#Local_News
Published_18 August 2022
ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ်တွင် တည်ဆောက်နေသည့်အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းရာနှုန်းပြည့်ပြီးစီးနိုင်ရေး ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း သိရသည်။
၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် တည်ဆောက်ဆဲဖြစ်သော အဆိုပါ စက်မှုလက်မှု သိပ္ပံကျောင်းကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကပြီးခဲ့သည့်၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်ကတည်းကပင် ဒလမြို့နယ်၊ သပြေကုန်းကျေးရွာအနီး (၁၁/၁၄)ရက်ကွက်ရှိကွင်းအမှတ် (၁၈၆) ၊ မြေဧရိယာ ၂၅ ဧကပေါ်၌ စတင်ဆောက်လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်း စီမံကိန်းတွင် အလျား ၁၉၂ ပေ၊ အနံ ၃၉ ပေရှိ အာစီသုံးထပ်ဆောင်၊ သံကူကွန်ကရစ် လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ၊ အလျား ၁၂၅ ပေ၊ အနံ ၈၂ ပေ၊ အမြင့် ၁၈ ပေရှိ Steel Structure လက်တွေ့သင်ကြားရေး အဆောင်၊ သင်တန်းသား သင်တန်းသူအဆောင်၊ သံကူကွန်ကရစ်သုံးထပ်ပင်မဆောင်၊ အခြားအဆောက်အအုံများ ပါဝင်ရမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်သင်တန်းသား၊ သင်တန်းသူ အဆောင် တည်ဆောက်ရေးလုပ်ငန်းတစ်ခုသာ ရာနှုန်းပြည့် ပြီးစီးနေပြီး ဆက်လက်တည်ဆောက်မည့် သံကူကွန်ကရစ်လေးခန်းတွဲ၊ လေးထပ်ဝန်ထမ်းအိမ်ရာတစ်လုံး၊ သံကူကွန်ကရစ်တစ်ထပ် အုပ်ချုပ်ဆောင်တစ်ဆောင်၊ kitchen Theatre အဆောက်အအုံတစ်ခု၊ အထွေထွေသုံးခန်းမဆောင်တစ် ဆောင်၊ မီးစက်ရုံများကို ယခုဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ရန် ပုဂ္ဂလိလုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့် ခေါ်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်မှုလက်မှုသိပ္ပံကျောင်းမှ တစ်နှစ်လျှင် AGTI ဒီပလိုမာ ကျောင်းသား ကျောင်းသူ ဦးရေ ၃၀၀ ထိ လေ့ကျင့် မွေးထုတ်ပေးနိုင်မည် ဖြစ်ပြီဒ ဒလ၊ တွံတေး၊ ကော့မှူး၊ ဆိပ်ကြီးခနောင်တို၊ ကွမ်းခြံကုန်း၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ဒေသခံ လူငယ်များ သင်ကြားနိုင်မည် ဖြစ်ကြောင်း ၊ပြီးခဲ့သည့် အစိုးရလက်ထက်က အဆိုပါစီမံကိန်းတည်ဆောက်ရန် ခွင့်ပြုရန်ပုံငွေကျပ် သန်းပေါင်း (၄၀၀၀) ကျော် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် စိတ်ဝင်စားသော ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ ၊ တိုင်းရင်းသားလုပ်ငန်းကုမ္ပဏီများ အနေဖြင့်ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြိုနယ်ရှိ အစိုးရစက်မှုလက်မှု သိပ္ပံတွင် လျှောက်လွှာပုံစံများကို ထုတ်ယူနိုင်ကာ စက်တင်ဘာလ ၁၄ရက် နောက်ဆုံးထား၍ တင်သွင်းနိုင်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _18 August 2022
တရားမဝင် မြန်မာလုပ်သားများကို တင်ဆောင်လာသည့်ယာဉ်မတော်တဆမှုကြောင့် ၃ ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ကြောင်း ဩဂုတ်လ ၁၇ ရက်သတင်းများအရ သိရသည်။
အဆိုပါ ယာဉ်မှာ ပစ်ကပ်အမျိုးအစားဖြစ်ပြီး ယာဉ်ပေါ်တွင် တရားမဝင် မြန်မာ (၃၃) ဦးကို ထိုင်း-မြန်မာနယ်စပ်၊ ကော့သောင်း-ရနောင်းဘက်မှထိုင်းနိုင်ငံ၊ နခွးန်စီထမ်မရတ်ခရိုင်သို့ ခေါ်ဆောင်မောင်းနှင်လာစဉ်
လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
အခြားယာဉ်ပေါ်ပါ မြန်မာများအနေဖြင့် ယာဉ်တိုက်မှုဖြစ်ပွားသည်ကို ကြောက်လန့်၍ ထွက်ပြေးသွားမှုကြောင့် ထိုင်း ရဲတပ်ဖွဲ့က လိုက်လံရှာဖွေမှုတွေ ပြုလုပ်နေရကြောင်း၊ အချို့ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော်လည်း ယာဉ်မောင်းနှင့်တချို့မှာထွက်ပြေးပျောက်ဆုံးနေကြောင်းသိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအား ကျူလာဖွန်ဆေးရုံ၊ နခွန်းစီထမ်မ ရတ်ဆေးကြီးများသို့ ထိုင်းလူမှုကူညီရေးအဖွဲ့အစည်းများက ပို့ဆောင်ပေးထားကြောင်း သိရသည်။
ymg/mt
#Yangon _Media_Group
#Local_News
Published _ 17 August 2022
ဆန်ဈေးနှုန်းကြီးမြင့်လာတာကို စိုးရိမ်နေကြကာ ကြိုတင်ဝယ်ယူစုဆောင်းတာတွေ ပြုလုပ်နေတာကြောင့် ဆန်ဈေးနှုန်းတွေ အရင်ကထက် ပိုမြင့်တက်နေတယ်လို့ ပြည်တွင်းဆန်ဈေးကွက်ကနေ အခုလို သိရပါတယ်။
#Yangon_Media_Group
#World_Health
Published 17 August 2022
ကိုယ်ခန္ဓာအနေအထားကို ချိန်ညှိပေးတဲ့ ယောဂလေ့ကျင့်ခန်းတွေဟာ အိန္ဒိယကနေ အစပြုခဲ့ပြီး အခုဆိုရင် ကမ္ဘာပေါ်မှာ ထိုလုပ်ငန်းက တစ်နှစ်ကို ဒေါ်လာ ၃၀ ဘီလီယံခန့် လည်ပတ်နေပြီဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_17 August 2022
တရုတ်နိုင်ငံကို တင်ပို့နေတဲ့ပစ္စည်းတွေထဲမှာ ဆီနဲ့ ဆီထွက်သီးနှံတွေကလွဲရင် တရုတ်ယွမ်ငွေနဲ့ပဲ တင်ပို့နေကြရတာပါ။
#Yangon_Media_Group
Published 17 August 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကို ဩဂုတ်(၁၇)ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ တွေ့ဆုံကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂအကြား ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးကိစ္စအပါအဝင် အခြားကိစ္စတွေ ဆွေးနွေးကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အခြားအသေးစိတ်တော့ ဖော်ပြထားခြင်းမရှိပါဘူး။
အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ “ ဆိုးရွားလာနေတဲ့ မြန်မာ့အခြအနေနှင့် လက်ငင်းစိုးရိမ်ပူပန်မှုတွေအပြင် သူမကို တာဝန်ပေးအပ်ထားတဲ့ အခြားနယ်ပယ်နှင့်ဆိုင်တာတွေကိုဆွေးနွေးမယ်လို့ ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စတက်ဖိန်း ဒူဂျာရစ်က သူမရဲ့ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်လို့ သတင်းထုတ်ပြန်ပြောကြားထားပါတယ်။
“ သူမဟာ နိုင်ငံရေး နယ်ပယ်တစ်လွှားက ပါဝင်သူတွေ၊အရပ်ဘက်အဖွဲ့အစည်းတွေနှင့် လက်ရှိပဋိပက္ခဖြစ်နေတဲ့ လူမှုအဖွဲ့ အစည်းတွေနှင့် ကျယ်ပြန့်စွာ ဆွေးနွေးပြီးတဲ့နောက် သူမရဲ့ယခုခရီးဖြစ်လာတာ”လို့လည်း ဒူဂျာရစ်ကပြောကြောင်း ကုလရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
သူမဟာ စင်္ကာပူက လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူနှင့် အမျိုးသမီးတွေစီးပွားဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ပေးတဲ့ ကုလရဲ့ UNIFEMကို ၁၉၉၄မှ ၂၀၀၇ အထိ ဦးဆောင်ခဲ့ သူဖြစ်ပါတယ်။ ၂၀၀၇မှ ၂၀၁၄ အထိ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (အာရှပစိဖိတ်ဒေသ)ရဲ့ အမှုဆောင်အတွင်းရေးမှူးလုပ်ခဲ့သူလည်းဖြစ်တဲ့အကြောင်းသိရပါတယ်။
ymg/knl
#Local_News
Published - 17 August 2022
ပို့ကုန်မူဝါဒသတ်မှတ်ချက်တွေကြောင့် ပြည်ပ ပြောင်းတင်ပို့မှုအခြေအနေမှာ ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ ပြောင်းကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
Page 1462 of 1862