#Local_News
Published _27 September 2022
ရခိုင်ပြည်နယ် မောင်တောမြို့ ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးစခန်းဟာ လက်ရှိမြေပြင်အနေအထားအရ ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်။
#Yangon_Media_Group
#Local_News
Published-27 September 2022
ယခုလ စက်တင်ဘာ ၁ ရက်ကနေ ၂၃ ရက်အထိ ပြည်ပကိုပြောင်းတန်ချိန် ခြောက်သောင်းတင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published _27 September 2022
ရုရှားစက်သုံးဆီကို အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက်ဦးစားပေးရောင်းချပေးမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
#Yangon_Media_Group
Published_ 27 September 2022
ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပန အခမ်းအနား ကို စက်တင်ဘာ (၂၇) ရက် နေ့လည် (၂) နာရီက တိုကျိုမြို့ရှိ Nippon Budokan ခန်းမ ကြီး၌ ပြုလုပ်ခဲ့ရာ မြန်မာအစိုးရကိုယ်စား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် နှင့်ဇနီး ပါဝင်တက်ရောက်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ ဦးဆောင်သော အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ဥက္ကဋ္ဌများ၊ တရားရုံးချုပ် တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော် အမတ်များ၊ ပြည်ပနိုင်ငံပေါင်း (၂၀၀) ကျော်မှ အစိုးရအဖွဲ့အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌများ၊ တိုကျိုမြို့ အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၃၀၀) ခန့် တက်ရောက်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေးနှင့်ပတ်သက်၍ ချီးကျူးဂုဏ်ပြုစကား များကို နိုင်ငံတော်ဈာပနအခမ်းအနား ကျင်းပရေးကော်မတီ ၊ ဥက္ကဋ္ဌ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဟီရိုယူကီ ဟိုဆိုဒါ၊ အထက် လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ဟီဒေဟီဆာ အော့ဆုဂျိ၊ တရားရုံးချုပ် တရားသူကြီးချုပ် မစ္စတာ ဆာဘူရို တိုဂူရာ နှင့် ဝန်ကြီးချုပ် ဟောင်း ရှင်ဇိုအာဘေး၏ မိတ်ဆွေများကိုယ်စား ဝန်ကြီးချုပ် ဟောင်း ယိုရှီဟီဒေး ဆူဂမှ အသီးသီး ပြောကြား ခဲ့ကြပါတယ်။
ထို့နောက် ဂျပန်ဧကရာဇ် နာရူဟီတိုနှင့်မိဘုရားတို့၏ ကိုယ်စားလှယ်များ၊ ဂျပန်ဧကရာဇ်ဟောင်း အာကီဟီတိုနှင့် မိဘုရားတို့၏ ကိုယ်စားလှယ်များမှ ဂါရဝပြုခဲ့ ကြပြီးနောက် တော်ဝင်မိသားစုအဖွဲ့ဝင်များ၊ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း၏ မိသားစုဝင်များမှ ပန်းစည်းချ ဂါရဝပြုခဲ့ကြပါတယ်။
ဆက်လက်၍ နိုင်ငံတော်ဈာပနအခမ်းအနား ကျင်းပရေးကော်မတီ ၊ ဥက္ကဋ္ဌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖူမီယို ကီရှီဒါ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ၊ အထက် လွှတ်တော် ဥက္ကဋ္ဌ၊ တရားရုံးချုပ်တရားသူကြီးချုပ်၊ ဝန်ကြီးချုပ်ဟောင်း၏ မိတ်ဆွေများ၊ ပြည်ပနိုင်ငံများမှ တက်ရောက်လာကြသော အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌများ၊ တိုကျိုမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်း များမှ ကိုယ်စားလှယ်များမှ ပန်းစည်းချ ဂါရဝပြုခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 27 September 2022
ရန်ကုန်တိုင်းမှာ ကိုဗစ်လူနာတွေကို ဆေးရုံကြီး(၉)ရုံနဲ့မြို့နယ်ဆေးရုံတွေမှာ လက်ခံကုသပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းမင်း ကပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 27 September 2022
၁။ ကိုဗစ်လူနာများကို ဆေးရုံကြီး(၉)ရုံနှင့် မြို့နယ်ဆေးရုံများတွင် လက်ခံကုသပေးနေ
၂။ ရုရှားစက်သုံးဆီကို အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ဦးစားပေးရောင်းချမည်
၃။ ယခုလအတွင်း ပြည်ပသို့ပြောင်းတန်ချိန် ခြောက်သောင်းတင်ပို့နိုင်ခဲ့
၄။ ထိုင်ဝမ်မှ သင်းခွေချပ်များ လမ်းဘေးခွေးကိုက်သည့် အန္တရာယ်နှင့်ကြုံတွေ့နေရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 27 September 2022
လာမယ့် ပွင့်လင်းရာသီမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေအနေနဲ့ ပြန်လည်ဦးမော့လာနိုင်ဖို့တွေ ပြင်ဆင်နေလျှက်ရှိနေပါတယ်။
#Yangon_Media_Group
Page 1488 of 1977