Published_11 March 2024
၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့တွင် ဖြေဆိုသူ စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း(၁၁၄)ခရိုင်၊ မြို့နယ် ပေါင်း(၂၈၅)မြို့နယ်၊ စာစစ်ဌာနပေါင်း (၇၉၄)ဌာန ၊စာရင်းရှိ ( ၁၄၆၅၂၃ ) ဦး အနက် လာရောက်ဖြေဆိုသူ ဦးရေမှာ (၁၂၈၈၀၁)ဦး ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့ မတ်လ ၁၁ ရက်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ များ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ပထမနေ့ မြန်မာစာဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန ၄၇ ခု၌ စာရင်းရှိ ကျောင်းသား ၃၇၅၀ ဦး၊ ကျောင်းသူ ၄၉၂၆ ဦး၊ စုစုပေါင်း ၈၆၇၆ ဦး ရှိသည့်အထဲမှ ကျောင်းသား ၃၆၁၅ ဦး၊ ကျောင်းသူ ၄၈၁၃ ဦး၊ စုစုပေါင်း ၈၄၂၈ ဦး ဝင်ရောက်ဖြေ ဆိုကြောင်း သိရသည်။
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ တွင်လည်း တက္က သိုလ် ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ အပါ အဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ဖြေဆို ရာခိုင်နှုန်းမှာ (၈၇ ဒသမ ၉၀ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေး ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြန်မာစာ ဘာသာရပ်ကို စတင်ဖြေဆိုပြီး မတလ် ၁၂ ရက် အင်္ဂါနေ့တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် သင်္ချာဘာသာရပ်၊ မတ် လ ၁၄ ရက် ကြာသပတေးနေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ်လ ၁၅ ရက် သော ကြာနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ်လ ၁၆ ရက် စနေနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရ မည်ဖြစ်၍ မတလ် ၁၇ ရက် တနင်္ဂနွေနေ့ကို ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။
ယင်းနောက် မတ်လ ၁၈ ရက် တနင်္လာနေ့တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ မတ်လ ၁၉ ရက် အင်္ဂါနေ့တွင် စိတ်ကြိုက်မြန်မာစာ စသည်ဖြင့် အသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_11 March 2024
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ မန္တလေးသို့ ရေလမ်းကြောင်းအတိုင်း စက်တပ်လှေဖြင့် သယ်လာ သောငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅ဝ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရသည်။
မတ်လ ၆ ရက်ကမန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်အတွင်း စက်တပ်လှေငယ် ၂ စီးဖြင့် မီးသွေး အိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၅၀ နှင့် သယ်ဆောင်လာသူများ ဖြစ်သော ရာဇာမိုး၊ မလမင်းနွယ်၊ သိန်းဇော်(ခ) ချစ်မွှေး၊ အောင်ပိုင်၊ မဖြူဖြူထွေး နှင့် မယမင်းသူ(ခ) မင်းမင်း တို့ ၆ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။
ယင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရစောင့်ဆိုင်းဖမ်းဆီးမိခဲ့ခြင်းလည်း ဖြစ်သည်။
၎င်းအပြင်သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ခိုင်းသည့် စိုင်းမင်းသူ နှင့် ပူးပေါင်းပါဝင်သူ ထွန်းသန်း တို့အား မတ်လ ၇ ရက် က မတ္တရာမြို့နယ်၊ ဆည်တော်ကျေး ရွာတွင် ဆက်လက်ဖမ်းဆီး ရမိခဲ့ ကြောင်း၊ယခုအခါ ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 11 March 2024
၁။ မော်တင်စွန်းဘုရားပွဲတော်စတင်၊ နဂါးစာ အာဟာရဒါနပြုလုပ်သူများပြား
၂။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုနေ၊ မြန်မာစာမေးခွန်းလွယ်ဟုဆို
၃။ ဆိတ်မွေးမြူရေးဈေးကွက် လာမည့် သင်္ကြန်နှစ်ကူး ပြီး ကာလမှသာ ပြန်လည်ကောင်းမွန်နိုင်မည်ဟုဆို
၄။ ငွေကြေးရန်ပုံငွေအရှုပ်တော်ပုံတွင် ပါဝင်သည့် လွှတ်တော်အဖွဲ့ဝင်များကို စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးပေးရန် ဂျပန်ပြည်သူများဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
အခုလကုန်ကစပြီး မလေးရှား calling visa က ပိတ်ပြီဆိုတော့ ပွဲစားတွေက အမြန်သွားရမယ် ဘာညာနဲ့လိမ်တာတွေ ဖြစ်လာနိုင်တယ် ဒီလိုတွေမဖြစ်ဖို့ မလေးရှားကိုသွားမယ်ဆိုရင် အခုလမကုန်ခင်မှာ တရားဝင်အေဂျင်စီတွေမှာ တိုက်ရိုက်သွားပြီး သေချာစုံစမ်းပြီးမှသာ လုပ်ဆောင်ဖို့ သတိပေးချင်ပါတယ်။
Yangon Times/LW
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
MFFမှ ဘောလုံးပညာတွေကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ နံနက် ၇ နာရီ ၃၀မိနစ် မှ ၉ နာရီအထိ လူငယ်ဘောလုံးသင်တန်း သားတွေကို သင်ကြားပေးနေတယ်။
Yangon Times/tthl
#မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်(MFF)
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 11 March 2024
၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ အထက(၂) စာစစ်ဌာနမှ ဖြေဆိုခွင့်ကတ်ကျန်ခဲ့သူ ကျောင်းသူ(၁) ဦး အား အမှတ် (၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ နေအိမ်သို့ ကူညီ၍ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး ဖြေဆိုခွင့်ကတ်ပြန်ယူကာကျောင်းသို့ ပြန်လည်ပို့ဆောင်ဖြေဆိုစေခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ပေးခဲ့ကြောင်းကို အမှတ် (၁၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့) East Shan State Traffic Police Facebook page၌ ဖော်ပြထုတ်ပြန်ချက်အရသိရခြင်းဖြစ်သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့ မတ်လ (၁၁) ရက် နံနက် (၉) နာရီတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ကျင်းပနေပြီဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့ မတ်လ (၁၁) ရက်မှ စတင်ကာ မတ်လ (၁၉) ရက်အထိ နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 March 2024
ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးသုံးခုမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထားသည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ်၅၇စီးအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးလုပ်ငန်းကော်မတီ(လေလံတင်ရောင်းချရေးလုပ်ငန်းကော်မတီ) ၏ ထုတ်ပြန်ချက်အရသိရသည် ။
အဆိုပါကဲ့သို့ရောင်းချရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထိန်းသိမ်းထားသည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ် များအား ရောင်းချသွားမည်ဖြစ်ပြီး ရေယာဉ်တွေကို မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့်လေလံတင်ရောင်းချသွားရန်စီစဉ်ထားကြောင်း ဆသိရသည်။
ထိုကဲ့သို့ ရောင်းချသွားမည့် ရေယာဉ်များမှာ ကော့သောင်းခရိုင်မှ (၇) စီး၊ ဘုတ်ပြင်းခရိုင်မှ (၅) စီး၊ မြိတ်ခရိုင်မှ (၁၅) စီး၊ ဖျာပုံခရိုင်မှ (၂၃) စီးနှင့် ရန်ကုန်တိုင်းဒေသကြီး၌ (၂) စီး ဖြစ်ကြောင်းသိရသည်။
အဆိုပါ လျှောက်လွှာများကို မတ်လ ၈ ရက်မှ ၂၅ ရက်အထိ ရောင်းချသွားမည် ဖြစ်ပြီး နေ့စဉ်ရုံးဖွင့်ချိန်ဖြစ်သည့် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ နေပြည်တော်က ရုံးအမှတ် (၃၆)၊ ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ ဝယ်ယူလိုသူများ အနေဖြင့် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများသို့ သွားရောက်ဆက်သွယ်ပြီး ရေယာဉ်များ၏ မျက်မြင်အခြေအနေများကို ကြည့်ရှုရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လျှောက်လွှာ တစ်စောင်လျှင် ကျပ် ၅၀၀၀ ကျသင့်မည် ဖြစ်ပြီး မတ် ၂၉ ရက်၊ ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၃၆)၊ ပဏ္ဍိတလမ်း၊ နေပြည်တော်၌ လေလံတင်ရောင်းချသွားမည် ဖြစ်သည် ။လေလံဆွဲသူသည် ဝယ်ယူမည့် ရေယာဉ် (၁) စီးချင်းအတွက် စဘော်ငွေကို နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၌ Payment Order Cheque (P.O) ဝယ်ယူပြီး လေလံပွဲမတိုင်မီ မတ်လ ၂၆ ရက် နောက်ဆုံးထားပြီး လေလံတင်ရောင်းချရေးကော်မတီကို တင်ပြရမည်ဖြစ်ကြောင်း၊အသေးစိတ်သိရှိလိုပါက၀၆၇-၄၁၈၅၃၁၊၀၆၇-၄၀၈၄၇၇ ကို ဆက်သွယ်နိုင်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 587 of 2042