#Local_News
Published 1 Sept 2025

▪️ မန္တလေးမြို့ ၊အမရပူရမြို့နယ်ရှိ ကျောက်စိမ်းဘုရားအနီး၌ စားသောက်ဆိုင်ကို ဆီဘောက်ဆာယာဥ်ဝင်တိုက်၍ သုံးဦး ‌ေ-သဆုံးမှုတစ်ခု ယနေ့မနက်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်ဒေသခံများထံမှ သိရသည်။

▪️ 'ဆီဘောက်ဆာက အရှိန်နဲ့ဝင်တိုက်မိတာ ၊ ဆီကားဆိုတော့ ပေါက်ကွဲလောင်ကျွမ်းလို့ ‌သုံးဦး ‌ေ-သဆုံးတယ် ၊ ဘယ်သူတွေလည်း ဆိုတာ အတိအကျတော့မသိသေးဘူး ၊ မီးငြိမ်း‌မှ အ ‌ေ- လာင်းသုံး ‌ေ-လာင်း တွေ့တာ ဆေးရုံပို့လိုက်ကြတယ်၊ဒဏ်ရာရသူတွေလည်းများတယ် ' ဟု ဒေသခံတစ်ဦးကပြောသည် ။

▪️ စက်တင်ဘာ(၁) ရက်နေ့၊မနက် ၆နာရီ ၄၄ မိနစ်အချိန်ခန့်က၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဥယျာတော်ကျေးရွာ၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်းရှိ ကောင်းကောင်းနန်းတော် စားဥယျာဉ်ကိုဆီဘောက်ဆာယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

▪️ အဆိုပါ သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးနှင့် အမရပူရမြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၇နာရီ ၂၄မိနစ် အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times