#Local_News
Published _26 Feb 2025
▪️ ဂျပန်နိုင်ငံထုတ် DEMU ရထားအသစ်များဖြင့် ပြေးဆွဲမည့်နေပြည်တော် – ရန်ကုန် – နေပြည်တော်ခရီးစဉ် နှုန်းထားများကို မြန်မာ့မီးရထားက ထုတ်ပြန်လိုက်သည်။
▪️ လာမည့် သောကြာနေ့ ဖေဖော်ဝါရီလ ၂၈ ရက်မှစတင်၍ ရန်ကုန် – နေပြည်တော် ခရီးစဉ်အမှတ် (၇) အဆန်ရထားနှင့် နေပြည်တော် – ရန်ကုန် ခရီးစဉ်အမှတ် (၈) အစုန် လူစီးရထားများကိုဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် လည်းကောင်း၊ မန္တလေး-နေပြည်တော် ခရီးစဉ်အမှတ် (၂၈) အစုန်နှင့် နေပြည်တော်-မန္တလေး ခရီးစဉ်အမှတ် (၂၇) အဆန် လူစီးရထားများကို လေအိတ်ရထားတွဲဆိုင်းဖြင့်လည်းကောင်း ပြေးဆွဲပေးမည်ဖြစ်ကြောင်းသိရသည်။
▪️ လက်မှတ်ခဈေးများမှာ နေပြည်တော် – ရန်ကုန် – နေပြည်တော်ခရီးစဉ်အတွက် ရိုးရိုးတန်း ၁၉၀၀၀ ကျပ်၊ အထက်တန်း ၂၈၀၀၀ ကျပ် နှုန်း၊လေအိတ်ရထားတွဲများဖြင့်ပြေးဆွဲမည့် နေပြည်တော်-မန္တလေး ခရီးစဉ်အတွက် ရိုးရိုးတန်း ၇၀၀၀ ကျပ်၊အထက်တန်း ၁၁၀၀၀ကျပ် နှုန်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
▪️ ခရီးသည်များအနေဖြင့် ရန်ကုန် – မန္တလေးနှင့် မန္တလေး – ရန်ကုန် ခရီးစဉ်အစအဆုံး လက်မှတ်ဝယ်ယူရာတွင် ပထမတန်း/ရိုးရိုးတန်း ကျပ် ၂၆,၀၀၀၊ အထက်တန်းငွေကျပ် ၃၉,၀၀၀ ကျသင့်ကာ လက်မှတ်များကို သုံးရက် ကြိုတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ DEMU ရထားများဖြင့် ရန်ကုန်-နေပြည်တော်ခရီးစဉ် အမှတ် (၇) အဆန်ရထားမှာ နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး နေပြည်တော်-ရန်ကုန်ခရီးစဉ် အမှတ် (၈) အစုန်ရထားမှာ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာကာရန်ကုန်သို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
▪️ လေအိတ်ရထားများဖြင့် ပြေးဆွဲပေးမည့်မန္တလေး – နေပြည်တော် အမှတ် ၂၈ အစုန်မှာ နံနက် ၆ နာရီအချိန် မန္တလေးဘူတာမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး နေပြည်တော် – မန္တလေး အမှတ်(၂၇) အဆန်ရထားမှာ မွန်းတည့် ၁၂ နာရီအချိန် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာပြီး ညနေ ၅ နာရီတွင် မန္တလေးဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
▪️ လေအေးပေးစက်ပါ ခေတ်မီ DEMU ရထားနှင့် လေအိတ်ရထားများကို နေပြည်တော်ဘူတာတွင် ပြောင်းလဲလိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ရန်ကုန် – မန္တလေး ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon -Times/ PP