#Local_News
Published 17 January 2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဓါတ်တိုင်များ ပြိုလဲခြင်း၊ လူနေအိမ်ပြိုလဲခြင်းနှင့် အမိုးလန်မှုများဖြစ်ပွားခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဇန်နဝါရီ (၁၆)ရက် နေ့လည် (၃)နာရီခွဲအချိန်ခန့်က မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ပွတ်စုကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာအုပ်စု၊ မယ်ဇလီတန်းကျေးရွာအုပ်စုများတွင် ဓါတ်တိုင်များပြိုလဲခဲ့ရကြောင်း သိရသည်။
ထို့အပြင် နတ်တလင်းမြို့နယ်အတွင်းရှိ တာပွန်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ ဘုဒလက်ကုန်း၊ ရှားဖြူကုန်း၊ ရေကြည်၊ ကျွန်းကတုတ်၊ ကုန်းသာ၊ မယ်ဇလီတန်း၊ ပွတ်စု၊ ဒေါကျော်ရွာ၊ ကျေးလက်ကျေးရွာများတွင် လူနေအိမ်ပြိုလဲခြင်းနှင့် အမိုးလန်မှုများ ဖြစ်ပွားခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နတ်တလင်းမြို့နယ်မီးသတ်စခန်းနှင့် တာပွန်နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းလေဘေးသင့်ပြည်သူများအား နီးစပ်ရာဆွေမျိုးများ နေအိမ်များသို့ ကူညီပို့ဆောင်ပေးခဲ့ရာလုပ်ငန်းစဉ်များအားလုံး ည၈နာရီဝန်းကျင်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
#Local_News #မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ် #လူနေအိမ်ပြိုလဲ #YMG/LW #Yangon_Times
"ဟိုပုန်းဒေသမှ စတော်ဘယ်ရီသီးတွေကို အခုစတင်ထွက်လာရှိချိန်မှာတော့ ဈေးနှုန်းအနေနဲ့ တစ်ပိဿာကို ၂၅၀၀၀နဲ့ ၅၀သားကို ၁၂၅၀၀နဲ့ ရောင်းချပေးနေတယ်"ကုန်စိမ်းနှင့် သစ်သီးဝလံများ လက်ကားရောင်းချနေသူတစ်ဦး
#Local_News
Published_ 17 January 2024
#ဟိုပုန်းထွက်စတော်ဘယ်ရီ #ကုန်စိမ်းနှင့်သစ်သီးဝလံများရောင်းချသူ
#tthl #Yangon_Times
#Local_News
Published 17 Jaunary 2024
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ခရေလမ်းခွဲနှင့် ၁၀၆ မှတ်တိုင်ကြားတွင် စက်ရုံဝန်ထမ်းကြို/ပို့ ဖယ်ရီ ဒိုင်နာကားနှင့် ကွန်တင်နာတင်တွဲယာဉ်တို့တိုက်မိသဖြင့် ဖယ်ရီကားပေါ်ပါလာသည့် စက်ရုံဝန်ထမ်း၃၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကြယ်စင်မေတ္တာပရဟိတ အသင်းထံမှ သိရသည်။
ဇန်နဝါရီလ ၁၇ ရက် နံနက်၇နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၁၁ ဦး၊အမျိုးသမီး၂၁ဦး စုစုပေါင်း ၃၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်ထန်ကြောင်း သိရသည်။
"သေဆုံးတာတော့ မရှိဘူး ၃၂ ဦးမှာ တစ်ဦးကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး အနည်းငယ်စိုးရိမ်ရတဲ့ အနေထားပါ အခုယာဉ်တိုက်မှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေက စက်ရုံဝန်ထမ်းတွေမှာ ဖော့ကန်အောင်ဆန်းနားက စက်ရုံလို့သိရပါတယ်"ဟု ကြယ်စင်မေတ္တာ ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုတွင် ဖယ်ရီကားမောင်းသူမှာ တိုက်မိသည့်အရှိန်ကြောင့် ယာဉ်အတွင်း ညှပ်မိနေသဖြင့် ကယ်ထုတ်ပေးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းမြေပြင်ကူညီပေးခဲ့သည့် ကြယ်စင်မေတ္တာပရဟိတအသင်းထံမှ သိရသည်။
#Local_News #စက်ရုံဖယ်ရီကားနှင့်တွဲကားတိုက် #ဝန်ထမ်း၃၀ကျော်ထိခိုက်ဒဏ်ရ #YMG/LW #Yangon_Times
#Daily_News
Published_ 16 January 2024
၁။ အစ်မတော်မြနန်းနွယ်၏ (၁၁၇) နှစ်မြောက်မွေးနေ့(၃)ရက်တိုင်တိုင် ကျင်းပမည်
၂။ ဇန်နဝါရီအတွင်းရောင်းချရမည့် ဆန်ဈေးနှုန်းများ ယခင်လထက်အမြင့်ဆုံး တစ်အိတ်လျှင်ကျပ်လေးသောင်းအထိမြင့်တက်လာ
၃။ ဝါးနက်ဆင်စခန်း၏ ပထမဆုံးဆင်လေးငြိမ်းချမ်းဦးမွေးဖွားပြီး ကျန်းမာရေးကောင်းမွန်
၄။ ပြည်တွင်းဈေးကွက်တွင်ဝယ်လိုအားတက်လာသည့် လူလုပ်တရုတ်ကျောက်မျက်ရတနာတုများ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 16 January 2024
၂၀၀၂၄ခုနှစ်ဘောလုံးရာသီအတွက်ဟံသာဝတီယူနိုက်တက်အသင်းဂိုးသမား ပြည့်ဖြိုးအောင်နှင့် ဒုတိယမြောက်အားဖြည့်မှုအဖြစ်မြန်မာ့လက်ရွေးစင်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းမှ ဝေလင်းအောင် ကို ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူခဲ့ကြောင်းယင်းအသင်းမှသိရသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄ ဘောလုံးရာသီအတွက် ရာသီကြိုပြင်ဆင်မှုအဖြစ်ဟံသာဝတီယူနိုက်တက်အသင်းဂိုးသမား ပြည့်ဖြိုးအောင်ကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းသို့ ခေါ်ယူထားပြီးဖြစ်ကြောင်းသိရသည်။
“ဆောက်သမ်းမြန်မာအသင်းမှာ ကတည်း ရန်ကုန်ယူနိုက်တက်မှာ ကန်ချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ အသင်းကြီးတစ်သင်းမှာ ကန်ခွင့်ရဖို့နဲ့ AFC မှာ ကန်ချင်တာ က ကျွန်တော်ရဲ့ ရည်မှန်းချက်ပါ။ အသင်းနဲ့အတူ ပွဲတိုင်းကို အကောင်းဆုံး ကျော်ဖြတ်ပြီး ချန်ပီယံ ရရှိအောင် ကြိုးစားချင်ပါတယ်” ဟုပြည့်ဖြိုးအောင်ကဆိုသည်။
အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ဝါရင့်ဂိုးသမား ပြည့်ဖြိုးအောင် သည် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ပေါ်ထွန်းခဲ့သည့် ကစားသမား တစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်ကစားသမားဘဝကို ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ် လိဂ် ပြိုင်ပွဲ စတင်ကျင်းပချိန်ကတည်းက ဆောက်သမ်းမြန်မာ အသင်း တွင် ကစားခဲ့သူဖြစ်သည်။ ဆောက်သမ်းမြန်မာ အသင်း၌ ကစားခဲ့စဉ်ကာလအတွင်း မြန်မာယူ-၁၇၊ ၁၉၊ ၂၀၊ ၂၃ စသည့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများတွင် ရွေးချယ်ခံခဲ့ရသလို ၂၀၁၁ ခုနှစ်တွင်လည်း မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းအတွက် ရွေးချယ် ခြင်းခံခဲ့ရသူဖြစ်ကြောင်းသိရသည်။
ဆောက်သမ်းမြန်မာအသင်းနှင့် ၁၁ နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ဟံသာဝတီယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး (၃) နှစ် ပါဝင်ကစားခဲ့ကာ ယခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ကို ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထို့အပြင် မြန်မာ့ လက်ရွေးစင်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း ကွင်းလယ်ခံစစ် ကစားသမား ဝေလင်းအောင် ကို တစ်ရာသီစာချုပ်ဖြင့် ချုပ်ဆိုခေါ်ယူလိုက်ပြီ ဖြစ်ကြောင်းသိရသည်။
“ရန်ကုန်ယူနိုက်တက်အသင်းလို အသင်းကြီးမျိုးကို ရောက်လာရတဲ့အတွက် ပျော်ပါတယ်။ အရင်ကတည်းကလည်း ရန်ကုန်အသင်းမှာ ကစားချင်ခဲ့တာပါ။ အသင်းနဲ့အတူလည်း အောင်မြင်မှုတွေယူချင်ပါတယ်” ဟု ဝေလင်းအောင် ကဆိုသည်။
လူငယ်ကစားသမားတစ်ဦးဖြစ်သည့် ဝေလင်းအောင်သည် အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး)တွင် ဘောလုံးပညာကိုလေ့လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှစတင်ကာ အား/ကာသိပ္ပံအသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ တွင်စတင်ကစားခဲ့ ကြောင်းသိရသည်။ ထိုအသင်းနှင့်အတူ ယူ-၂၀၊ ယူ-၂၁ စသည့် လူငယ်အသင်းတွင်ကစားခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်-၂ တွင်သို့ တက်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ အား/ကာသိပ္ပံ အသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ် သို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။
ခြေစွမ်းကောင်းပြသနေသည့် ဝေလင်းအောင်သည် ၂၀၂၂ ခုနှစ်တွင် ဒဂုံစတားယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး နှစ်နှစ်ဆက်ကစားပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ကသာမြို့ဇာတိဖြစ်သည့် ဝေလင်းအောင် သည် ၂၀၂၂ ခုနှစ် ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်းရွေးချယ်ခြင်းခံခဲ့ရသူတစ်ဦးဖြစ်ကြောင်းသိရသည်။
#Local_News #ဝေလင်းအောင်ကို ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ #YMG/ NN #Yangon-Times
"၂၀၂၃ ရုံတင် ၃၅ ကားထဲ ဒုတိယအဆင့် ၁၂ကားတက်လာပြီး အမှတ်ပေးရွေးချယ်ထားပါတယ်။ အဲ့မှာ ကောင်းတဲ့သူတွေနဲ့ အပြိုင်တွေများလို တတိယအဆင့်ထပ်ကြည့်ရွေးချယ်ပြီး စာအိတ်တွေ ချိတ်ပိတ်ထားပြီးကျွန်တော်တို့ ဆီရောက်လာပါပြီ။ ပွဲနေ့ကျသိရတော့မှာပါ" ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးအကဲဖြတ်အဖွဲ့ ဥက္ကဌဦးဇော်မြင့်ဦး
#Local_News
Published_ 16 January 2024
#အကယ်ဒမီ #ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးအကဲဖြတ်အဖွဲ့
#tthl #Yangon_Times
#Local_News
Published_ 16 January 2024
လွန်ခဲ့သော(၂၄)နာရီအတွင်းက နေပြည်တော်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မိုင်းဆတ်မြို့နှင့် နေပြည်တော်(ဇမ္ဗူသီရိမြို့နယ်)တို့တွင် (၀.၁၆) လက်မစီ၊ နေပြည်တော်(ဥတ္တရသီရိမြို့နယ်)နှင့် နေပြည်တော်(ဇေယျာသီရိမြို့နယ်)တို့တွင် (၀.၁၂) လက်မစီနှင့် ကျိုင်းတုံမြို့နှင့် ဧလာမြို့တို့တွင် (၀.၀၄)လက်မစီတို့ ရှိခဲ့သည်ဟုဆိုသည်။
ဇန်နဝါရီလ(၁၇)(၁၈)ရက်တို့တွင်ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်း သိရသည်။
ညအပူချိန်များ အနေဖြင့် ချင်းပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်နှင့် နေပြည် တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်လ(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီ လ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄) ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။
ထူးခြားသည့် ညအပူချိန်များအဖြစ် ဟားခါးမြို့တွင် (-၁)ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့နှင့် တီးတိန်မြို့တို့တွင် (၄)ဒီဂရီစင်တီဂရိတ်စီနှင့် ပူတာအိုမြို့၊ ကျောက်မဲမြို့၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)၊ မိုင်းယန်းမြို့၊ မတူပီမြို့၊ ပြင်ဦးလွင်မြို့နှင့် မိုးကုတ်မြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီတို့ ရှိခဲ့ကြောင်း သိရသည်။
#Local_News #ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်း #ညအပူချိန်ကျနိုင် #tthl #Yangon_Times
Page 684 of 2042