#Local_News
Published_11 January 2023
မိတ္ထီလာမြို့နယ်တွင် ကုန်တင်ယာဉ်နှင့်အိမ်စီးယာဉ် မျက်နှာချင်းဆိုင် တိုက် မိ၍ အမျိုးသား တစ်ဦးသေဆုံးခဲ့ကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၁၀ ရက် ညပိုင်းက မိတ္ထီလာမြို့သစ်အထွက် ဘီးခွန်ဂိတ်အကျော် နဝရတ်ဆီဆိုင်အနီးတွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ည ၈ နာရီကျော်လောက်မှာ ကုန်ကားနဲ့ အိမ်စီးကားနဲ့တိုက်မိလို့ဆိုပြီး ကျွန်တော်တို့ဆီကို ဖုန်းဝင်လာလို့ သွားရောက်အကူအညီပေးခဲ့ပါတယ်။ တိုက်မိတာကတော့ ကား၂စီး မျက်နှာချင်းဆိုင်တိုက်တာ၊အပြည်သာယာလူငယ် အသင်းကလူနာတင်ကား (၂)စီး ၊ မေတ္တာပါရမီအသင်းကလူနာတင်ကား (၁)စီး နဲ့ သွားရောက်ကူညီပေးခဲ့တယ်။ ဒဏ်ရာရတဲ့ထဲက အမျိုးသားတစ်ယောက်က ပြင်းထန်တဲ့အတွက် အဲဒီမှာပဲဆုံးသွားပါတယ်"ဟု ယင်းကဆိုသည်။
လက်ရှိတွင် ညာဘက်ခြေထောက်ကျိုးကာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမှာ နှင့် မိတ္ထီလာဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 10 January 2023
မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြန်လည်ဖွင့်မယ်လို့ ထိုင်းနိုင်ငံဘက်က ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_10 January 2023
မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းအားလုံးမှာ တယ်လီမက်တစ်စနစ်ကို တပ်ဆင်ပြီးဖြစ်တယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_10 January 2023
ယခုဘဏ္ဍာနှစ်ရဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ (၉)လအတွင်း မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ (၁ ဒသမ ၄၆) ဘီလီယံတန်ဖိုးရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း - FDI (၅၉)ခု ဝင်ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_10 January 2023
ပြီးခဲ့တဲ့ရက်ပိုင်းက အင်းလေးဒေသမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကြောင့် ပြည်တွင်းခရီးသွားပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 10 January 2023
၁။ အင်းလေးဒေသဖြစ်စဉ်ကြောင့် ပြည်တွင်းခရီးသွားပုံရိပ်ကို ကျဆင်းစေနိုင်သည်ဟုဆို
၂။ ၉ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅၉ ခု ဝင်ရောက်ခဲ့
၃။ YBS ယာဉ်လိုင်းအားလုံးတွင် တယ်လီမက်တစ်စနစ်တပ်ပြီးဖြစ်ဟုဆို
၄။ ဓာတ်ငွေ့မှ ပလတ်စတစ်သို့ပြောင်းလဲပေးမည့် ဒေါ်လာ(၆)ဘီလီယံတန်စက်ရုံအား ကာတာနှင့်ချက်ဗ်ရွန်တို့ တွဲဖက်ဆောက်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 10 January 2023
သုဝဏ္ဏဘူမိ ဂဝံယဉ်ကျေးမှု ရှေးဟောင်းသမိုင်းဝင်ပြတိုက်ကို ပြည်တွင်းပြည်ပက စိတ်ဝင်စားသူတွေလေ့လာနိုင်ဖို ပြတိုက်ဖွင့်လိုက်ပါပြီ။
#Yangon_Media_Group
Page 1492 of 2200