#Local_News
Published 27 November 2024
▪️ တောင်ကြီးနှင့် အင်းလေးဒေသခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်နှင့်အတူ နိုဝင်ဘာ၂၅ရက်နေ့ က တောင်ကြီးနှင့် ညောင်ရွှေမြို့များသို့ သွားရောက် ကွင်းဆင်းဆောင်ရွက်ကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
▪️ ထိုသို့လေ့လာရာတွင် မနက်ပိုင်း၌ တောင်ကြီးမြို့၏ အထင်ကရခရီးသွားဆွဲဆောင်ရာနေရာဖြစ်သည့် ရွှေဘုန်းပွင့်ဘုရားနှင့် မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်၍ ဘုရားဖူးခရီးသွားလုပ်ငန်းဆောင်ရွက်နိုင်မှုကို ကြည့်ရှုပြီး အလှူငွေများပေးအပ်ခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် Villa Inle Boutique Resort သို့ သွားရောက်၍ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့သည် ညောင်ရွှေခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များအား ညောင်ရွှေမြို့ရှိ Aureum Palace Hotel ၌ တွေ့ဆုံ၍ ညောင်ရွှေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများအဆင်ပြေစေရေးနှင့် လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက်ရေး၊ ဒေသထွက်အစားအစာနှင့် ရိုးရာလက်မှုပစ္စည်းများ၊ အမှတ်တရလက်ဆောင်များ ထုတ်လုပ်ရောင်းချခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
▪️ ၎င်းနောက် စီးပွားရေးရာဝန်ကြီးက ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးပြီး တက်ရောက်လာသည့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဟိုတယ်လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times