#Local_News
Published_ 21 October 2022
၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက် မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပုလဲအတွဲပေါင်း ၁၈၉ တွဲ ရောင်းချရကြောင်း သိရပါတယ်။
ဒီကနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၀၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဒီကနေ့ ပုလဲအတွဲပေါင်း (၁၈၉) တွဲ ရောင်းချရကြောင်း သိရပါတယ်။
ပြပွဲတတိယနေ့တွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ ကျန်ရှိသည့် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
နေပြည်တော် ဇဗ္ဗူသီရိမြိုနယ် ရွှေကြာပင်ရပ်ကွက်ရှိ ကျောက်မျက်နှင့်လက်ဝတ်ရတနာ သက်မွေးမှုနည်းပညာသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များနှင့် ခန်းမအပြင်ဘက်ရှိ သတ်မှတ်နယ်မြေအလိုက်ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို လာရောက်လေ့လာကြည့်ရှုကြပါတယ်။
နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ၄၀၀ ၊ ကျောက်မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲ ၂၁၅၀ တိုကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
#ymg_mnn
#Yangon_Media_Group
Published 20 Oct 2022
မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နှင့် နီပေါသံအမတ်ကြီးတွေဟာ သံအမတ်ခန့်အပ်လွှာတွေကို ယနေ့ အောက်တိုဘာ ၂၀ ရက်မနက်ပိုင်းမှာ နစက ဥက္ကဋ္ဌထံ သီးခြားစီပေးအပ်ခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး H.E. Mr. Uladzimir Baravikou နှင့် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး H.E. Mr. Harishchandra Ghimireတို့ဟာ ဒီကနေ့ အောက်တိုဘာ ၂၀ ရက် မနက်၁၀ နာရီနှင့် ၁၀ နာရီ ၄၅ မိနစ်တို့မှာ နေပြည်တော်၊နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင်ခန်းမ၌ သံအမတ် ခန့်အပ်လွှာတွေကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါပွဲများအတွင်း ဘယ်လာရုစ်သံအမတ်ကြီးနှင့် ချစ်ကြည်ရေးခရီးစဉ်တွေ အပြန်အလှန်သွားရောက်ရေး၊ကုန်သွယ်မှု တိုးမြှင့်ရေး၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အလားတူ နီပေါသံအမတ်ကြီးနှင့်လည်း စီးပွားရေးနှင့်ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းများ တိုးမြှင့် ဆောင်ရွေက်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
-ymg/knl
#Yangon_Media_Group
#Myanmar_Diplomacy
#Local_News
Published_20 October 2022
၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကို သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇၇ သန်းကျော်ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 October 2022
ကျေးရွာနေပြည်သူတွေကို နားအကြားအာရုံအခမဲ့ စမ်းသပ်ပေးပြီး လိုအပ်သူတွေကို နားကြားကိရိယာတွေ အခမဲ့ပေးနေတယ်လို့ နား၊နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီးပါမောက္ခဒေါက်တာဒေါ်ခင်လှလှက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 20 October 2022
မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ငရုပ်သီးအစိုတွေကို ခူးပြီးတဲ့ ၁ရက်၊ ၂ရက်အတွင်းမှာပဲ ဖြန့်ချီရောင်းချလေ့ရှိပါတယ်။
#Yangon_Media_Group
#Local_News
Published_20 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ခြောက်လကျော်ကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးက ကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 20 October 2022
၁။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံကုန်သွယ်မှုပြုလုပ်ထား
၂။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ငရုတ်သီးအစိုဝယ်လိုအားကောင်းနေ
၃။ ကျေးရွာနေပြည်သူများကို နားအကြားအာရုံအခမဲ့ စမ်းသပ်ပေးပြီး နားကြားကိရိယာများ အခမဲ့ပေးနေ
၄။ ဂျပန်ဒီဇိုင်နာပညာရှင်ကြီးများဖြစ်သည့် 'ကင်ဇို'နှင့်'မီယာကဲ'တို့ဆုံးပါးပြီးနောက် ဖက်ရှင်လောကအပြောင်းအလဲဖြစ်လာဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1573 of 2110