#Local_News
Published_ 1 December 2022
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပိုပြီးတိုးတက်လာတယ်လို့ နယ်စပ်ကုန်သွယ်ရေး အသင်းက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 1 December 2022
လာမယ့်ဒီဇင်ဘာလ(၅)ရက်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာမုန်တိုင်းငယ်အဖြစ်ရောက်ရှိလာနိုင်တဲ့အတွက် ဒီဇင်ဘာလအတွင်းမိုးရွာသွန်းမှုတွေရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local _News
Published _ 1 December 2022
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့မှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ Ayeyarwaddy Integrated Food Industry Complex ငါးမွေးမြူရေးစီမံကိန်းမှထုတ်လုပ်တဲ့ ငါးတန် တန်ဖိုးမြှင့်ထုတ်ကုန်တွေကို ၂၀၂၃ ခုနှစ်မှစတင်ကာ ပြည်ပတင်ပို့ဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 1 December 2022
နယ်ကနေ ရန်ကုန်ကို ကုန်ကားတွေအဝင်နည်းနေတာကြောင့် အာလူး ၊ ကြက်သွန်နဲ့ ငရုတ်ဈေးနှုန်းဟာ အနည်းငယ်မြင့်တက်နေတာဖြစ်တယ်လို့ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 1 December 2022
၁။ နယ်မှကုန်ကားများ အဝင်နည်းနေသည့်အတွက် အာလူး၊ ကြက်သွန် နှင့် ငရုတ်ဈေးနှုန်းများအနည်းငယ် မြင့်တက်နေ
၂။ ငါးတန် တန်ဖိုးမြှင့်ထုတ်ကုန်များကို ၂၀၂၃ ခုနှစ်မှစတင်၍ ပြည်ပသို့တင်ပို့မည်
၃။ ဒေသအချို့တွင် လေပြင်းတိုက်ပြီး မိုးကြီးဦးမည်ဖြစ်၍ ဒီဇင်ဘာလခရီးသွားမည့်သူများ သတိပြုရန်လို
၄။ အကသင်တန်းပေးခြင်းဖြင့် ပေါ်တူဂီအကျဉ်းသားများ၏ စိတ်နေသဘောထားများ ပြောင်းလဲလာရန် မျှော်လင့်နေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_1 December 2022
ကိုဗစ်-၁၉ ရန်ပုံငွေကနေ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေတွေ ပြန်ဆပ်ရမယ့် ကာလကို သက်တမ်း (၁) နှစ် ထပ်မံတိုးမြှင့်ပေးထားတယ်လို့ အသိပေး ကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published _ 1 December 2022
နိုင်ငံသားတိုင်း အခြေခံပညာကို KG+ 9 အထိ မဖြစ်မနေသင်ကြားနိုင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောသည်။
နိုဝင်ဘာလ ၃၀ ရက်က အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးအတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။
ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူ ၇ ဒသမ ၂၃ သန်းကျော် ပညာသင်ကြားလျက်ရှိကြောင်း၊ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် စနစ်တကျ လုပ်ဆောင်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1489 of 2115