#Local_News
Published_ 18 April 2023
မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ ငါးမွေးမြူမယ့်သူတွေ နည်းပါးလာတဲ့အတွက် ငါးမွေးမြူရေးလုပ်ငန်းအချို့ ရပ်ဆိုင်းလုနီးပါးဖြစ်လာတယ်လို့ ငါးမွေးမြူရေးလုပ်ငန်းရှင်တွေထံမှ သိရပါတယ်။
#Local_News #ငါးမွေးမြူရေး #ရန်ကုန်တိုင်း
#YMG #Yangon_Media_Group
#Daily_News
Published_ 18 April 2023
၁။ဒေသအချို့တွင် ငါးမွေးမြူမည့်သူ မရှိသလောက် နည်းပါးလာ၍ ရန်ကုန်တိုင်းတွင် ငါးမွေးမြူရေး ပိုမိုလုပ်ဆောင်ရန် လိုဟုဆို
၂။သင်္ကြန်ကာလ ပြီးဆုံးသွားပေမယ့် ဓာတ်ဆီဈေး တက်နေဆဲ၊ တစ်လီတာ ၂,၃၀၀ ဝန်းကျင်ရှိ
၃။ပြည်တွင်းရွှေဈေး ၂၃ သိန်းကျော် ရန်ကုန်တိုင်းရွှေအသင်း ရည်ညွှန်းသတ်မှတ် ပြင်ပပေါက်ဈေး ၂၉သိန်း ကျော်ရှိနေ
၄။ပါဝင်တင်ဆက်သူ တစ်သောင်းကျော် ပါဝင်သည့် အိန္ဒိယကပွဲ တိုင်းရင်းအကဖြင့် ကမ္ဘာ့စံချိန်နှစ်ခုရရှိမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 18 April 2023
မန္တလေးတိုင်း၊ကျောက်ဆည်မြို့နယ်၊ကောင်းတင်ကျေးရွာရှိ စမုံမြစ်အတွင်း ဧပြီ ၁၇ ရက်နေ့လည် ၃ နာရီခန့်က လူငယ်အမျိုးသား ၄ ဦးရေဆင်းကစားရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ (မန္တလေးတိုင်းဒေသကြီးကော်မတီ-တိုင်းရုံး)မှ သိရပါတယ်။
#Local_News #ကျောက်ဆည် #ရေဆင်းကစားရာမှရေနစ် #လူငယ်များဖြစ်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ (ICCR)၏ A2A Portalတွင်(၂၀၂၃-၂၀၂၄ခုနှစ်)ပညာ သင်နှစ်အတွက် Scholarshipပညာသင်ဆုလျှောက် လွှာများကို လက်ခံနေပြီဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ သိရသည်။
အဆိုပါပညာသင်ဆုကို လျှောက်ထားလိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၃ ခုနှစ် မေလ (၁၅) ရက်နေ့မတိုင်မီhttp://a2ascholarships.iccr.gov.in/ ဝက်ဆိုက်၌ လျှောက်ထားနိုင်ပြီဖြစ်သည်ဟုဆိုသည်၊၊
ယင်းပညာသင်ဆုအမျိုးအစားလေးမျိုးပါဝင်ပြီး ဧပြီလ၁၂ရက်မှစတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်းနှင့် ဘွဲ့ကြို၊ဘွဲ့လွန် Coursesများအတွက် အသက်(၁၈)နှစ်မှ(၃၀)အတွင်းရှိသူများ လျှောက်ထားနိုင်ပြီး Ph.D Programအတွက် အသက်(၄၅)အတွင်းလျှောက်ထားနိုင်မည်ဖြစ် ကြောင်း သိရသည်၊၊
အိန္ဒိယအစိုးရအနေဖြင့် ယခုနှစ်ပညာသင်နှစ်အတွက် မြန်မာနိုင်ငံသား(၁၅၀)ကို Scholarshipပညာသင်ဆုပေးသွားရန်ရှိသဖြင့် မြန်မာနိုင်ငံသားများပါဝင်လျှောက်ထားနိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #အိန္ဒိယနိုင်ငံ #ဘွဲ့ကြို၊ဘွဲ့လွန်၊ပါရဂူဘွဲ့ #Scholarshipပညာသင်ဆု
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် အမျိုးသားတစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံးမှု ယနေ့ ဧပြီလ ၁၈ ရက် မွန်းလွဲ တစ်နာရီခန့်အချိန်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ကြို့ပင်ကောက်မြို့နယ်၊ ကုန်းမြင့်ကျေးရွာ၊ ရွှေကံ့ကော်လမ်း နေအိမ်ရှိရေတွင်းထဲသို့ ပြုကျခဲ့ခြင်းကြောင်း သွားရောက်ကူညီကယ်ဆယ်မှု ပြုလုပ်ခဲ့သော်လည်း ပြုတ်ကျသည့်အမျိုးသားမှာရေတွင်းထဲ၌ သေဆုံးနေခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။
အခင်းဖြစ်နေရာသို့ ကြို့ပင်ကောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ခဲ့ပြီး ရေတွင်းထဲသို့ ပြုတ်ကျသေဆုံးနေသူကို ကလျာဏမိတ္တနာရေးကူညီမှုအသင်းမှယာဉ်ဖြင့် ကြို့ပင်ကောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #ကြို့ပင်ကောက်မြို့နယ် #အမျိုးသားတစ်ဦးရေတွင်းထဲပြုတ်ကျသေဆုံး
#YMG #Yangon_Media_Group

#Local_News
Published_ 18 April 2023
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်း ခြင်းကြောင့်လည်းကောင်း၊အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ဧပြီလ ၂၁ရက်နေ့မှ ၂၅ရက်အတွင်းမြန်မာနိုင်ငံမြို့ကြီးတချို့တွင် မိုးရွားသွန်းမည်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ အချိန်အခါမဟုတ် မိုးရွာ ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် သတိထားကြဖို့ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှထုတ်ပြန်ထားသည်။
ymg/ynzw
#Local_News #မြန်မာနိုင်ငံ #တိုင်းနှင့်ပြည်နယ် #အချိန်အခါမဟုတ်မိုးရွာ
#YMG #Yangon_Media_Group


#Local_News
Published_ 18 April 2023
အမြန်လမ်းမှာ ရပ်ထားတဲ့ ၆ ဘီးကုန်စိမ်းကားကို ပရိုဘောက်ကားမှ နောက်ကနေ ဝင်တိုက်လို့ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သွားရောက်ကူညီခဲ့သူတွေထံမှ သိရပါသည်။
ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်ခန့်က မန္တလေး- ရန်ကုန် အမြန်လမ်းဘက် အခြမ်း မိုင်တိုင် ၁၇၃ မိုင် ၄ ဖာလုံမှာ ရပ်ထားသော ၆ ဘီး ကုန်စိမ်းကားအား Probox အဖြူရောင်ယာဉ်မှ နောက်ကနေ ဝင်တိုက်မိတာကြောင့် ဖုန်းဆက် အကူအညီတောင်းလို့ အမျိုးသား ၄ ဦး နဲ့အမျိုးသမီး ၇ ဦးတို့ကို မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့ ဇီဝိတဒါန ဆွာမြို့ AMBULANCE ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ရွှေဂုံသုခ AMBULANCE တို့ဖြင့် အမြန်လမ်း ၁၇၃မိုင် ၄ ဖာလုံ မှ ဆွာဆေးရုံသို့ပို့ဆောင် ပေးခဲ့တယ်လို့ သိရသည်။
ယင်းအပြင် အဆိုပါ ဆွာဆေးရုံမှတဆင့် ထိခိုက်ဒဏ်ရာရ အမျိုးသား ၁နဲ့ အမျိုးသမီး ၄ ဦးတို့ကို နေပြည်တော် ကုတင် တစ်ထောင်သို့မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ -ဇီဝိတဒါန ဆွာမြို့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ လူမှုရေးကူညီသူများ ကေတုမတီမြို့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မြင့်မြတ်စေတနာ ရေနီမြို့ AMBULANCEများဖြင့်ပို့ဆောင်ကူညီခဲ့တယ်လို့ လည်း သိရသည်။
ymg/ppk
#Local_News #၆ဘီးကုန်စိမ်းကား #ပရိုဘောက်ကား #ကားပေါ်ပါသူ၅ဦးထိခိုက်
#YMG #Yangon_Media_Group




Page 1388 of 2273