#Local_News
Published_13 December 2022
ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့က တစ်နှစ်ပတ်လုံး ဝယ်လိုအားများနေတဲ့အတွက် ကြက်သွန်နီဈေးနှုန်းဟာ ယမန်နှစ်ထက် ဈေးကပိုမြင့်တက်နေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 13 December 2022
ကိုဗစ်ကာလအပြီး အိမ်ခြံမြေဈေးကွက်မှာ ရန်ကုန်မြို့တွင်းမြို့နယ်တွေထက် ဒဂုံ(၄)မြို့နယ်နဲ့ မြေကွက်လုံးချင်းတွေက အရောင်းအဝယ်ပိုဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း(MRPDA) ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 13 December 2022
အသက်(၇၅)နှစ်အထက် သက်ကြီးဂီတပညာရှင်ကြီး(၃၀၀)နီးပါးခန့်ကို အခုဒီဇင်ဘာလကုန်ပိုင်းလောက်မှာ ပူဇော်ကန်တော့သွားဖို့ရှိတယ်လို့မြန်မာနိုင်ငံဂီတအစည်းအရုံးမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 13 December 2022
၁။ သက်ကြီးဂီတပညာရှင်ကြီး(၃၀၀)နီးပါးကို ပူဇော်ကန်တော့သွားရန်ရှိ
၂။ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း Down Town မြို့နယ်များထက် ဒဂုံမြို့နယ်များ၌ အရောင်းအဝယ်ပိုဖြစ်နေ
၃။ ပြည်ပဝယ်လိုအားများနေသည့်အတွက် ကြက်သွန်နီဈေးနှုန်း ယခင်နှစ်ထက် ဈေးပိုမြင့်တက်လာ
၄။ ကင်ညာနိုင်ငံ မာဆိုင်းလူမျိုးတို့၏ ရိုးရာခြင်္သေ့အမဲလိုက်ပွဲအစား အားကစားပြိုင်ပွဲများဖြင့် အစားထိုးကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local _News
Published _ 13 December 2022
လက်ရှိမှာတော့ အောင်ပန်းကထွက်ရှိတဲ့ ခရမ်းချဉ်သီးတွေနဲ့ ပဲလိပ်ပြာတွေဟာ ဝယ်လိုအားနည်းပြီး ရောင်းလိုအားများလာတာကြောင့် ဈေးတွေထိုးကျသွားခဲ့တယ်လို့ အောင်ပန်းကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 13 December 2022
ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ ရဟတ်ယာဉ်အမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို ယနေ့ တွင် သက်သေစစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အား သက်သေအဖြစ် စစ်ဆေးခဲ့ပြီးနောက် ယနေ့တွင် ဦးမင်းသူကို စစ်ဆေးခြင်းလည်း ဖြစ်သည်။
"ဒီနေ့ ဦးမင်းသူကို အမှုအားလုံး စစ်ဆေးပါတယ်။နောက်လာမယ့် ရုံးချိန်းမှာ စစ်ဆေးဖို့ သက်သေတွေ ကျန်နေပါသေးတယ်။ မနေ့ကတော့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကို စစ်ဆေးခဲ့ပါတယ်။ အခုဆိုရင် စွပ်စွဲခံရသူဘက်က တရားခံပြသက်သေအနေနဲ့ စစ်ဆေးပြီးတာ လေးယောက် ရှိပါပြီ"ဟု အဆိုပါ တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကိုအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ ရဟတ်ယာဉ် နှင့်ပတ်သက်၍ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 13 December 2022
သင်္ဘောသားနိုင်ငံကူးလက်မှတ်ဦးစားပေးလျှောက် ထားခွင့်ရသော်လည်း လျှောက်ထားနိုင်မည့်မူဝါဒပြောင်းလဲသွားကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်( MSF)က ဒီဇင်ဘာလ(၁၃)ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်၊၊
ထုတ်ပြန်ချက်တွင်အဖွဲ့ချုပ်အနေဖြင့် သင်္ဘောသားနိုင်ငံကူးလက်မှတ် (Seaman Passport) အသစ်လျှောက်ထားခြင်း၊ အဟောင်းသက်တမ်းတိုးခြင်းကိစ္စရပ်များအား ပုံမှန်တန်းစီဇယားစနစ်မှဦးစားပေးလျှောက်ထားနိုင်ရန်အတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ခွင့်ပြုပေးခဲ့ကြောင်း၊ သို့သော်လည်း သီးသန့်ခွင့်ပြုပေးခဲ့သည့်လုပ်ငန်းစဉ်အား ခွင့်ပြုချက်ရသည့်အချို့သော အဖွဲ့အစည်းများ၏ မသမာမှုပြုလုပ်ခြင်းများကြောင့် သီးသန့်နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းလုပ်ငန်းစဉ်အား သက်ဆိုင်ရာ၀န်ကြီးဌာနမှတစ်ဆင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ လျှောက်ထားရန် မူဝါဒပြောင်းလဲချမှတ်ခဲ့ကြောင်းဖော်ပြထားသည်၊၊
ဒါ့ကြောင့်မို့လို့ နိုင်ငံကူးလက်မှတ်သီးသန့်အစီအစဉ်ဖြင့် လျှောက်ထားလိုသူများအနေဖြင့် အဖွဲ့ချုပ်သို့လာရောက် စာရင်းရေးသွင်းပြီးပါက အဆိုပါစာရင်းများအားရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန DMA မှတစ်ဆင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ကြောင်းအသိပေးချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1465 of 2115