#Local_News
Published - 12 August 2022
ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းကနေ ထုတ်ပြန်ထားတဲ့ ဈေးနှုန်းတွေထက် ပြင်ပဈေးကွက်မှာ ၂၅ သိန်းအထက် ရှိနေတယ်လို့ အရောင်းအဝယ်ပြုလုပ်နေတဲ့ ရွှေဈေးကွက်အတွင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 12 August 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ ဆက်တိုက်မြင့်တက်လာနေသလို မြို့နယ်အချို့မှာလည်း စက်သုံးဆီတွေပြတ်လပ်နေပြီး ဝယ်ယူရခက်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 12 August 2022
၁။ စက်သုံးဆီဈေးနှုန်းဆက်တိုက်မြင့်တက်လာ၊ မြို့နယ်အချို့စက်သုံးဆီ ပြတ်လပ်နေ၍ ဝယ်ယူရခက်နေ
၂။ ရွှေအသင်းမှ ထုတ်ပြန်သည့်ဈေးထက် ပြင်ပပေါက်ဈေးတွင် ရွှေဈေးကျပ်၂၅ သိန်း အထက်ရှိနေ
၃။ ကရင်ပြည်နယ်၊ မြဝတီဒေသတွင်ရေဘေးနှင့် သဘာဝဘေးအတွက်စိုးရိမ်နေရ
၄။ Forrest_Gump ဇာတ်ကားအား မွမ်းမံရိုက်ကူးထားသည့် ဘောလိဝုဒ်ဇာတ်ကားဖြင့် အိန္ဒိယရုပ်ရှင်လောက ပြန်လည်ဦးမော့လာရန်မျှော်လင့် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 12 August 2022
လက်ရှိဒေါ်လာ လဲလှယ်နှုန်းမှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂,၇၀၀ ကျပ်အထိ ရှိလာတယ်လို့ ငွေကြေးဈေးကွက်ဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_12 August 2022
(၅) ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလ( ၅ )ရက်မှ (၁၀)ရက်အထိ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်လိုက်သည်၊၊
ပြပွဲကို ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ (၅၀၀)စာရင်းဝင် ကုမ္ပဏီများနှင့် လုပ်ငန်းနယ်ပယ်မှ ထိပ်တန်းကုမ္ပဏီများ (၂၇၀)ကျော် ပါဝင်လက်မှတ်ရေးထိုးကြပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံ (၅၀)ကျော်မှ အွန်လိုင်းမှတစ်ဆင့် ပါဝင်ခင်းကျင်းပြသကြမည်ဟု အတည်ပြုထားသည်။
ကုန်စည်ပြပွဲသို့ ပင်လယ်ရပ်ခြားမှကုမ္ပဏီများ တက်တက်ကြွကြွပါဝင်ကြပြီး စာချုပ်ချုပ်ဆိုထားသော ပြပွဲဧရိယာမှာ စီစဉ်ထားသောဧရိယာ၏ (၉၀)% ခန့် ရှိကြောင်းနှင့် နည်းပညာဆိုင်ရာ စက်ပစ္စည်းပြပွဲဧရိယာတွင် ဉာဏ်ရည်တု သီးသန့်ဧရိယာကို ထည့်သွင်းထားမည်ဖြစ်သည်ဟုဆိုသည်၊၊
လက်ရှိတွင် (၅) ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ ကျင်းပရေးဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_12 August 2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးရှိ ပလင်းကမ်းသာယာဆင်စခန်းတွင် ယနေ့ သြဂုတ်လ ၁၂ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ဆင်များနေ့ (World Elephant Day) အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကျောင်းသားကျောင်းသူတွေကို ကမ္ဘာ့ဆင်များနေ့ ဖြစ်ပေါ်လာပုံ ၊ ဆင်တွေရဲ့အကြောင်း အချက်အလက်တွေ၊ ဆင်တွေကို ကာကွယ်ထိန်းသိမ်းဖို့ အရေးကြီးပုံ စတာတွေကိုဆွေးနွေးရှင်းပြတာတွေ လုပ်တယ်"ဟု အဆိုပါ ဆင်စခန်းတာဝန်ရှိသူက ဆိုသည်။
ယင်းအပြင် ကျောင်းသား ကျောင်းသူများအား စာကြည့်တိုက်နှင့်စာအုပ်စာပေဆိုင်ရာများ ဆွေးနွေးရှင်းပြခြင်း၊ သစ်ပင်၊ သစ်တော ဆိုင်ရာ သိကောင်းစရာများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး လုပ်ငန်းစဉ်များ အကြောင်းကို သက်ဆိုင်ရာဌာနအလိုက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဆင်များနေ့ (World Elephant Day) တွင် ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင် ၆ ကောင်ကို ဧည့်သည်များနှင့်အတူ ဆင်စာဘူဖေး ကျွေးခဲ့ကြကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 12 August 2022
ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရသော ပြည်တွင်းခရီးသွား လုပ်ငန်းများ ပြန်လည်လုပ်ကိုင် လည်ပတ်လာနိုင်စေရန်အတွက် သတ္တမအကြိမ်မြောက် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲကို လာမည့်စက်တင်ဘာအတွင်း ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းအနေဖြင့် နိုင်ငံအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ပြပွဲများကို ပြုလုပ်ခဲ့ရာ၊ ကိုဗစ်ကာလမတိုင်မီက ၆ ကြိမ်မြောက်အထိ ကျင်းပနိုင်ခဲ့ပြီး၊ လာမည့် စက်တင်ဘာတွင် သတ္တမအကြိမ်မြောက် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲကို ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ပုံမှန်အားဖြင့် မြန်မာနိုင်ငံတွင် ခရီးသွားပွင့်လင်းရာသီသည် အောက်တိုဘာတွင် စတင်သည့်အတွက် ခရီးသွားလုပ်ငန်းကုမ္ပဏီများက စက်တင်ဘာမှ စတင်ကာ ပြည်တွင်း၊ ပြည်ပခရီးစဉ်များကို ပြသရောင်းချလေ့ရှိကြောင်း၊ ယခုကဲ့သို့ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲ ကျင်းပပြီး ပြည်တွင်း၊ ပြည်ပခရီးစဉ်များကို တစ်စုတစ်ဝေးတည်း ပြသရောင်းချခြင်းဖြင့် ခရီးသွားပြည်သူ များအနေဖြင့် ခရီးစဉ်များကို ရွေးချယ် ဝယ်ယူရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန် ရည်မှန်းထားကြောင်း သိရသည်။
အဆိုပါ သတ္တမအကြိမ်မြောက် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲကို လာမည့် စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ LOTTE HOTEL ၌ ကျင်းပရန်စီစဉ်ထားပြီး၊ မည်သူမဆို ဝင်ရောက်လေ့လာနိုင်ကြောင်း၊ ထိုပြပွဲတွင် ခရီးသွားပြည်သူများက မိမိတို့သွားရောက်လိုသောပြည်တွင်း၊ ပြည်ပခရီးစဉ်များကို လာရောက်လေ့လာကာ ဝယ်ယူနိုင်မည့်အပြင် အထူးအစီအစဉ် အနေဖြင့် ဈေးနှုန်းလျှော့ရောင်းသော ခရီးစဉ်များကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
Page 1582 of 1971