#Local_News
Published_ 23 September 2022
အမေရိကန်၊ ဂျာမန်နဲ့စင်ကာပူနိုင်ငံတို့မှ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ မြေငလျင်စီမံကိန်း (၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 23 September 2022
အခုရက်ပိုင်းထဲမှာ ရန်ကုန်တိုင်းအတွင်းနေ့စဉ် ကိုဗစ်ပိုးတွေ့သူ(၂၀၀)ကျော်တွေ့ရှိနေရပြီး မြောက်ဥက္ကလာပမြို့နယ်ဟာ ကိုဗစ်ပိုးတွေ့မှု အများဆုံးမြို့နယ်ထဲမှာ ပါဝင်နေပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 23 September 2022
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ရက်နေ့က ဗဟိုဘဏ်ကနေ မိုဘိုင်းငွေပေးချေမှု အသုံးပြုသူတွေ အနေနဲ့ ငွေလွှဲအကောင့်တွေကို Level 2 အဆင့်မြှင့်တင်ထားကြဖို့အပြင် သတ်မှတ်ကာလအတွင်း အချိန်မီ အဆင့်မမြှင့်တင်နိုင်တဲ့ အကောင့်တွေကို ဖျက်သိမ်းပစ်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ ကြေငြာလိုက်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 23 Setember 2022
ယနေ့(စက်တင်ဘာလ ၂၃ ရက်) ကနေစတင်ပြီး ကမ္ဘာအေးကျောက်မျက်ရတနာခန်းမမှာ လူတစ်ယောက်ကို ဒင်္ဂါးပြားတစ်ပြားရောင်းချပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 23 September 2022
၁။ လူတစ်ဦးလျှင် ဒင်္ဂါးပြားတစ်ပြားရောင်းချပေးမည်ဟု YGEA ပြော
၂။ မိုဘိုင်းငွေပေးချေမှုစနစ်ဂယက်ကြောင့် အွန်လိုင်းအရောင်းသမားအချို့ သတိထားလုပ်ကိုင်နေကြရ
၃။ တစ်ရက်လျှင်အနည်းဆုံး ကိုဗစ်သံသယရှိသူ(၂၀)ဦးမှ (၇၀)ဦးအထိ မြို့နယ်အတွင်း ပို့ဆောင်ပေးနေရ
၄။ မြောက်မက်ဆီဒိုးနီးယားရွာတွင် ပညာအလင်းရောင်ဖြန့်ကျက်နေသည့် ရှေးဟောင်းစာကြည့်တိုက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published- 23 September 2022
YBS ခရီးသည်တင်ဘတ်စ်ကားပေါ်တွေမှာ ခါးပိုက်နှိုက်တွေက များပြားလာပါတယ်။ ခရီးသည်တွေအနေနဲ့ ခါးပိုက်နှိုက်မှုဖြစ်စဉ်မဖြစ်ပွားစေဖို့အတွက် ပူးပေါင်းပါဝင်ကြဖို့ လိုအပ်တယ်လို့ YRTC က တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published-23 Setember 2022
ပြည်တွင်းဒေါ်လာနှင့်ရွှေဈေးများ ဈေးကျဆင်းလာမှုကို ကုန်သည်များအနေဖြင့် စောင့်ကြည့်နေခြင်းကြောင့် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အရောင်းအဝယ် ရုတ်တရက်အေးနေကြောင်း ပဲ၊ နှမ်းကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေပြီး နှမ်းဈေးမှာ ကျဆင်းကာ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၃၀,၀၀၀ မှ ၄၀,၀၀၀ လောက်အထိ ကျဆင်းသွားကြောင်း သိရသည်။
ယင်းအပြင် ကုန်စည်ဒိုင်တစ်ခုလုံးတွင် အရောင်းအဝယ်လုပ်နေသည့် ပဲ၊ ပြောင်း၊ နှမ်းအားလုံး ဈေးကျနေခြင်းဖြစ်ကြောင်းသိရသည်။
ပြည်တွင်း ဒေါ်လာဈေး မတည်ငြိမ်မှုကြောင့် ပို့ကုန်ပဲများ အဝယ်မရှိသလောက်ရပ်သွားပြီး ဈေးကျဆင်းသွားခဲ့ရာ မတ်ပဲတစ်အိတ်လျှင် ကျပ် ၁၉၅၀၀၀- မှ ၁၉၈၀၀၀၊ ပဲစင်းငုံ တစ်အိတ်လျှင်ကျပ် ၁၉၅၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်အေးနေကြောင်း၊ တရုတ်လိုင်းသို့ တင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ အမြင့်ဆုံးတစ်အိတ်လျှင် ကျပ် ၁၆၀,၀၀၀ ပေါက်ဈေး ရှိနေကြောင်း သိရသည်။
ပို့ကုန်ပဲများအားလုံး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၀၀၀ မှ ၂,၀၀၀ ခန့်ထိ ဈေးကျပြီး အဝယ်အေးနေခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်ပသို့ လက်ကျန်ပဲများကိုသာ တင်ပို့နေရကြောင်း သိရသည်။
ပြည်ပသို့ပဲမျိုးစုံတင်ပို့မှုမှာ ၅ လတာကာလအတွင်း ပင်လယ်ရေကြောင်းမှ ၆၁၁၅၂၉ ဒသမ ၅၀၈ တန်၊ တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၉၃ ဒသမ ၅၆၀ သန်း၊ နယ်စပ်မှ ၁၄၂၅၈၇ ဒသမ ၂၉၇ တန် ကန်ဒေါ်လာ ၉၆ ဒသမ ၅၈၉ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
Page 1556 of 2036