'ဒီနှစ်ကြံကြိတ်မှုပြီးစီးတာနောက်ကျမယ်၊ ရှမ်းမြောက်တို့ စစ်ကိုင်းတို့က သကြားစက်လည်တာနောက်ကျလည်တယ်၊ကြိတ်ခွဲပြီးစီးတာက ၄၅%ကနေ ၅၀%လောက်ပဲ ပြီးသေးတယ်။ '
#Local_News
Published_ 13 March 2024
#ကြံကြိတ်ခွဲရာသီ #သကြားစက်လည်တာနောက်ကျ
#YMG/NN #Yangon-Times
YBS ယာဉ်တွေပေါ်မှာ ခါးပိုက်နှိုက်မှု၊ လုယက်မှုတွေဖြစ်ပေါ်လာပါက ကားတံခါးကိုပိတ်ပြီး နီးစပ်ရာရဲစခန်းကိုမောင်းပြီး အရေးယူဖမ်းဆီးသွားတာတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ CCTVနဲ့လည်းတောက်လျောက်စောင့်ကြည့်ပြီးလုံခြုံရေးဆောင်ရွက်ပေးနေပါတယ်။
ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT)
#Local_News
Published_ 13 March 2024
#YBSယာဉ်အနုကြမ်းစီးလုယက်ခံရခြင်းမဟုတ် #ခရီးသွားပြည်သူများမစိုးရိမ်ရန်ပြော
#tthl #Yangon_Times
မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် မလေးရှားရှိ မြန်မာသံရုံးက ထုတ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(C of I) လာရောက်လျှောက်ထားမှုကို လာမယ့် မတ်လ ၁၈ရက်ကစပြီး အွန်လိုင်းကတစ်ဆင့် QR code ဖြင့် ရက်ချိန်း ရယူတဲ့စနစ်ကို ပြောင်းလဲဆောင်ရွက်သွားတော့မယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ကွာလာလမ်ပူ)မှ မတ်လ ၁၂ရက် က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
#Local_News
Published_ 13 March 2024
#အွန်လိုင်းမှQR_codeရက်ချိန်းယူ #မြန်မာသံရုံး(ကွာလာလမ်ပူ)
#YMG/LW #Yangon_Times
#Local_News
Published 13 March 2024
အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှ အင်တာနက်စာချုပ် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာမှုများအပေါ်တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နေသူတစ်ဦးက စားသုံးသူရေးရာဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာသဖြင့် ဖြေရှင်းပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူများကို ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ခေါ်ယူ၍ နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းပေးမှုများ ကို နှစ်ကြိမ်တိုင်ဆောင် ရွက်ခဲ့ရာ ပြေလည်မှုများ မရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက ကုမ္ပဏီမှ တိုင်ကြားသူ၏နေအိမ်တွင် တပ်ဆင် ထားသည့်စက်အား ပြန်လည်ဖြုတ်သိမ်းသွားရန်နှင့် အင်တာနက်အသုံးပြုရန် (၃)လစာပေးဆောင်ထားသည့် ငွေကျပ် ၈၅,၅၀၀ အား အပြည့်အဝ ပြန်လည်ပေးလျော်သွားရန် စီမံခန့်ခွဲရေးဆိုင်ရာအမိန့်ကို ချမှတ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဌာနမှစီမံခန့်ခွဲရေးဆိုင်ရာအမိန့် ချမှတ်ခဲ့မှုအပေါ် ကုမ္ပဏီအနေဖြင့် ဆောင်ရွက်ပေးရန် တိုင်ကြားသူထံဆက်သွယ်၍ ညှိနှိုင်းပြောကြားခဲ့သော်လည်း တိုင်ကြားသူမှ လက်ခံခြင်းမရှိသဖြင့် ထပ်မံညှိနှိုင်းမှုများပြုလုပ်ခဲ့ရာ နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ကုမ္ပဏီက တိုင်ကြားသူထံ တစ်နှစ်စာလျော်ကြေးငွေကျပ် ၃၄၂,၀၀၀ အား ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်ကြားသူ၏နေအိမ်တွင် တပ်ဆင်ထားသည့် အင်တာနက်စက်ကို ပြန်လည်ဖြုတ်သိမ်းခဲ့ပါကြောင်း အကြောင်းပြန်ကြားလာခဲ့သဖြင့် တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#Local_News #ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာသူကတိုင်ကြား #စားသုံးသူရေးရာဦးစီးဌာနကဖြေရှင်းပေးခဲ့
#YMG/LW #Yangon_Times
#Local_News
Published_ 13 March 2024
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီးရှိ ဆံတော်ရှင် မော်တင်စွန်းစေတီ ကမ်းခြေတွင်လင်းပိုင်ငယ်များ ငါးဖမ်းပိုက်ဖြင့် မိကာပါလာပြီး၊ အသက်ရှင်လျှက်ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အဆိုပါလင်းပိုင်ငယ်များသည် မတ်လ (၁၂) ရက် နံနက်ပိုင်းက ပင်လယ်ပျော် လင်းပိုင်ငယ်များ ငါးဖမ်းပိုက်ဖြင့်မိကာ ပါလာခြင်းဖြစ်ကြောင်း သိရသည်။
'မနေ့က လင်းပိုင်ငယ် ၁၅ကောင်ဝိုင်းပိုက်နဲ့ညှိလာတာပါ၊အကုန်လုံးအသက်ရှင်ပါတယ်၊ ပြန်လွတ်လိုက်ပါပြီ' ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုသို့ ပိုက်ဖြင့်ပါလာသည့် လင်းပိုင်ငယ်များအား ပင်လယ်အတွင်း ပြန်လွှတ်ပေးနိုင်ရန် ဒေသခံ ရေလုပ်သားများနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များက စီစဉ်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။
ဆံတော်ရှင်မြတ် မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို မတ်လ (၁၀) ရက်မှ (၂၄) ရက်အထိ (၁၅) ရက်ကြာ စည်ကားစွာကျင်းပလျက် ရှိနေပြီး ဘုရားဖူးပြည်သူများ လာရောက်ဖူးမျှော်လျက်ရှိကြောင်းလည်း သိရသည်။
#Local_News #လင်းပိုင်ငယ်၁၅ကောင်မိလာ ##ဆံတော်ရှင်မြတ်မော်တင်စွန်းဘုရားကမ်းခြေ #YMG/NN #Yangon_Times
#Local_News
Published_ 13 March 2024
ကျိုင်းတုံမြို့တွင် အလုပ်ရရှိပြီး မြန်မာငွေကျပ်သိန်း ၃၀ ရမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန်စီစဉ်ခဲ့သူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေ ဒေါ်သန်းသန်းအေးနှင့် ဟိုင်းကြီးကျွန်းမြို့နယ်နေ ဒေါ်မအေးတို့က ငပုတောမြို့နယ်နေ မ ---၊ ၁၆/၂၀၂၃ နှစ်၊ နေပြည်တော်နေ မ ---၊ ၁၉/၂၀၂၃ နှစ် နှင့် ဟိုင်းကြီးကျွန်းမြို့နယ်နေ မ--- ၊ ၂၀/၂၀၂၃ နှစ်တို့ကို ကျိုင်းတုံမြို့တွင် အလုပ်ရရှိမည်၊ မြန်မာ ငွေကျပ်သိန်း ၃၀ ရမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့စီစဉ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နေ အောင်မြတ်သူ (ခ)အောင်အောင် (ခ) ကတုံး၊ ကျိုင်းတုံမြို့မရဲစခန်း (ပ) ၁၈၀/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ - ၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ကျိုင်းတုံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မတ် ၁၁ ရက်တွင် တရားခံ အောင်မြတ်သူ (ခ) အောင်အောင် (ခ) ကတုံး၊ သန်းသန်းအေးနှင့် မအေးတို့ သုံးဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရလည်းကောင်း အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ အသီးသီးကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
#Local_News #ရောင်းစားသူများကိုဖမ်းမိ #tthl #Yangon_Times
#Local_News
Published-13 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်တွင် ရွှေတိဂုံစေတီတော်၏ ခေတ်အဆက် ဆက်ပုံရိပ်များဓာတ်ပုံပြပွဲကို ၁၀ရက်တိုင်တိုင် ပြသသွားမည်ဖြစ်ကြောင်းပွဲကျင်းပရေးကော်မတီမှ သိရသည်။
အဆိုပါ ဓာတ်ပုံပြပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်တော် ပေါ်ရှိ ချမ်းသာကြီးတန်ဆောင်းတွင် မတ်လ ၂၉ ရက်မှ ဧပြီလ ၇ ရက်ထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ဓာတ်ပုံပြပွဲတွင် ကိုလိုနီခေတ် ၁,၈ဝဝ ပြည့်နှစ် ခန့်မှစတင်ကာ မျက်မှောက်ကာလထိ ခေတ်အဆက်ဆက် သာသနိကအဆောက်အအုံများမြင်ကွင်း၊ ရှေးမြန်မာတို့၏ သဒ္ဓါထက်သန်သည့်မြင်ကွင်းများ၊ ဘာသာတရား ရိုသေကိုင်းရှိုင်းမှု ပုံရိပ်များကို ဓာတ်ပုံများမှတစ်ဆင့် တွေ့မြင်ခံစားရမှာဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ဓာတ်ပုံကင်မရာ စတင်ပေါ်ပေါက်သည့် ကာလ ကိုလိုနီခေတ်ဦး ဓာတ်ပုံများမှ တစ်ဆင့် မြန်မာတို့၏ ဝတ်စားဆင်ယင်မှု၊ ဘာသာတရား ကိုင်းရှိုင်းမှုများကို ယနေ့ခေတ်အထိ ရိုက်ကူးထားလေ့ရှိသော ရွှေတိဂုံစေတီတော်ကြီး၏ ဓာတ်ပုံပေါင်း ၂၁၀ ကျော်တွင်တွေ့မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #ရွှေတိဂုံစေတီတော် #ဓာတ်ပုံပြပွဲ၁၀ရက်တိုင်တိုင်ကျင်းပ #YMG/ NN #Yangon_Times
Page 584 of 2042