#Local_News
Published_ 14 March 2024
ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ နှင့်စာရင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ဖွဲ့စည်းပြီးဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ ယခုလိုထည့်သွင်း ပြောထားသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးစိုးသိန်းက စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ ၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ၁၄.၂.၂၀၂၄ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၂/၂ဝ၂၄) ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊
ထို့ကြောင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် စာရင်းကောက်ယူရေးအဖွဲ့များအား ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊
ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင်အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့် ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းရန် ကာလမှာ ၂၄ လဖြစ်ပြီး တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လ ထက်မပိုသည့်ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန်ဖြစ်ကြောင်း၊ နိုင်ငံတော် တွင်အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင် ကြောင်းကိုလည်း ဥပဒေတွင် ဖော်ပြထားပြီးဖြစ်ကြောင်း၊
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အတွက် စာရင်းဇယားကောက်ယူရာတွင် တိတိကျကျနှင့် မှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဥပဒေကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေးနှင့် သဘောပေါက်နားလည်စေရေးတို့အတွက် ရှင်းလင်းဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ကားဂိတ် များ၊ ဈေးများတွင် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်သွားရမှာဖြစ် ကြောင်း၊ လုပ်ဆောင်မှုအခြေ အနေများကို ဗဟိုအဖွဲ့သို့ ပြန် လည်တင်ပြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ရှင်းလင်းဆွေးနွေးပြီး ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းကရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
#Local_News #ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ #စာရင်းကောက်ယူရေးအဖွဲ့များဖွဲ့စည်းပြီးဖြစ် #tthl #Yangon_Times
#Local_News
Published 14 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီး တွင် ကွန်တိန်နာနှင့်Taxiတို့ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ေ-သဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်ပရဟိတအသင်းများထံ က သိရသည်။
မတ်လ ၁၃ ရက် ည ၁၀နာရီ ၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ကာ သတင်းအရဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁) စီး ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အငှားယာဉ်မောင်းမှာ ယာဉ်ခေါင်းခန်းအတွင်း ညှပ်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သော်လည်း (၁၁)နာရီအချိန်တွင်ေ-သဆုံးလျက်အနေထားဖြင့် ထုတ်ယူခဲ့ရပြီး အဖြူရောင်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ဒဂုံမြို့သစ်အရှေ့ပိုင်း #ယာဉ်တိုက်မှုဖြစ် #အမျိုးသားတစ်ဦးေ-သဆုံး #YMG/LW #Yangon_Times
#Daily_News
Published_ 13 March 2024
၁။ မလေးရှားရှိ မြန်မာသံရုံးတွင် CI လျှောက်ထားမှုကို လာမည့် မတ်လ၁၈ ရက်မှစပြီး အွန်လိုင်းမှ QR code ရက်ချိန်းရယူသည့်စနစ် ပြောင်းလဲဆောင်ရွက်ပေးမည်ဟုဆို
၂။ ယခုနှစ်ကြံကြိတ်ခွဲရာသီအတွက် ကြံကြိတ်ခွဲမှု ၅၀%ခန့်သာပြီးစီး
၃။ YBS ယာဉ်အနုကြမ်းစီးပြီး လုယက်ခံရခြင်းမဟုတ်သလို လုံခြုံရေးလည်းစီမံပေးထား၍ ခရီးသွားပြည်သူများ မစိုးရိမ်ရန်ပြော
၄။ စီးပွားရေးကြပ်တည်းနေသော်ငြား မွတ်ဆလင်ဥပုသ်လပွဲတော်အတွက် ရောင်စုံမီးအိမ်များ အီဂျစ်မြို့တော်၌ရိုးရာမပျက်ဝယ်ယူအလှဆင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရာသီဥတုအပူချိန်မြင့်လာတဲ့အတွက် ပဲခူးတိုင်းဒေသကြီးပြည်မြို့ရှိ အပန်းဖြေဆင်စခန်းတွေမှာ ဆင်စီးခွင့်ကို မွန်းတည့် ၁၂နာရီမှ ညနေ ၃နာရီအထိ ခေတ္တရပ်နားထားတယ်လို့ ပြည်ဆင်စခန်းရှိ တာဝန်ရှိသူတွေထံက သိရပါတယ်။ အခုလို ရာသီဥတုပူလာတဲ့အတွက် အပူရှိန်ကြောင့် ဆင်များရဲ့ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်တဲ့အတွက် အခုလို အချိန်သတ်မှတ်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်
#Local_News
Published_ 13 March 2024
#အပန်းဖြေဆင်စခန်း #ဆင်စီးခွင့်
#YMG/LW #Yangon_Times
#Local_News
Published_ 13 March 2024
သဘင်လောကသားများကို မတ်လ(၁၃)ရက်မှ (၂၁)ရက်အထိ မျက်စိအခမဲ့ခွဲစိတ်ကုသပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) မှ သိရသည်။
ကျေးဇူးတော်ရှင် တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိကဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရနှင့် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်ဘဒ္ဒန္တပညာသီရိလင်္ကာရတို့နှစ်ပါး ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) နှင့် ပူးပေါင်း၍ ပြည်တွင်းပြည်ပမျက်စိအထူးကု ဆရာဝန်ကြီးများမှ အခမဲ့ခွဲစိတ်ကုသပေးနေခြင်း ဖြစ်သည်။
မျက်စိခွဲစိတ် ကုသသည့် နေ့ရက်များတွင်ကျွေးမွေးဧည့်ခံခြင်းများကို မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) မှတာဝန်ယူ စီစဉ်ပေးမည် ဖြစ်ပါသည်။
နယ်မှ လာရောက်မည့်သူများအားလည်း တည်းခိုနေထိုင်ရန် စီစဉ်ပေးမည် ဖြစ်သည်။
သို့ဖြစ်ပါ၍မျက်စိခွဲစိတ်ကုသမှုခံယူလိုသူများအား ဆက်လက် လက်ခံပေးနေပါသဖြင့်
(၁) အမည် (၂) အသက် (၃) မှတ်ပုံတင်
(၄) သက်ဆိုင်ရာ မြို့နယ်/ပြည်နယ်/တိုင်းဒေသကြီး သဘင်အစည်းအရုံးထောက်ခံစာတို့နှင့်အတူ
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ရုံး
အမှတ် (၁၃၅)၊ ၂၁ လမ်း (ထက်)၊ လသာ မြို့နယ် 095189490 သို့ ကြိုတင်စာရင်းပေးပို့ကြပါရန် နှိုးဆော်အပ်ထားကြောင်း သိရသည်။
#Local_News #မျက်စိအခမဲ့ခွဲစိတ်ကုသခြင်း #သဘင်လောကသားများ #tthl #Yangon_Times
#Local_News
Published 13 March 2024
ပြည်ပထွက်ခွာသူများပြားနေသောကြောင့် ပြည်တွင်း CMP အထည်ချုပ်လုပ်ငန်းများကျွမ်းကျင်လုပ်သားရှားပါးနေကြောင်း အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ကျွမ်းကျင်လုပ်သားများသည် ကာတာ၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ လာအိုစသည့်ဖြင့် နိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ကြသောကြောင့် လုပ်သားရှားပါးနေကြောင်း သိရသည်။
'ကျွမ်းကျင်လုပ်သားရှားပါးတာတော့ အတော်လေးကိုရှားနေတာပါ၊ အထည်ချုပ်မိန်းကလေးတွေကလည်း ကာတာတို့ဘာတို့ အရင်ကသွားတာရှိတယ်၊ ခုနောက်ပိုင်းလာအိုကိုလည်း တစ်ယောက်က စက်ရုံကလူစုပြီး ခေါ်သွားတယ်၊ ဒီရက်ပိုင်းလည်း တရုတ်ဘက်ကိုတစ်သုတ်ထပ်သွားကြတယ်၊ စိတ်ချရတယ်လို့အာမခံတာရှိတယ်၊ အလုပ်တကယ်ရမရတော့မသိပါဘူး၊ ဟိုဘက်ရောက်မှ တကယ်ရလားမရလားသိမှာပါ'ဟု အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။
ယခုလပိုင်းအတွင်းလာအို၊ တရုတ်စသည့် နိုင်ငံများ၌အလုပ်ရရှိမည်ဟုဆိုကာ ကျွမ်းကျင်လုပ်သားအမျိုးသမီးငယ်များအား ရင်းနှီးသူများမှ လူစုဆောင်း၍ စေလွတ်လျှက်ရှိကြောင်း သိရသည်။
ထိုသို့စေလွတ်ရာတွင် အမျိုးသမီးတစ်ဦးလျှင်ကျပ်ခြောက်သိန်းအထိပေးရပြီး အသက်၁၈ နှစ်မှ ၃၀အတွင်းအမျိုးသမီးများအား ခေါ်ယူစုဆောင်းနေကြောင်း သိရသည်။
လတ်တလောတွင် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် တရုတ်နိုင်ငံဘက်အခြမ်းတွင် အလုပ်အကိုင်ရှားပါးရုံသာမက ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားဦးရေးများ ပြားလွန်းနေသဖြင့် လုပ်ခလစာ ဈေးနှိမ်ခံနေရခြင်းများ ဖြစ်ပေါ်နေပြီး တရုတ်နိုင်ငံဘက်အခြမ်းသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်ရာ၌ တစ်နှစ်သက်တမ်းရှိသည့် စာအုပ်အနီဖြင့်လည်း ကောင်း၊ တစ်ခါသုံးကဒ် TBP ဖြင့်လည်းကောင်း ဝင်ရောက်လျက်ရှိကြပြီး သက်တမ်းကျော်လွန်နေထိုင်သူ အများ အပြားကိုယခုလအတွင်း တရုတ်အာဏာပိုင်များမှ ဖမ်းဆီးနေကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၌ ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ကျော်ခန့်ရှိပြီး အထည်ချုပ်လုပ်သား ၄ သိန်း လောက်အထိကို အလုပ်အကိုင် အခွင့်အလမ်းပေးထားနိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ အထည်ချုပ်လုပ်သားသုံးသိန်းခန့်ရှိသလို ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့၌လည်း လုပ်သားတစ်သိန်းကျော်ခန့် လုပ်ကိုင်ခွင့်ရရှိသော်လည်းယခုနောက်ပိုင်းတွင် ပြည်ပထွက်ခွာသူဦးရေများပြားနေခြင်းကြောင့် လုပ်သားရှားပါးလာကြောင်း သိရသည်။
#Local_News #CMPလုပ်ငန်း #ကျွမ်းကျင်လုပ်သားရှားပါးနေ #YMG/NN #Yangon-Times
ဒေသ(၈)ခုပုံမှန်ထက်ပိုပူမည်။ နေပြည်တော်၊ စစ်ကိုင်း၊မန္တလေး ၊ မကွေး ၊ ပဲခူး (အရှေ့)၊ ကချင်၊ရှမ်း (တောင်ပိုင်း)နဲ့ ကယားတို့မှာ မတ်လပျမ်းမျှအပူချိန်ရဲ့ (၁.၅)ဒီဂရီဆဲလ်စီးယပ်နဲ့ အထက် (သို့မဟုတ်) (၃၅)ဒီဂရီ ဖာရင်ဟိုက်နှင့် အထက်ပိုနိုင်တယ်။ အပူရှပ်တာ၊ အပူကြောင့်သတိလစ်ပြီး အသက်ဆုံးရှုံးတာတွေမဖြစ်အောင် နေပူထဲကို ထီး၊ ဦးထုတ်၊ နေကာမျက်မှန်အစရှိတာတွေမပါဘဲမသွားကြဖို့လိုတယ်။
#Local_News
Published_ 13 March 2024
#နေ့အပူချိန်များတိုး #အပူကြောင့်သတိလစ်
#tthl #Yangon_Times
Page 583 of 2042