#Local_News
Published 1 September 2025

▪️ ဩဂုတ်(၃၁)ရက်က ဩစတြေးလျနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ဆစ်ဒနီမာရသွန် ပြိုင်ပွဲတွင် မြန်မာရိုးရာဝတ်စုံဖြင့်ပါဝင်ယှဥ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦး ဂင်းနစ်စံချိန်တင်ခဲ့ကြောင်း သိရသည်။

▪️ ဒေါက်တာမြင့်မိုရ်ဦးအမည်ရှိ အဆိုပါအမျိုးသမီးသည် ၂၀၂၅ ခုနှစ်၊ ဆစ်ဒနီ မာရသွန်ပြိုင်ပွဲတွင် ၄၂.၂ ကီလိုမီတာ( ၂၆ မိုင်ကျော်)အထိ အကွာအဝေးကို မြန်မာ့ရိုးရာဝတ်စုံဝတ်ဆင်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ၄ နာရီ၊ ၁၂ မိနစ်နှင့် ၁၉ စက္ကန့်အကြာတွင် ပန်းဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်၌ မြန်မာဝတ်စုံဝတ်ပြီး အမြန်ဆုံ မာရသွန်ပြေးသူ၊ မြင်းမိုရ်ဦး ၄:၁၂:၁၉ ဟု မှတ်တမ်းတင်ထားကြောင်း သိရသည်။

▪️ “မြန်မာဝတ်စုံနဲ့ဆိုတော့ ပြေးရတာနည်းနည်းတော့ခက်တာပေါ့။ ပြေးရတာကလည်း ၄၂ ဒသမ ၂ ကီလိုမီတာ (၂၆ မိုင်) လောက်ကြီး ပြေးရတာဆိုတော့ ပန်းတော့ ဝင်နိုင်ခဲ့တယ်။ Range ဘယ်လောက်ဝင်တယ်ဆိုတာတော့ မသိသေးပေမဲ့ ၄ နာရီ ၁၂ မိနစ်မှာ ပန်းဝင်နိုင်ခဲ့ပါတယ်။ အရင်တုန်းက ပြေးနေကျ စံချိန်ထက်တော့ပိုသွားတာပေါ့။ ဒါကလည်း မြန်မာဝတ်စုံနဲ့မလို ထင်ပါတယ်။ ပြေးနေစဉ်မှာလည်း လူတွေကလာလာမေးကြတယ်။ ဘာဝတ်စုံလဲ၊ ဘာကြောင့်လဲဆိုတာတွေကို လမ်းတလျှောက်လုံးမှာ ဖြေနေရတာက နှေးသွားရတဲ့အကြောင်းပေါ့” ဟု ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်ခဲ့သူ မမြင့်မိုရ်ဦးက ဆိုသည်။

▪️ အဆိုပါမာရသွန်ပြေးပွဲကို ဩစတြေးလျ အလုပ်အကိုင်နှင့်ခရီးသွားရေး ဝန်ကြီးကိုယ်တိုင် တက်ရောက်အားပေးခဲ့ပြီး ပြိုင်ပွဲ၌ပန်းတိုင်ရောက်အောင်ပြေးပြီး သူများကို Six Star Medal ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times