#LocalNews
Published_9 June 2022
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) တွင် တာဝန်ထမ်းဆောင်နေသော ဌာနေဝန်ထမ်းတစ်ဦး မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဇွန်လ ၈ ရက် ညနေ ၅ နာရီခန့် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း WHO က ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်တွင် အဆိုပါ WHO ဝန်ထမ်းမှာ ဦးမျိုးမင်းထွဋ်ဖြစ်ပြီး ရုံးမှ အိမ်သို့အပြန် သံလွင်ဥယျာဉ်လမ်းတွင် ၎င်း၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့်ပစ်ခံရကာ သေဆုံးခြင်းဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်အပေါ် လုပ်ဖော်ကိုင်ဖက်၏ မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်း ကြေကွဲရကြောင်းလည်း ဖော်ပြထားသည်။
ဦးမျိုးမင်းထွဋ်သည် WHO မြန်မာရုံးတွင် ၅ နှစ်ခန့် ကားဒရိုင်ဘာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းနှင့် အဆိုပါ ဖြစ်ရပ်၏ အသေးစိတ်အခြေအနေမှာ အတိအကျမသိရှိရသေးကြောင်းလည်း ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_9 June 2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာအနီး ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့်သေဆုံးနေသော တောဆင်ရိုင်းတစ်ကောင်ကို ယနေ့ ဇွန်လ ၉ ရက် နံနက်တွင် ဒေသခံများက တွေ့ရှိခဲ့ကြကြောင်း သိရသည်။
ယင်းတောဆင်ရိုင်းကို ရွာ၏အရှေ့ဘက် မီတာ ၄ဝ ခန့်အကွာရှိ တံတားငယ်အနီး တောစပ်တစ်နေရာတွင် ဒဏ်ရာများဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးတစ်ယောက်၏ ပယောဂကြောင့်ဟု ယူဆ၍မရဘဲ အချင်းချင်းတိုက်ခိုက်ကြသည်ဟု ယူဆရကြောင်းလည်း သိရသည်။
"ဒီနေ့မနက် ၈ နာရီလောက်က တောစပ်နားလေးမှာတွေ့တာပါ။ ဆင်က အထီး၊ ဗိုက်မှာ ၁ ပေလောက် ကျယ်တယ်ဒဏ်ရာကလေ။ နောက်ပြီးတော့ အမြီးအဖျားမှာလည်း အရေပြားတွေ လန်နေတဲ့ဒဏ်ရထားတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးနေသည့်ဆင်အနီးတွင် သစ်ပင်အချို့လည်း လဲနေကြောင်း၊ ယခုအခါ မောင်တောမြို့နယ်သစ်တောဦးစီးဌာန၏ ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
photo-CJ
ymg/mt
#Yangon_Media_Group
#LocalNews
Published_8 June 2022
ရခိုင်ပြည်နယ်ရဲ့ ပထမဆုံး ဗုဒ္ဓတက္ကသိုလ်ကို စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၊ စုပေါင်းရုံးရှေ့က ငါးဧကလောက်ကျယ်တဲ့ မြေကွက်ပေါ်မှာ တည်ဆောက်ဖို့ ဇွန်လ ၇ ရက်နေ့က ပန္နက်တင်ခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 June 2022
ပြည်တွင်း စက်သုံးဆီဈေးမြင့်တက်နေတာရယ် ဝယ်ယူဖို့ အခက်အခဲဖြစ်နေတာတွေကြောင့် အနယ်နယ်အရပ်ရပ်ကနေ ရန်ကုန်ကိုတင်ပို့တဲ့ ကားခတွေ ဈေးတတ်သွားပြီး ဈေးကွက်မှာလည်းအရောင်းအဝယ် အေးစက်သွားတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က နေသိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 June 2022
ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်နှင့် ပျူခေတ်အကြောင်းများကို သမိုင်းဆိုင်ရာစာအုပ်အဖြစ်ရေးသားပြီး ထုတ်ဝေသွားမည်ဖြစ်ကြောင်း သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးအောင်မြင့်က YMG ကိုပြောသည်၊၊
ကြေးခေတ်၊ သံခေတ်များကတော့ ရေးသားနေပြီဖြစ်ပြီး ကျန်ခေတ်များကို ဆက်လက်ရေးသားနေကြောင်း သိရသည်၊၊
"မြန်မာ့နိုင်ငံရေး သမိုင်းကတော့ အားလုံးဆက်စပ်ထုတ်ထားပြီးဖြစ်တယ်၊၊ အခုလောလောဆယ်ကတော့ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ပျူခေတ်အကြောင်း ဖြည့်ဖို့ရှိပါတယ်၊၊ အဲဒါတွေကို စာအုပ်ရေးသားထုတ်ဝေနိုင်ဖို့ ဆောင်ရွက်နေတာရှိတယ်၊၊ ကြေးခေတ်၊ သံခေတ်အကြောင်းကိုတော့ ရေးထားပြီးတဲ့ဟာကို ရှေးဟောင်းသုတေသနအဖွဲ့နဲ့ ဆွေးနွေးနေတာရှိပါတယ်၊၊ လိုအပ်တာကို ဖြည့်စွက်ဖို့ လုပ်နေတာလေးတွေရှိပါတယ်၊၊ ခေတ်တွေကို မရေးရသေးတဲ့အပိုင်းတွေထပ်ဖြည့်နေတာရှိပါတယ်"လို့ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်ဦးအောင်မြင့်က ပြောသည်၊၊
သမိုင်းဆိုင်ရာ စာအုပ်ဖြစ်သောကြောင့် သမိုင်းသုတေသနက သမိုင်းပညာရှင်များက တာဝန်ယူရေးသားမှာဖြစ်ပြီး ရှေးဟောင်းသုတေသနက ပညာရှင်များထံမှ အထောက်အထားအချက် အလက်များနှင့် စစ်ဆေးဆွေးနွေးပြီးရေးသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 8 June 2022
ဝမ်ပုံဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေးစီမံကိန်းပြီးစီးပါက ဆိပ်ကမ်းကွန်တိန်နာ စသည့်အသုံးအဆောင်များကို ခေတ်မီတိုးတက်လာစေပြီး မဲခေါင်မြစ် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အသုံးချမှုကို မြင့်မားလာစေမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့ရှိ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ ဆိပ်ကမ်းမှာ မြန်မာနိုင်ငံနှင့် အခြားလန်ချန်း-မဲခေါင်နိုင်ငံများအကြား ကုန်စည်ပို့ဆောင်ကူးသန်းရောင်းဝယ်မှုကို မြှင့်တင်ပေးပြီး မြန်မာနိုင်ငံနှင့် ဒေသတွင်း နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမယ်လို့ ဆိုပါတယ်။
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ မဲခေါင်မြစ် ဝမ်ပုံဆိပ်ကမ်းတိုးချဲ့တည်ဆောက်ရေး ဖြစ်နိုင်ခြေလေ့လာမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖြစ်နိုင်ခြေလေ့လာမှုတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများအား အကဲဖြတ်ခြင်း၊ ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်ခြင်း၊ ဒီဇိုင်း ပုံဆွဲခြင်းနှင့် လုပ်ငန်းလည်ပတ်မှုလေ့ကျင့်ရေးအစီအစဉ်တို့ ပါဝင်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#DailyNews
Published - 8 June 2022
၁။ နယ်မှ ရန်ကုန်သို့ ပစ္စည်းတင်ပို့သည့်ကားခများ ဈေးတက်ဟုဆို
၂။ ရခိုင်ပြည်နယ်၏ ပထမဆုံး ဗုဒ္ဓတက္ကသိုလ်တည်ဆောက်မှု စတင်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ TikTok မှာကပြပြီးနာမည်ကြီးလာသည့် ဂျပန်ဦးလေးကြီး(၄)ယောက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1578 of 1814