#Local_News
Published - 12 August 2022
ရန်ကုန်မှ အခြားတိုင်းနှင့်ပြည်နယ်များကို ပြေးဆွဲပေးနေသည့် အဝေးပြေးယာဉ်လိုင်းများတွင် လူမဲ့တန်ဆာပစ္စည်းတင်ဆောင်ခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းအများပြည်သူ သယ်ယူပို့ဆောင်ရေး ကော်မတီ (YRTC) မှ သိရသည်။
ရန်ကုန်တိုင်းအခြေပြု၍ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးတို့ကနေ ပြေးဆွဲနေသည့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများတွင် လူမပါဘဲ ပစ္စည်းပို့သည့် လူမဲ့တန်ဆာ တင်ဆောင်မှုကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း YRTC ကော်မတီဝင်တစ်ဦးက ပြောကြားခဲ့သည်။
အဝေးပြေးယာဉ်လိုင်းများတွင် ကုန်ပစ္စည်းတင်ခွင့်မပြုရန် ယခင်ကတည်းက ညွှန်ကြားထား ခြင်းဖြစ်ပြီး ခရီးသည်မရှိသည့် ကိုဗစ်ကာလတွင် နားလည်မှုဖြင့် ကုန်ပစ္စည်းတင်ဆောင်မှုရှိသော်လည်း တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း သိရသည်။
ရန်ကုန်ကနေ အခြားမြို့များကို ကုန်ပစ္စည်းတင်ပို့လိုသည့် ခရီးသည်များအနေဖြင့် ကုန်ပစ္စည်းတင်ပို့လိုပါက ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးနှင့် အခြားကုန်တင်ယာဉ်များနှင့်သာ ပို့ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_12 August 2022
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ကရင်ခြံရပ်ကွက် အလုံလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းထောင့်တွင် YBS တစ်စီးပေါ် သစ်ပင်ပိ သည့် ဖြစ်စဉ် ယနေ့ဖြစ်ပွားခဲ့သည်။
အဆိုပါ YBS ပေါ်သို့ သစ်ပင်ကြီးလဲကျပိမိသည့် ဖြစ်စဉ်နေရာသို့ အလုံမြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ရကြောင်းနှင့် လူထိခိုက်ဒဏ်ရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
photo - MFSD
ymg/mt
#Yangon_Media_Group
#Local_News
Published_12 August 2022
လတ်တလောတွင် မယ်ဆိုင်မြစ်နှင့်သောင်ရင်းမြစ်တို့သည် စိုးရိမ်ရေအမှတ်အထက်ရှိနေပြီး ကျန်မြစ်များဖြစ်သည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်စသည့် မြစ်များတွင်လည်း မြစ်ရေတိုးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရသည်၊၊
သြဂုတ်လ(၁၂)ရက်ထုတ်ပြန်ချက်အရ မယ်ဆိုင်မြစ်သည် တာချီလိတ်မြိုတွင် စိုးရိမ်ရေအမှတ်ရောက်နေပြီး နောက်(၁)ရက်အတွင်း(၂)ပေခန့်မြင့်တက်လာနိုင်၍ တာချီလိတ်ဒေသရှိမြစ်ကမ်းနားနေထိုင်သူများ မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ကြရန် သတိပေးချက်ထုတ်ပြန်ထားသည်၊၊
ဒီ့အပြင် သောင်ရင်းမြစ်ရေသည် မြဝတီတွင် စိုးရိမ်ရေအမှတ်အထက်ရောက်ရှိနေသည့်အတွက် မြဝတီဒေသရှိမြစ်ကမ်းနားနေထိုင်သူများ မြေနိမ့်ပိုင်းနေထိုင်သူများကို သတိပေးချက်ထုတ်ပြန်ထားသည်၊၊
သြဂုတ်လဒုတိယ(၁၀)ရက်အတွက်မြစ်ရေခန့်မှန်းချက်ထုတ်ပြန်ထားရာတွင်လည်း ဧရာဝတီမြစ်ရေသည် အနည်းဆုံး(၁)ပေမှ အများဆုံး(၃)ပေခွဲအထိ၊ ချင်းတွင်းမြစ်ရေသည် (၂)ပေမှ(၅)ပေခန့်၊ မြစ်သာမြစ်ရေ၊ စစ်တောင်းမြစ်ရေ၊ ဒုဌဝတီမြစ်ရေ၊ ပဲခူးမြစ်ရေ၊ သံလွင်မြစ်ရေ၊သောင်ရင်းမြစ်ရေ၊ ငဝန်မြစ်ရေ၊ တိုးမြစ်ရေ၊ ကုလားတန်မြစ်ရေ၊ လေးမြို့မြစ်ရေ၊ ဘီးလင်းမြစ်ရေများလည်း လက်ရှိမြစ်ရေအမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလကသတိပေးချက်ထုတ်ပြန်ထားသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published _ 12 August 2022
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ်မြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်အတွင်းရှိ လမ်းများ နေအိမ်များ၌ ယနေ့ သြဂုတ်လ ၁၂ရက် နံနက်ပိုင်း (၇)နာရီဝန်းကျင်မှ စတင်၍ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း တာချီလိတ် သတင်းအရင်းအမြစ်ထံမှ သိရသည်။
ရေလျှံမှုဖြစ်ပွားခဲ့သည့် ရပ်ကွက်များမှာ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ဆန်ဆိုင်း (ခ)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက် (လားဟူစျေးနှင့် တော်ကော့တွင်း) စသည့် ရပ်ကွက်များ၌ လမ်းပေါ်နှင့် နေအိမ်များအတွင်း ရေများစတင်ဝင်ရောက်ကာ လျှံနေခြင်းဖြစ်သည်။
ပျက်ဆီးဆုံးရှုံးမှု တစ်စုံတစ်ရာရှိမရှိကို အသေးစိပ်မသိရှိရသေးကြောင်း ယင်းမှ တဆင့်သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 12 August 2022
(၁)နှစ်ကျော်ကာလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ငါးခု လိုင်စင်ပြန်အပ်ခဲ့ပြီး အေဂျင်စီနှစ်ခုမှာ ရာသက်ပန်ပိတ်သိမ်းအရေးယူခံရကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လိုင်စင်ပြန်အပ်သည့်အေဂျင်စီတွေသည် ၂၀၂၁ ခုနှစ်မေလတွင် Arima Tech ကုမ္ပဏီ၊ ဇွန်လတွင် Aung Myat Hein ကုမ္ပဏီ၊ Chan Family ကုမ္ပဏီ၊ For All Friendship ကုမ္ပဏီနှင့် Myo Myanmar Prestige Agency ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ အေဂျင်စီ ငါးခုအပါအဝင် ၂၀၁၄ ခုနှစ်မှ လက်ရှိအချိန်အထိလိုင်စင်ပြန်အပ်သည့် အေဂျင်စီ(၅၁) ခုရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၁ ဒီဇင်ဘာတွင် Property World ကုမ္ပဏီ၊ ၂၀၂၂ ခုနှစ်မေလတွင် Asia Shwe Oh International ကုမ္ပဏီတို့သည် ရာသက်ပန်လိုင်စင်ပိတ်သိမ်းခံရပြီး ၂၀၁၄ ခုနှစ်မှ လက်ရှိအချိန်ထိ လိုင်စင်ပိတ်သိမ်း ခံရသည့် အေဂျင်စီ (၂၂)ခုရှိပြီဖြစ်ကြောင်း သိရသည်။
ယင်းအပြင် နောက်ထပ်အေဂျင်စီ ၂၆ ခုသည်လည်း အာမခံကြေးကျပ်သိန်း(၂၀၀) မပေးသွင်း၍ လိုင်စင်ရုပ်သိမ်းထားကြောင်း သိရသည်။
လက်ရှိတွင် ပြည်ပသို့အလုပ်သမားစေလွှတ်ခွင့်ရထားသည့် အေဂျင်စီ ၃၄၀ခန့်နှင့် ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်နေသည့် အေဂျင်စီ ၁၄၂ ခု ရှိကြောင်းလည်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 12 August 2022
လက်ရှိဒေါ်လာ လဲလှယ်နှုန်းမှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂,၇၀၀ ကျပ်အထိ ရှိလာတယ်လို့ ငွေကြေးဈေးကွက်ဆီကနေ သိရပါတယ်။
ငွေကြေးဈေးကွက်ထဲမှာ ဒေါ်လာ အဝယ်ဈေးဟာ ၂၆၉၀ ကျပ်ရှိပြီး ရောင်းဈေးဟာ ၂၇၄၀ ကျပ်အထိ ရှိနေပါတယ်။
ဗဟိုဘဏ်ဟာ အရင်က အမေရိကန် ၁ ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ ဈေးသတ်မှတ်ထားခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်ကစပြီး ၁ ဒေါ်လာကို ၂၁၀၀ ကျပ် တိုးမြှင့်လိုက်ကာ ဒေါ်လာရောင်းခြင်းဝယ်ခြင်း၊ လဲလှယ်ခြင်းတွေကို ရည်ညွှန်းငွေလဲလှယ်နှုန်းရဲ့ ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းမှာသာ အတိုးအလျှော့လုပ်ရမယ်လို့ ဈေးနှုန်းကို ထိန်းချုပ်ဖို့ ကြေညာခဲ့ပါတယ်။
ဗဟိုဘဏ်အနေနဲ့ အဲ့ဒီလိုကြေညာထားပြီးနောက်ပိုင်းမှာတော့ ဒေါ်လာဈေးနှုန်းဟာ ဈေးကွက်ထဲ ပိုမိုမြင့်တက်လာတာပဲဖြစ်ပါတယ်။
ငွေကြေးဈေးကွက်ထဲမှာ ကြိုက်ရောင်းကြိုက်ဝယ်ဈေးကွက်ဖြစ်နေတဲ့အတွက် ဗဟိုဘဏ်သတ်မှတ်ချက်ဟာ အကျိုးသက်ရောက်မှု မရှိခဲ့ဘူးလို့ ငွေကြေးဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်မှုတွေရှိနေပါတယ်။
ဗဟိုဘဏ်ကတော့ သတ်မှတ်ချက်တွေကို မလိုက်နာရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းတို့နဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 12 August 2022
ပြီးခဲ့သည့် သြဂုတ်လ (၁၀)ရက် ညပိုင်း၌ တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ) ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် ဟံသာဝတီလမ်းသွယ်၊ အမှတ်(၈/၂၂၃) နေအိမ်လိုင်းခန်းရှေ့ ရေမြောင်းထဲတွင် အမည်မသိ အမျိုးသားတစ်ဦး(စုံစမ်းဆဲ)သေဆုံးခြင်းနှင့် ပတ်သက်၍ သေဆုံးသူမှာ အသတ်ခံရခြင်းဖြစ်ကြောင်း ထင်ရှားသဖြင့် နယ်မြေတာဝန်ရှိသူများမှ အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်ခဲ့ရာ ကျူးလွန်သူ(၄)ဦးမှာ အသက် (၁၈)နှစ်မပြည့်သေးသည့် ကလေးသူငယ်တရားခံများဖြစ်ကြောင်းစစ်ဆေးသိရှိရသဖြင့် ၎င်းတို့အား အသက်အထောက်အထားနှင့် တာချီလိတ်မြို့နယ်၊ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ သေမှုသေခင်းအမှတ်စဉ် (၇/၂၀၂၂) အမှုမှ သေဆုံးသူ၏အလောင်းအား ဩဂုတ်လ (၁၁)ရက်၊ နေ့လည်ပိုင်း အချိန်တွင် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီး၌ ရင်ခွဲစစ်ဆေးခဲ့ရာ သေဆုံးသူ၏ ဦးခေါင်းအတွင်း သွေးယိုစိမ့်ခြင်း၊ မေးရိုးကျိုးခြင်း၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများထွက်လျက် ရှိခြင်းတို့ကြောင့် တုံးသောလက်နက်တစ်ခုခုဖြင့် ရိုက်ခံရခြင်းနှင့် တစ်ဦးတစ်ယောက်၏ ပယောဂကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ရင်ခွဲစစ်ဆေးသူ ဆရာဝန်မှ သိရှိရသဖြင့် ခေတ္တရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ဦးမှ သေမှုသေခင်းမှ ရာဇသတ်ကြီးပုဒ်မ-၃၀၂ သို့ပြောင်းလဲ၍ အမှုဖွင့်လှစ်ရန်၊ သေဆုံးသူမှာ မည်သူဖြစ်ကြောင်းသိရှိနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
တာချီလိတ်မြို့မရဲစခန်း(ပ)၁၃၇/၂၀၂၂၊ သေမှုသေခင်းအမှတ်စဉ်(၇/၂၀၂၂)မှ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ သို့ အမှုပြောင်းဖွင့်ပြီးနောက် နယ်မြေ တာဝန်ရှိသူများမှ သေဆုံးသူအား လိုက်လံစုံစမ်းရာ ဩဂုတ်လ (၁၁)ရက်နေ့၊ မွန်းလွဲ (၃)နာရီ အချိန်၌ သေဆုံးသူ၏အကိုဖြစ်သူ ကိုအောင်ဖြိုးဝေ (ခ)ကိုဖြိုးဆိုသူနှင့် အဆက်အသွယ်ရရှိပြီး သေဆုံးသူမှာ၎င်း၏ညီ မောင်ကျော်ဇင်ဝင်း၊ ဖြစ်ကြောင်း အတည်ပြု သိရှိခဲ့ရပြီး ၎င်းအား မောင်ကျော်ဇင်ဝင်း၏ သူငယ်ချင်းများနှင့်ပတ်သက်မေးမြန်းရာမှ ကောင်မလေးကိစ္စနှင့်ပတ်သတ်၍ facebook စာမျက်နှာ၏ မက်ဆင်ဂျာမှ တဆင့် ခိုက်ရန်ဖြစ်ပွားသည့် စာများနှင့် ဆက်သွယ်ပြောကြားထားရာကို တွေ့ရှိရကြောင်းသိရှိရသည်။
မက်ဆင်ဂျာမှတဆင့် သေဆုံးမည့်နေရာအနီး ခိုက်ရန်ဖြစ်ပွားချိန် ချိန်းဆိုသည့် စာသားများကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဇော်လင်းအောင်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှသူတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ခေတ္တရဲစခန်းမှူး/အမှုစစ် ဒုရဲမှူး ကျော်ကျော်ဦး ဦးစီး နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်နှိမ်နင်းရေးတပ်ဖွဲ့စုမှ ရဲအုပ် ကိုကိုဦး ဦးစီးအဖွဲ့၊ သက်သေဦးစည်သူ၊ ဦးထွန်းထွန်းလေး ပါဝင်သောပူးပေါင်းအဖွဲ့သည် အဆိုပါ ခိုက်ရန် ဖြစ်ပွားသည့် စာများ ပို့ခဲ့သည့် "Su Myat Facebook အကောင့်ပိုင်ရှင်အား လိုက်လံစုံစမ်းခဲ့ရာ တာချီလိတ်မြို့၊ မယ်ယန်းကျေးရွာတွင် နေထိုင်သူ ဖြစ်သဖြင့် နယ်ထိန်းအဖွဲ့နှင့် သွားရောက်ခေါ်ဆောင်စေခဲ့ရာ နေအိမ်တွင်အသင့်တွေ့ရှိရသဖြင့် ၎င်း၏မိခင်နှင့်အတူ ရဲစခန်းသို့ ခေါ်ဆောင်၍ အသေးစိတ်စစ်ဆေးခဲ့ရာ ဩဂုတ်လ (၉)ရက် ညပိုင်းအချိန်ခန့်တွင် ၎င်း၏ယခင်ကရည်းစားဖြစ်သူ မမတွေရဲ့ မောင်လေး Facebook အကောင့်(သေဆုံးသူ)နှင့် Zaw Min အမည် ဖြင့်အသုံးပြုသည့် Facebook အကောင့်တို့သည်အချင်းချင်းစကားများ၍ ပြင်ပတွင်ခိုက်ရန်ဖြစ်ပွားရန် ချိန်းဆိုနေသည်ကိုသိရှိရကြောင်း ထွက်ဆိုခဲ့ကြောင်း သိရှိရသည်။
Zaw Min အမည် ဖြင့်အသုံးပြုသည့် Facebook အကောင့်ပိုင်ရှင်၏ ဓာတ်ပုံအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ၇၇၇ ကားဝပ်ရှော့တွင် လုပ်ကိုင်သူဇော်မင်းထွေး(ခ)ဖိုးသား ဖြစ်ကြောင်း သိရှိရပြီး ၎င်းအားတွေ့ရှိ၍ ခေါ်ဆောင်ပြီး စစ်ဆေးခဲ့ရာ ဩဂုတ်လ (၉)ရက် ညက လူသတ်မှုကျူးလွန်ရာတွင် ၎င်းနှင့်အတူ ဇော်မျိုးနိုင်(ခ) နေထူးနိုင်၊ ၇၇၇ ဝပ်ရှော့တွင် အလုပ်အတူတူလုပ်သော သိန်းဌေးအောင်(ခ)ဟိန်းကိုကိုအောင်နှင့် မျိုးမင်းသန့် တို့(၃)ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
ရဲစခန်းတွင် အသေးစိတ်စစ်ဆေးရာမှ ၎င်းတို့ပြစ်မှု ကျူးလွန်ခဲ့ကြောင်း အစစ်ခံထွက်ဆိုပြီး ၎င်းတို့ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော ချိန်းကြိုး၊ သံတုတ်တို့အား ဝှက်ထားသည့်နေရာတွင် လိုက်လံပြသပေးခဲ့ပြီး တရားခံ(၄)ဦးသည် အသက် (၁၈)နှစ်မပြည့်သေးသည့် ကလေးသူငယ်တရားခံများဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ၎င်းတို့ (၄)ဦးအား တာချီလိတ်မြို့မရဲစခန်း စခန်းမှူး၏ထိန်းသိမ်းမှုအောက်တွင် ထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။
ymg/NN
#Yangon_Media_Group
Page 1583 of 1971