#Local_News
Published_27 October 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စားအုန်းဆီတင်သွင်းတဲ့သူတွေကို တစ်ဒေါ်လာ (၂,၄၀၃) ကျပ် သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _27 October 2022
မီးရထားလမ်းတွေ အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေပြီး နှစ်လမ်းသွားကို တစ်လမ်းပြုပြင်နေပြီး ပြုပြင်နေချိန်မှာ တစ်လမ်းထဲကပဲ အသုံးပြုသွားလာမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 27 october 2022
ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားခဲ့တာကြောင့် အာရှလမ်းမကြီးကို ယာယီပိတ်ထားခဲ့ရပြီး ကုန်သွယ်မှုလမ်းကြောင်းတွေလည်း ခနပိတ်ထားခဲ့ရတယ်လို့ မြဝတီနယ်စပ်ကုန်သည်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 27 October 2022
၁။ ထိတွေ့တိုက်ပွဲများအပြီး မြဝတီနယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်လျက်ရှိနေ
၂။ မီးရထားလမ်းများအဆင့်မြှင့်တင်နေ၊ ပြုပြင်နေချိန်တွင် နှစ်လမ်းသွားကိုတစ်လမ်းပဲ အသုံးပြုသွားလာမည်ဟုဆို
၃။ စားအုန်းဆီတင်သွင်းသူတွေကို တစ်ဒေါ်လာ (၂,၄၀၃) ကျပ် သတ်မှတ်ပေးထား
၄။ လျှပ်စစ်မော်တော်ကားများအတွက် တရုတ်နိုင်ငံအနှံ အားသွင်းနေရာအများအပြား တည်ဆောက်လာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_27 October 2022
ကျိုက်ထီးရိုးဘုရားဖူးတွေကို တန်ဆောင်တိုင်အတွက် အတွက် နေစားငြိမ်း နှစ်ရက်သတ်မှတ်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 27 October 2022
တရုတ်နိုင်ငံကို ပြောင်းတင်ပို့ခွင့်ရရှိထားသည့် မြန်မာကုမ္ပဏီပေါင်း ၁၀၀ ကျော်မှ (၉)လအတွင်း ပြောင်းဖူးတန်ချိန် (၁၀၀၀) ကျော်ကို တင်ပို့ရောင်းချခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
တရုတ်အကောက်ခွန် ထွေ/အုပ်အာဏာပိုင်အဖွဲ့(GACC) နှင့် စိုက်ပျိုးရေးဝန်ကြီးဌာန(မြန်မာ)တို့အကြား ယခုနှစ် ဇန်နဝါရီလတွင် Plant Quarantine Protocol ကို နှစ်နိုင်ငံအစိုးရအချင်းချင်း လက်မှတ်ရေးထိုးခဲ့ပြီးနောက် တင်ပို့ခွင့်ရရှိခဲ့သည့် တန်ချိန်ပမာဏဖြစ်ကြောင်း သိရသည်။
စီးပွား/ကူးသန်း၏ ဖော်ပြထားသည့်စာရင်းတွေအရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံကို မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရိစ္ဆာန် ထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်းတင်ပို့မှုအနေဖြင့်ကန်ဒေါ်လာသန်း ၅ ဒသမ ၄ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ပြောင်းတွေကို ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံတွေကို တင်ပို့နေပြီးယခုနှစ် ပြောင်းရာသီတွင် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) မှာ မှတ်ပုံတင်ထာသည့် ပြောင်းတွေကို နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_27 October 2022
ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာကို ကျပ် ၃၀၀၀ ဝန်းကျင်ဖြင့် ဈေးငြိမ်နေကြောင်းငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့သည့် ဒေါ်လာဈေးကွက်သည် ပြန်လည်တည်ငြိမ်လာပြီး ဈေးကွက်အတွင်း အရောင်းအဝယ် ရှိခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင်ပြင်ပ ဈေးကွက်မှာတစ်ဒေါ်လာကို အဝယ်ဈေး ကျပ် ၂၉၇၀ ကျပ်ဖွင့်လှစ်ခဲ့ပြီး အရောင်းဈေးမှာတော့ ၃၀၂၀ ကျပ်ဖြင့်ဈေးကွက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြန်မာအနေဖြင့် နိုင်ငံတကာ ငွေကြေးဈေးကွက်၏ အမည်ပျက်စာရင်းမှာ ထည့်သွင်းခံရပြီးနောက် ပြည်တွင်းဒေါ်လာငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်ခဲ့ပြီး ဈေးကွက်အတွင်း ဒေါ်လာဈေးဟာလည်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင်လည်း ဗဟိုဘဏ်အနေဖြင့် အမည်ပျက်စာရင်းသွင်းခံရမှုအပေါ်စိုးရိမ်မှုမလွန်ကဲစေရန်နှင့် ၎င်းကိုအကြောင်းပြု၍ ဈေးကစားခြင်းပြုလုပ်ပါက အရေးစယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
Page 1487 of 2040