လိုက်လံရှင်း လင်းနေကြောင်းလည်း သိရသည်။
▪️ တရုတ်၏တောင်းဆိုချက်အရ အပစ်အခတ်ကို ဇူလိုင်လကုန်ထိရပ်မည်ဟု MNDAA က ကြေညာချက်တစ်ခုကို ဇူလိုင်လ ၁၉ ရက် ရက်စွဲဖြင့် ဒုတိယအကြိမ်ထုတ်ပြန်ခဲ့သေးသည်။
▪️ ယင်းထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ၏ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများရပ်တန့်ရေးတောင်းဆိုချက်ကို တက်ကြွစွာတုံ့ပြန်ရန်အတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
#Yangon_Times/PP
#Local_News
Published 25 July 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းမပေါ်တွင် Hilux နှင့်Light Truck ယာဉ်တိုက်မှုဖြစ်ပွားရာနှစ်ဦး ေ-ဆုံးပြီး ခြောက်ဦးဒဏ်ရာရရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာ ဇူလိုင်၂၅ရက်နေ့၊ မနက် ၇ နာရီ ၁၀ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါယာဉ်တိုက်မှုကြောင့် Hilux ယာဉ်ပေါ်ပါ ကျား(၁)ဦး၊ မ(၃)ဦး ၊ စုစုပေါင်း (၄)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ(၁)ဦး (သေဆုံး)၊ Light Truckယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၁)ဦး ၊ စုစုပေါင်း(၄)ဦးအနက် ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကျား(၁)ဦး (သေဆုံး)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား မြို့မလူမှုကူညီရေးအသင်းနှင့် မြင့်မြတ်စေတနာလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် မှော်ဘီမြို့နယ်ပြည်သူ့ဆေးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 24 July 2024
၁။ မြန်မာ့အုန်းလက်မှုထုတ်ကုန်များ အရောင်းအေးနေ၊ ပွဲတော်ရာသီ၌ အရောင်းပြန်ဖြစ်ထွန်းနိုင်ဟုဆို
၂။ တိုက်ပွဲများကြောင့် ရန်ကုန်မြို့သို့ ရွှေ့ပြောင်းရောက်ရှိလာသူများလာ
၃။ မုတ်သုံအားအလွန်ကောင်းလာ၍ မိုးကြီးမည့်ဒေသများပိုများလာ
၄။ ဖိလစ်ပိုင်တွင်ဆန်ဈေးဆက်တိုက်မြင့်တက်နေသဖြင့် အများပြည်သူမကျေမနပ်ဖြစ်လာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၄ ဇူလိုင် ၂၀၂၄
မြန်မာနစကကိုယ်စားလှယ်အဖြစ် လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ဖို့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်မိုးကို အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကာအိုကင်မ်ဟိုအန်က ယနေ့ ဇူလိုင် ၂၄ ရက်က တွေ့ဆုံပြီး မြန်မာနှင့်အာဆီယံအကြား နှစ်ဘက်ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပါတယ်။ နှစ်ဘက်ဟာ အာဆီယံက လက်ရှိ ဆောင်ရွက်နေတဲ့ လူ့အသိုက်အဝန်းတည်ဆောက်ရေးကြိုးပမ်းအားထုတ်မှုတွေနှင့်ဆက်စပ်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြ တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
@ymg/knl
#Local_News
Published 24 July 2024
▪️ စနစ်ဟောင်း နဝမတန်းအောင်ပြီးတက္ကသိုလ်ဝင်တန်းဖြေခွင့်မရခဲ့သူများနှင့် စနစ်ဟောင်း၊စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးခဲ့သူများ လာမည့်၂၀၂၅တက္ကသိုလ်ဝင်စာမေးပွဲ၌ပြင်ပဖြေအဖြစ်ဖြေဆိုနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
▪️ ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စနစ်ဟောင်း နဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ခြင်း မရှိသော ကျောင်းသားကျောင်းသူများနှင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း
▪️ လာမည့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း စနစ်ဟောင်းနဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ခြင်းမရှိသော ကျောင်းသားကျောင်းသူများ နှင့် စနစ်ဟောင်း/စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများသည် ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုနိုင်သည် ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း သိရသည်။
#YMG/tthl #Yangon_Times
Page 702 of 2359