ယခုနှစ် ငါးသလောက်ဖမ်းစီးရရှိတဲ့ရာသီမှာ ဖမ်းစီးသူများတဲ့အတွက် မြစ်အတွင်းသို့ ငါးဖမ်းလှေငယ်များကို မဲစနစ်ဖြင့် အလှည့်ကျဆင်းကာ ငါးဖမ်းပိုက်ချခွင့်ရတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရှိ တစ်ပိုင်တစ်နိုင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
#Local_News
Published_6 January 2024
#ငါးသလောက်ဈေးကောင်း #မဲစနစ်ဖြင့်အလှည့်ကျငါးဖမ်းထွက်နေရ
#YMG/LW #Yangon_Times
"လေပြင်းဒဏ်ခံနိုင်အောင် နေအိမ် (၁၉၅၄၀)လုံးကိုပြင်ဆင်ပေးဖို့ ရှိတယ်။ အခုနှစ်မှာတော့ လေဘေးအတွက် တိုင်းဒေသကြီး/ပြည်နယ် ကိုးခုရှိနေအိမ်ပေါင်း ၁၉၅၄၀ လုံးကို ရန်ပုံငွေကျပ်သန်း ၉၄၅ ဒသမ ၅၈၀ ကျခံသုံးစွဲကာ အားဖြည့်ပြင်ဆင်သွားမယ်" လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း
#Local_News
Published_6 January 2024
#နေအိမ်(၁၉၅၄၀)လုံးကိုပြင်ဆင်ပေး #ဒေသ(၉)ခု
#tthl #Yangon_Times
#Local_News
Published-6 January 2024
စင်ကာပူနိုင်ငံ၏ အမြန်ရထားလိုင်း လုပ်ငန်းခွင်၌ မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦးပြုတ်ကျသေဆုံးမှုတစ်ခုဇန်နဝါရီ၄ရက်နေ့ကဖြစ်ပွားခဲ့ရာလက်ရှိတွင် ၄ လုပ်သားအတွက် ကူညီထောက်ပံ့မှုများပြုလုပ်ရန် ကန်ထရိုက်တာများနှင့် လက်တွဲဆောင်ရွက်နေကြောင်း နိုင်ငံတကာသတင်းဌာနတစ်ခု၏ ဖော်ပြချက် အရသိရသည်။
အဆိုပါ စင်ကာပူနိုင်ငံJurong ဒေသရှိ အမြန်ရထားလိုင်း လုပ်ငန်းခွင်၌ မပြီးစီးသေးသည့် ပလပ်ဖောင်းအစွန်း ၇ မီတာခွဲ (၂၄ ဒသမ ၇ ပေ) အမြင့်မှ ဇန်နဝါရီ ၄ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားပြုတ်ကျခဲ့ရာ အန်တန်ဖောင်အထွေထွေရောဂါကုဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့သော်လည်း ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
Jurong ဒေသ မီးရထားလိုင်းသည် စင်္ကာပူနိုင်ငံ၏ သတ္တမမြောက် အမြန်ရထားလိုင်းအဖြစ် ၂၀၂၇ ခုနှစ်မှာ အဆင့်သုံးဆင့်ဖြင့်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူ မြန်မာနိုင်ငံသားသည်ဂျန်ရှီ ဆောက်လုပ်ဖွံ့ဖြိုးတိုးတက်ရေးအုပ်စုမှ အလုပ်သမားဖြစ်ကြောင်းသိရသည်။
ယင်းမတော်တဆမှုဖြစ်ပြီးနောက် အမြန်ရထားဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်ငန်းများအားလုံးကို ချက်ချင်းရပ်တန့်ခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) ကို စနေနေ့ (ဇန်နဝါရီ ၆ ရက်) က မေးမြန်းခဲ့ရာမှာတော့ ဘေးကင်းရေးဖြစ်ရပ်တွေကို လေးနက်စွာရှုမြင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး လက်ရှိတွင် မတော်တဆမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန် ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ လူ့စွမ်းအားဝန်ကြီးဌာနနှင့် ပူပေါင်းဆောင်ရွက်နေကာ သေဆုံးသူ၏ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ထောက်ပံ့ကူညီမှုများပေးရန် ကန်ထရိုက်တာများနှင့် လက်တွဲဆောင်ရွက်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။
#Local_News #မြန်မာဆောက်လုပ်ရေးလုပ်သား #လုပ်ငန်းခွင်၌သေဆုံးခဲ့ #YMG/NN #Yangon-Times
#Local_News
Published_6 January 2024
ထိုင်းနိုင်ငံတာ့ခ်ခရိုင်၊ ဖွတ်ဖရမြို့နယ်နှင့်တကန်ကျနဘူရီခရိုင် စံခလဘူရီမြို့တို့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောကမလာသည့် မြန်မာနိုင်ငံသား ၄၀ကျော် အဖမ်းခံရကြောင်း ထိုင်းသတင်းဌာန၏ ဖေါ်ပြချက်အရသိရသည်။
ဇန်နဝါရီလ ၃ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် အဖမ်းခံရခြင်းဖြစ်ပြီး ကန်ကျနဘူရီခရိုင် စံခလဘူရီမြို့ နောင်လူကျေးရွာ အုပ်စု၂ ဝတ်ဝမ်မူဘန့်အတွင်း ထာ့နမ်းလမ်းကြား ၄ တွင် ရေလမ်းကြောင်းဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား ၅ဦးတွင် ကလေးငယ် ၁ဦးပါဝင်ကြောင်း သိရသည်။
တာ့ခ်ခရိုင်၊ ဖွတ်ဖရမြို့နယ်တွင်လည်း မြန်မာအလုပ်သမား ၃၆ ဦး တရားမဝင် နယ်စပ်ဖြတ်ကျော်လာသဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူများကို ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်ရန် သက်ဆိုင်ရာမြို့နယ် ရဲစခန်းများ သို့ လွှဲပြောင်းပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာအလုပ်သမား၄၀ကျော်အဖမ်းခံရ #YMG/LW #Yangon_Times
၅ ဇန်နဝါရီ ၂၀၂၄
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စများကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Sun Weidong မစ္စတာ စွန်းဝေတုန် တို့ နေပြည်တော်တွင်ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံသို့ရောက်ရှိလာတဲ့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာစွန်းဝေတုန်ဟာ ယနေ့ ဇန်နဝါရီ ၅ ရက်နေ့မနက်ပိုင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နယ်နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာတွင်တွေ့ဆုံစဉ် နယ်စပ်ကိစ္စ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ် များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတာလို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ နစကက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H. E. Mr. Chen Hai ၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
-ymg/knl
#Daily_News
Published_5 January 2024
၁။ ရန်ကုန်တွင် ချောင်းဆိုး၊ ဖျားနာသူများ ပြန်များလာ၍ Mask များ ပြန်တပ်လာ
၂။ ဓါတ်မြေဩဇာဈေးနှုန်းများ ကြီးမြင့်လာသည့်အတွက် ဇီဝသဘာဝမြေဩဇာတွဲဖက်အသုံးပြုနိူင်ရန် တောင်သူများကို သင်တန်းများပို့ချပေးနေဟုဆို
၃။ မြန်မာ့ဝါးလက်မှုထည်များ တစ်လလျှင်ကျပ်သိန်းရာကျော်အထိ ဝင်ငွေရရှိအောင် ရောင်းအားကောင်းနေ
၄။ ဂါဇာမြို့တွင် လူအများအပြားသောင်တင်နေဆဲဖြစ်ကာ အစာရေစာပြတ်လပ်နေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
'အရင်ကတရုတ်ကိုတင်တာ အခုနောက်ပိုင်းကတော့ ဒီလမ်းကြောင်းအနေအထားအရ ဈေးလည်းသိပ်အဆင်မပြေဘူး၊ တစ်လုံးတစ်ထောင်၊ ၈၀၀လောက်ပဲရတယ်၊ စိုက်သမားတွေကမြေဩဇာဈေးနဲ့ဆိုတော့ အလုပ်မရှိလို့သာလုပ်နေရတာ၊ သိပ်အဆင်မပြေဘူး၊ ဖြန့်တာကလမ်းမှာ ထိုင်ရောင်း၊ မြိတ်မြို့ပေါ်တက်ရောင်းအဲ့လောက်ပဲရတယ်'
#Local_News
Published_5 January 2024
#တနင်္သာရီဒေသထွက်ဖရဲ #ဈေးရရှိမှုနည်းပါး
#YMG/NN #Yangon Times
Page 703 of 2042