#Myanmar_News
Published 5 Feb 2023
နစက (၂)နှစ်ပြည့်အပေါ် နိုင်ငံအချို့နှင့် ကုလသမဂ္ဂ တာဝန်ရှိသူအချို့၏ သတင်းထုတ်ပြန်ချက်များသည် မှန်ကန်မှုမရှိ၊ ဘက်လိုက်သည့် တစ်ဖက်သတ်ထုတ်ပြန်ချက်များဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချတယ်လို့ နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ (၄)ရက် စနေနေ့က သတင်ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါကြေညာချက်တွင် “ကုလသမဂ္ဂရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာရန်ပျက်ကွက်ပြီး မြန်မာနိုင်ငံ ပြည်တွင်းရေးကိုစွက်ဖက်နေသည့် နိုင်ငံအချို့နှင့် လုပ်ပိုင်ခွင့်ကိုကျော်လွန် လုပ်ဆောင်နေသူ ကုလသမဂ္ဂမှတာဝန်ရှိသူအချို့၏ တာဝန်မဲ့ပြောဆိုလုပ်ဆောင်ချက်များကို မြန်မာနိုင်ငံက ပြတ်သားစွာ ကန့်ကွက်ပယ်ချတယ်Ó လို့ ဖော်ပြထားပါတယ်။
Ò၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်မှုနှစ် နှစ်ပြည့်ခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူအချို့က အပြု သဘောမဆောင်သော သတင်းများထုတ်ပြန်ခဲ့ကြတယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။၊ အဲဒီထုတ်ပြန်ပြောဆိုချက်များတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ကျူးလွန်သူကို ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ ရင်ဆိုင်ဖြေရှင်းနေသည့် အစိုးရအပေါ် အပြစ်တင်ကာ၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ ၅ဝဝဝ ကျော် အသက်ဆုံးရှုံးရသည်ကို ဖုံးကွယ်ထားခြင်းကြောင့် အများပြည်သူကိုအထင်အမြင် လွဲမှားစေတယ်Ó လို့လည်း ကြေညာချက်က ဆိုပါတယ်။
Òနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ရာတွင်ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကိုချမှတ်ခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်မှုများနှင့် အဖျက်အမှောင့်လုပ်ရပ်များ _ ပိုမိုအားကောင်းလာစေမည့် ထုတ်ပြန်မှုများ ပြုလုပ်နေမည့်အစား ပြည်သူများ၏ဆန္ဒနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက် အစိုးရမှဆောင်ရွက်နေသည့် ကြိုးပမ်းအားထုတ်နေမှုများကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို လေးစားလျက် အပြုသဘော အထောက်အကူပြုသင့်တယ်Ó လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဆက်လက်ပြီး “ နိုင်ငံတော်အစိုးရအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တွင် အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုမှုများကို သက်သေပြခဲ့ပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေရန် တစ်နိုင်ငံလုံး အကြားအလပ်မရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲသည် စစ်မှန်သော ဒီမိုကရေစီစနစ်အတွက် မဖြစ်မနေလိုအပ်သည့် အခြေခံလမ်းစဉ်တစ်ရပ်ဖြစ်ကြောင်းနှင့်. နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူအချို့ အနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး တိုက်တွန်းလျက်ရှိသော်လည်း တစ်ဖက်တွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲကျင်းပရေး အစိုးရ၏ ကြိုးပမ်းမှုများအပေါ် ပြစ်တင်ဝေဖန်လျက်ရှိသည်မှာ ရှေ့နောက်မညီကြောင်းတွေ့ရှိရတယ်Ó လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ကျရောက်မှုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး ဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA Centre) နှင့်လည်းကောင်း၊ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများနှင့်လည်းကောင်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများအနေဖြင့် မြန်မာနိုင်ငံတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်ဖြစ်ရာ အမှန်စင်စစ်အားဖြင့် ၎င်းတို့ရရှိသင့်သည့်လုပ်ဆောင်ခွင့် (access) ရရှိနေမှုအပေါ် မေးခွန်းထုတ်ရန်ပင် မလိုအပ်ဘူးလို့လည်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
Òမြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ရောက်ရှိစေလိုပါက မြန်မာအစိုးရမှ ရှေ့ဆက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ဆက်လက်အကောင်အထည်ဖော်ခြင်းမှတစ်ဆင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေးနှင့် ဒီမိုကရေစီဖြစ်ထွန်းရေး မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုရန် လိုအပ်တယ်Ó လို့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
-ymg/knl
#Myanmar
#Myanmar_Politics
#Yangon_Media_Group
#Local_News
Published_ 4 February 2023
လမ်းပေါ်မှာပဲဖြစ်ဖြစ် ရေထဲမှာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူတွေကို လူမှုကူညီရေးအသင်းတွေအနေနဲ့ ကူညီပို့ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_4 February 2023
ဖေဖော်ဝါရီ ၁ ရက်ကနေစတင်ပြီး လက်ရှိအချိန်ထိ City Taxi အဖြစ်လာရောက်မှတ်ပုံတင်သည့် ကားအစီရေဟာ ၁၀၀ ကျော်ရှိတယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
Published 4 Feb 2023
နှစ်ရက်တာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖေဖော်ဝါရီ(၄)ရက်စနေနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ပြီးဆုံးခဲ့ပြီး နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အည်းကို အဆုံးသတ်စေမယ့် လွန်ခဲ့တဲ့ (၂)နှစ်က သဘောတူထားခဲ့တဲ့ အချက်ငါးချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ မြန်မာကို တိုက်တွန်းလိုက်တယ်လို့ အေအက်ဖ်ပီက သတင်းပေးပို့ပါတယ်။
အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားဟာ ၂၀၂၃ခုနှစ်အတွက် အာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ဒီနှစ်အကုန်မှာ အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးမှာ ဖြစ်ပါတယ်။
ဂျာကာတာမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့အခြေအနေက လွှမ်းမိုးသွားခဲ့ပါတယ်။
Source AFP
#ASEAN_Foreing_Ministers_Meeting_Jakarta
#ASEAN_Chiar_Indonesia
#ASEAN_Myanmar
#Health_Matters
Published - 4 Feb 2023
- Lipids ကို အချို့ အလှကုန်ပစ္စည်းတွေမှာ တွေ့ရတဲ့အတွက် အရေပြားထိန်းသိမ်းရေးအပါအဝင် ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးရှိနေသလဲ။ ဘာတွေရောသတိထားသင့်သလဲ??
#Yangon_Media_Group
#Local_News
Published_4 February 2023
၂၀၂၃ ခုနှစ်ရဲ့ ဇန်နဝါရီလမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှုဟာ မက်ထရစ်တန်ချိန် ၂၆၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထက် တင်ပို့မှုမြင့်တက်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 4 Feb 2023
- Lipids ဟာ လူသားတစ်ဦးကျန်းမာရေးအတွက် ဘယ်လောက်အရေးပါသလဲ??
#Yangon_Media_Group
Page 1393 of 2150