ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကကြီးမှူးကျင်းပတဲ့ မဲခေါင်−ဂင်္ဂါ အစားအစာပွဲတော်ကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၌ ကျင်းပခဲ့ပါတယ်။
အဲဒီမဲခေါင်-ဂင်္ဂါ အစားအစာပွဲတော်ဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အိန္ဒိယသံအမတ်ကြီး မစ္စတာ Abhay Thakur နှင့် အခြားဖိတ်ကြားထားသည့်လူမှုအဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါတယ်။
အဆိုပါ ပွဲတော်ကို မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုတိုးတက်ရေးရည်ရွယ်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနှင့် အိန္ဒိယ ရိုးရာအစားအစာများ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် လက်မှုပစ္စည်းအရောင်းဆိုင်များ ကို ခင်းကျင်းပြသရောင်းချပေးခဲ့ကြပါတယ်။
မဲခေါင်−ဂင်္ဂါ အစားအစာပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွား အမျိုးသမီးများအသင်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်တို့ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ပါ တယ်။
Mnn/ymg