Published_ 5 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ "အောင်မင်္ဂလာအဝေးပြေးကွင်း(ပ) ဝင်း၊ တနင်္သာရီလမ်းအတွင်း ယနေ့နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
ဖေဖေါ်ဝါရီ ၅ရက်နေ့ နံနက် ၅နာရီ ၅မိနစ်ခန့်က မီးလောင် မှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၅နာရီ ၄၈မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူေ-သဆုံး မှု ရှိခဲ့ ပြီး လက်တလော စုံစမ်းမှု အရ ၃ဦး ေ-သ ဆုံး ခဲ့ကြောင်း သိရသည်။
"ပထမ တစ်ယောက်ကတော့ မီးငြိမ်းနေတဲ့ အချိန်က တည်းက တွေ့တာ အခု ၈နာရီ ခွဲ လောက် မှာ မီးလောင်ပြီး ရှင်းလင်းရေးလုပ်ငန်းတွေ လုပ် တော့မှ ၂ဦး ထပ်တွေ့တာ စုစုပေါင်း ၃ဦး ေ-သဆုံး ပေါ့ အဆောက်အဦးလည်း ၈လုံး လောက် မီးလောင် ပျက်စီးတယ် အသေးစိတ်တော့မသိရသေးပါဘူး" ဟု သုဝဏ္ဏပရဟိတအသင်းကတာဝန်ရှိသူက ပြောကြားသည်။
ယခု မီးလောင်မှု တွင် အဝေးပြေး ကားဂိတ် များ ၇ခုထက်မနည်း မီးလောင်ခဲ့သဖြင့် ဆုံးရှုံးမှုတန်ဖိုး များနိုင်ကြောင်း သိရသည်။
"ကားလက်မှတ်ရောင်းတဲ့ဂိတ် တွေ ဆိုတော့ အခြားနယ်တွေကိုပို့ဖို့ ထားတဲ့ ကုန်တွေ ပါဆယ်ထုတ်တွေပါ မီးလောင်ကုန်တာ ဆိုတေ့ာ ဆုံးရှုံးတန်ဖိုး များတယ် မီးလောင်ချိန်ကလည်း မိနစ်၄၀ဆိုတော့ ကြာသွားတယ် လက်ရှိ သက်ဆိုင်ရာ က ရှင်းလင်းရေး လုပ်ငန်း တွေ လုပ်နေတယ်"ဟု အောင်မင်္ဂလာအဝေးပြေးထဲ နေထိုင်သူတစ်ဦးက ပြောကြားသည်။
လက်ရှိ တွင် မီးလောင်သည့်အကြောင်းရာနှင့် ဆုံးရှုံးမှု တန်ဖိုး များ ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
"တိုက်ကြီးမှာ ညတိုင်း ဆင်ဝင်မလားဆိုပြီး ကြောက်နေရတယ်။ အစားအစာရှားပါးလာမှုကြောင့် တောတွင်းနေ ဆင်အချို့ဟာ လူနေအိမ်တွေအနီးအထိ အစာရှာထွက်ကြတဲ့အတွက် ညပိုင်းမှာ ဆင်တွေကို ခြောက်လှန့်ပြီး မောင်းထုတ်နေရတယ်' တိုက်ကြီးဒေသခံတစ်ဦး
#Local_News
Published_ 3 February 2024
#တိုက်ကြီး #လူနေအိမ်များကိုဆင်ဝင်ရောက်
#tthl #Yangon_Times
#Lcoal_News
Published-3 February 2024
ကမ္ဘာ့ဆန်ဈေးနှုန်းနှင့်အတူ ပြည်တွင်းဆန်ဈေးကောင်းရရှိသဖြင့် တင်ပို့မှု လျော့ကျခဲ့သော်လည်း ပို့ကုန်ဝင်ငွေတိုးတက်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှသိရသည်။
'ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၅၀ ဝန်းကျင်လောက် ရှိပါတယ်။ ဆန်ဖြူတစ်တန်ကို အမေရိကန်ဒေါ်လာ ၆၀၀ လောက်ရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာမှာလည်း ဆန်ဈေးနှုန်းတွေ မြင့်တက်တာ တွေ့ရပါတယ်'ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ ဥက္ကဌဦးရဲမင်းအောင်က ပြောသည်။
နိုင်ငံတကာတွင် ဆန်ဈေးနှုန်းများ မြင့်တက်သကဲ့သို့ ပြည်တွင်းဈေးကွက်အတွင်းမှာလည်း စပါးဈေးနှင့် ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ဆန်ဈေးနှုန်းများ အမြင့်မားဆုံး အခြေအနေကို ရောက်ရှိလာကြောင်း သိရသည်။
'တန်ချိန်အားဖြင့် မနှစ်က ကာလတူတွေထက် လျော့နည်းတင်ပို့တာဖြစ်ပြီး ဝင်ငွေအားဖြင့် ပိုမိုရရှိတဲ့ အနေအထားမျိုး တွေ့ပါတယ်။ ” ဟု ဦးရဲမင်းအောင်က ပြောသည်။
လက်ရှိတွင်နိုင်ငံတကာမှ ဆန်လိုအပ်ချက်များသဖြင့် ဝယ်လိုအားမြင့်တက်လျက်ရှိပြီး ဇန်နဝါရီလအတွင်း ဆန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၀ သန်းရရှိထားကြောင်း သိရသည်။
#Lcoal_News #ကမ္ဘာ့ဆန်ဈေးနှုန်း #တင်ပို့မှုလျော့ကျ #YMG/NN #Yangon-Times
#Local_News
Published 3 February 2024
လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ဖိုးမြှင့်ထုတ်ကုန်များတင်ပို့ရန်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ပြည်ပသို့ ပုံမှန်တင်ပို့နေကြဖြစ်သည့် ဆန်တင်ပို့မှုထက် ဆန်မှုန့်၊ ဆန်ခေါက်ဆွဲ စသည့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး တင်ပို့သွားရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
'သမားရိုးကျ ဆန်ကို ပို့တာထက်စာရင် ဆန်မှုန့်တို့၊ ဆန်ခေါက်ဆွဲတို့၊ တစ်ဖက်ကလည်း ဖွဲနုဆီထုတ်လုပ်တဲ့လုပ်ငန်းကို အားပေးပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဖွဲနုဆီတချို့ကို နိုင်ငံခြားတင်ပို့ဖို့၊ တချို့ကို ပြည်တွင်းဈေးကွက်မှာရောင်းချဖို့ နောက်ပြီး ဖွဲနုဆီထုတ်တဲ့လုပ်ငန်းရဲ့ ဘေးထွက်ပစ္စည်းဖြစ်တဲ့ ဆီထုတ်ပြီးသားဖွဲဖတ်ကို ပြည်တွင်းဈေးကွက်မှာရောင်းဖို့၊ နိုင်ခြားတင်ပို့ရောင်းချဖို့ စသဖြင့် Export Product Diversification ကိုလည်း လာမယ့်နှစ်မှာ ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါကြောင့်မို့ ဆန်မှုန့်တို့ တစ်ဖက်ကလည်း တိရစ္ဆာန်အစာ ထုတ်လုပ် တင်ပို့ရောင်းချတဲ့အပိုင်းတို့ ဒါလေးတွေပါ ကျွန်တော်တို့ ဆောင်ရွက်ဖို့ ရှိပါတယ် ' ဟုမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဌဦးရဲမင်းအောင်ကပြောသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန်တန်ချိန် ၁၂ သန်းမှ ၁၄ သန်းကြား ထွက်ရှိပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် ဆန်တန်ချိန် ၁၀ သန်း ဝန်းကျင်ရှိသဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် ၃ သန်းဝန်းကျင်သာ ပြည်ပတင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဝင်ငွေပိုမိုရရှိစေရန် တန်ချိန်တိုးမြှင့်တင်ပို့ခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ကာ ဝင်ငွေတိုးမြှင့်ရရှိစေရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊၎င်းအပြင် ဆန်တင်ပို့ခြင်းကို လျှော့ချပြီး ပြည်တွင်းစားသုံးမှုလည်း ဖူလုံစေရန်အတွက် ဆန်ဖြူကို အကန့်အသတ်ဖြင့်သာ တင်ပို့ကာ ပေါင်းဆန်နှင့် ဆန်ကွဲကိုသာ ပိုမိုတင်ပို့နိုင်ရေး ယခုဘဏ္ဍာနှစ် လက်ကျန်ကာလ ဖေဖော်ဝါရီနှင့် မတ်လတို့မှစ၍ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြ၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ဆန်တန်ဖိုးမြှင့်ထုတ်ကုန် #YMG/ NN #Yangon_Times
#Daily_News
Published_ 3 February 2024
၁။ တရုတ်ဒြပ်မဲ့အမွေအနှစ်ကို လေ့လာနိုင်မည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌(၂)ရက်တိုင်တိုင်ကျင်းပမည်
၂။ မလေးရှားလုပ်သားဈေးကွက် လာမည့် ဧပြီလမှစပြီး ပြန်လည်ကောင်းနိုင်မည့် အနေထားရှိဟုဆို
၃။ အကယ်ဒမီဆုပေးပွဲတက်ရန် သက်ကြီးအနုပညာရှင်များနှင့် အနုပညာရှင်၊ အတတ်ပညာရှင်(၂၅၀) ကျော် နေပြည်တော်သို့ရောက်ရှိနေ
၄။ (၂၀၂၃)ခုနှစ်အတွင်းကမ္ဘာ့ရွှေဝယ်လိုအားမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီဖော်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
သက်ကြီးအနုပညာရှင်တွေ လေကြောင်းခရီးနဲ့နေပြည်တော်သို့ ထွက်ခွာသွားပြီဖြစ်သလို အလွှာအသီးသီးမှ အနုပညာရှင်၊ အတတ်ပညာရှင် (၂၅၀)ဦးဟာလည်း Express ကားတွေနဲ့ရန်ကုန်မြို့ ရွှေထွဋ်တင်ဝန်းမှ နေပြည်တော်သို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။
#Local_News
Published_ 3 February 2024
#သက်ကြီးအနုပညာရှင်များ #နေပြည်တော်သို့ရောက်ရှိ
#tthl #Yangon_Times
မလေးရှားအစိုးရမှ နိုင်ငံခြားသားလုပ်သားသစ်များ ခေါ်ယူခွင့်ကို လာမယ့်ဧပြီလလောက်မှာ ပြန်လည်ခွင့်ပြုပေးမယ့် အနေထား ရှိတဲ့အတွက် ပြည်တွင်းမှ မလေးရှားကို လုပ်သားပို့ပေးနေတဲ့ ဈေးကွက် ပြန်လည်ကောင်းလာမယ့်အနေထား ရှိတယ်လို့ မြန်မာပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA) မှ သိရပါတယ်။
#Local_News
Published_ 3 February 2024
#မလေးရှားလုပ်သား #ပြန်လည်ကောင်းနိုင်မည့်အနေထား
#YMG/LW #Yangon_Times
Page 734 of 2119