#Local_News
Published_ 28 April 2023
ယခုတစ်ပတ်အတွင်း စက်သုံးဆီဈေးမှာ နှုန်းထားတစ်ရာကျပ်ဝန်းကျင် ပတ်ချာလည်သို့အနည်းငယ်ပြန်ကျခဲ့သော်လည်း တစ်လီတာလျှင် ၂,၀၀၀ ကျော် နေဆဲဖြစ်ကြောင်း ယနေ့ ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #92တစ်လီ #စက်သုံးဆီဈေးနှုန်း
#YMG #Yangon_Media_Group
#Daily_News
Published_ 28 April 2023
၁။ 92တစ်လီတာ ၂၀၁၀ကျပ်အထိရောက်ရှိပြီး စက်သုံးဆီဈေးနှုန်းအကျဘက်ရှိနေ
၂။ နေ့အပူချိန်(၄၀)°Cအထက်ရောက်ရှိနေသော ဒေသများတွင် လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ အပူရှပ်ခြင်းများအဖြစ်များနိုင်
၃။ ပြင်ပရွှေပေါက်ဈေး သိန်း ၃၀ ကျော်သည့်အတွက် ရွှေဈေးနှုန်းတည်ငြိမ်စေရေး ရန်ကုန်ရွှေအသင်းအရေးပေါ် အစည်းဝေးပြုလုပ်
၄။ ဂျပန်တွင်ကာတွန်းရုပ်ပုံများဖြင့် မော်တော်ကားအလှဆင်ခြင်း ရေပန်းစားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 28 April 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချမယ့်တန်ဖိုးနည်း၊တန်ဖိုးသင့် တိုက်ခန်းတွေကို တိုက်ခန်းအရောင်းဈေးနှုန်းတွေ ပြန်လည်ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်၊၊
#Local_News #တန်ဖိုးနည်းတိုက်ခန်း #ပြင်ဆင်စရိတ်
#YMG #Yangon_Media_Group
#Local_News
Published_ 28 April 2023
တာချီလိတ်မြို့နယ်အတွင်းမှာ အသက် ၂၇နှစ်အရွယ် အမျိုးသားတစ်ဦး ဦးနှောက်သွေးကြောပျက်ပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းထံက သိရသည်။
ဧပြီလ ၂၈ရက်နေ့ နံနက် ၉ နာရီအချိန်က တာချီလိတ်မြို့၊ ဆန်ဆိုင်း-ဝမ်မိုင်ရပ်ကွက်နေ အသက် ၂၇နှစ်အရွယ်ရှိ ကိုထွန်းထွန်းဦးသည် ရုတ်တရက် မူးလဲကာ သတိလစ်သွားခဲ့ကြောင်း သိရသည်။
"တစ်ညလုံး ပန်ကာဖွင့်ပြီး အိပ်တာလို့ သိရပါတယ်၊ ပြီးတော့ ရုတ်တရက် မူးလဲပြီး သတိလစ်သွားလို့ အရေးပေါ်ပို့ဆောင်စဉ်မှာ ဦးနှောက်သွေးကြောပျက်ပြီး သေဆုံးနေပြီဖြစ်ပါတယ်"လို့ အသင်းက တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါအမျိုးသားသည် ရုတ်တရက်မူးလဲကာ သတိလစ်သွားတာကြောင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့စဉ် ဆေးရုံရောက်ရောက်ချင်း ဆရာဝန်ရဲ့ စစ်ဆေးချက်အရ လူနာမှာ ဦးနှောက်သွေးကြောပျက်ပြီး သေဆုံးနေပြီဖြစ်ကြောင်းသိရသည်။

#ymg/ppk #Local_News #တာချီလိတ် #ဦးနှောက်သွေးကြောပျက်
#YMG #Yangon-Media-Group
#Local_News
Published_ 28 April 2023
ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲနှုန်းက အမေရိကန်တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပငွေကြေးဈေးကွက်အတွင်း အမေရိကန် တစ်ဒေါ်လာ ၂၈၇၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်အေးနေကြောင်း သိရသည်။
ပြည်တွင်းအမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် မတ်လနောက်ဆုံးအပါတ်တွင် ဒေါ်လာအကျဘက်သို့ ဦးတည်လာပြီး သင်္ကြန်ကာလပြီးနောက်ပိုင်းတွင်လည်း တစ်ဒေါ်လာကို ကျပ် ၂၈၆၀ မှ ၂၈၇၀ ကြား ဝန်းကျင်တွင်ရှိကြောင်း သိရသည်။
ပြင်ပငွေကြေးဈေးကွက်အတွင်း အခြားနိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းထားတွေမှာ ယူရို ၃၁၀၅ ကျပ်၊ စင်ကာပူ ဒေါ်လာ ၂၁၅၀ ကျပ်၊ မလေးရှားရင်းဂစ် ကျပ် ၆၅၀ ၊ ထိုင်းဘတ်ကျပ် ၈၄.၁၀ ၊ တရုတ်ယွမ် ၄၁၄ ကျပ်၊ ဂျပန်ယန်း ၂၂.၂၀ကျပ် ဖြစ်ကြောင်း သိရသည်။
#ymg/ppk #Local_News #အမေရိကန်ဒေါ်လာ #အရောင်းအဝယ်အေးနေ
#YMG #Yangon-Media-Group
#Local_News
Published-28 April 2023
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ စံပါယ်လမ်းအတက်၊ မြို့ရှောင်လမ်း အရှေ့ဘက် ခြံဝန်းလွတ် စည်းရိုးစပ်တစ်နေရာတွင် သေဆုံးနေချိန်ကြာနေပြီဖြစ်သည့် အမျိုးသားအလောင်းကို တွေ့ရှိခဲ့ရကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းက သိရသည်။
ပြီးခဲ့သည့် ဧပြီလ(၂၇)ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က အဆိုပါ သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ၊ သေဆုံးသူမှာ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး(၈)၌ နေထိုင်သော အသက် ၄၈ အရွယ်ရှိ အမျိုးသားတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။
ယင်းကြောင့် အဆိုပါ သေဆုံးချိန်မှာ ကြာမြင့်နေပြီဖြစ်သော သေဆုံးသူ ရုပ်အလောင်းကို သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းက ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ymg/pl #Local_News #ပြင်ဦးလွင် # မြို့ရှောင်လမ်း
#YMG #Yangon_Media_Group
#Local_News
Published_ 28 April 2023
လာမည့်မေလ၊ ဇွန်လနှင့် ဇူလိုင်လအတွင်း အယ်လ်နီညိုကြောင့် ရာသီဥတုပူပြင်းခြောက်သွေ့ပြီး မူမမှန်သည့်ရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧပြီ(၂၈)ရက်တွင် ထုတ်ပြန်သည်၊၊
ထုတ်ပြန်ချက်တွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာပုံမှန်အခြေအနေတွင် ရှိနေကြောင်း၊နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရမေလ၊ ဇွန်လနှင့် ဇူလိုင်လအတွင်းအားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းထားသည် ဟုဆိုသည်၊၊
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်ဟု ဖော်ပြထားသည်၊၊
အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ပြီး အယ်နီညိုသည် အလွန်အမင်းပူပြင်းခြင်း၊ မိုးသည်းထန်ခြင်း၊မိုးခေါင်ခြင်း၊ မုန်တိုင်းနှင့်လေဆင်နှာမောင်းစသည့် သဘာဝဘေးများကိုဖြစ်ပေါ်နိုင်သည့်ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်၍ သတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း သိရသည်၊၊
#ymg/tthl #Local_News #မေလ #ဇွန်လ #ဇူလိုင်လ #အယ်လ်နီညို
#YMG #Yangon_Media_Group
Page 1461 of 2362