#Local_News
#Published  26 February 2025


▪️ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၌ ယနေ့မနက်အစောပိုင်းမီးလောင်မှုဖြစ်ပွားခဲ့ရကြောင်း မြန်မာနိုင်ငံမီးသန်တပ်ဖွဲ့မှ သိရသည်။

▪️ ဖေဖော်ဝါရီ၂၆ ရက်နေ့၊ မနက်၄နာရီ ၃၅ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေခရိုင်၊  ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ (၁၁၈)လမ်းနှင့် (၆၂ )လမ်းဒေါင့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ သတင်းရရှိသဖြင့် မဟာအောင်မြေခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ယာတော် အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ (ဃ)အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လောကပါလအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သင်ပန်းကုန်းအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၄ နာရီ၄၉ မိနစ်အချိန်၌  မီးငြိမ်းခဲ့ ကြောင်း သိရသည်။

#YMG/NN #Yangon_Times