#Local_News
Published _ 19 August 2022
စက်သုံးဆီဈေးနှုန်းများ ယနေ့သြဂုတ်လ ၁၉ ရက်တွင်၂၃၀၀ ကျပ်ကျော်သို့ ပြန်လည်ရောက်ရှိခဲ့သဖြင့် နေသဖြင့် ရန်ကုန်တိုင်းအတွင်း 92 Ron တစ် လီတာလျင် ၂၃၅၅ ကျပ်ပြန်ဖြစ်လာခဲ့သည်ကို စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် ရည်ညွှန်းလက်လီဈေးနှုန်းများအရ သိရသည်။
အလားတူ နေပြည်တော်၊ ပဲခူး၊ ပုသိမ်၊ ဘားအံတို့တွင်လည်း 92 Ron တစ်လီတာလျင် ၂၃၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။
မန္တလေး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ မြစ်ကြီးနား၊ စစ်တွေ၊ မော်လမြိုင်၊လားရှိုး၊ တောင်ကြီး၊ လွိုင်ကော်တို့၌ 92 Ron တစ်လီတာလျင် ၂၄၀၀ ကျပ်ကျော်ဖြစ်ပေါ်လျက်ရှိသည်။
ယင်းအပြင် ဟားခါးတွင် ၂၆၀၀ ကျပ်ကျော်နှင့် ကျိုင်းတုံတွင် ၂၉၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီဈေးအဖြစ် 92 Ron တစ်လီတာလျင် ၂၃၅၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၄၄၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၇၆၅ ကျပ် သတ်မှတ်ခဲ့သည်။
အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တိုမှာ တစ်လီတာလျင် ၂၈၄၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီဈေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။
ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားဈေးနှုန်းမှာလည်း ရန်ကုန်တိုင်း၌ 92 Ron တစ်လီတာလျင် ၂၂၄၄ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၃၂၈ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၆၄၅ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၇၁၈ ကျပ်တိုဖြစ်သည်။
အဆိုပါ ဈေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS ဈေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published -18 August 2022
ကိုဗစ်- ၁၉ လေးကြိမ်မြောက် Booster ကာကွယ်ဆေးကို ယခုသီတင်းပတ်ကစပြီး အခမဲ့ထိုးနှံပေးသွားမယ်လို ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published -18 August 2022
မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ သုံးဦးဟာ ပြည်ပက ပြန်လာသူတွေမဟုတ်ဘဲ ပြည်တွင်းကူးစက်မှုကြောင့် သေဆုံးခြင်ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 18 August 2022
ပြည်တွင်းရွှေဈေးကွက်မှာ YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ နေ့စဉ်ရည်ညွှန်းဈေးတွေအရ ဒီကနေ့ သြဂုတ်လ ၁၈ ရက်နေ့မှာ ကျပ်သိန်းနှစ်ဆယ် ခြောက်သောင်း သုံးထောင်ကျော်ရှိနေတာပါ။ ဒါကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ကဈေးနဲ့ ယှဉ်လိုက်ရင် ကျပ် ၄ သောင်းကျော် ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_18 August 2022
ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို ပြတိုက်အဆောက်အဦးနဲ့ခင်းကျင်းပြသမှုပုံစံတွေကို အဆင့်မြှင့်တင်မှာဖြစ်သလို ဒစ်ဂျစ်တယ်ပြတိုက်အနေနဲ့လည်း AIနည်းပညာနဲ့ပြသနိုင်ဖို့အထိ အဆင့်မြှင့်တင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ ပုဂံရှေးဟောင်း သုတေသနဌာနက ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 18 August 2022
၁။ ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို ပုံစံနှစ်မျိုးဖြင့်
အဆင့်မြှင့်တင်မည်
၂။ ပြည်တွင်းရွှေဈေး YGEA ရည်ညွှန်းဈေးများအရ ၅ ရက်အတွင်း ကျပ် ၄ သောင်းကျော် ကျဆင်းလာ
၃။ ကိုဗစ်ဖြင့်သေဆုံးသူ ၃ ဦးသည် ရောဂါခံကြောင့် သေဆုံးခြင်းဖြစ်ဟုဆို
၄။ အီဂျစ်မြို့တော်ကိုင်ရိုတွင် ပက်ဒယ်အားကစားလူကြိုက်များလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_18 August 2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ လက်ရှိအချိန်ထိ ၁၈ လ တာ ကာလအတွင်းမှာ သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1460 of 1862