#DailyNews
Published _ 27 September 2022
၁။ ကိုဗစ်လူနာများကို ဆေးရုံကြီး(၉)ရုံနှင့် မြို့နယ်ဆေးရုံများတွင် လက်ခံကုသပေးနေ
၂။ ရုရှားစက်သုံးဆီကို အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ဦးစားပေးရောင်းချမည်
၃။ ယခုလအတွင်း ပြည်ပသို့ပြောင်းတန်ချိန် ခြောက်သောင်းတင်ပို့နိုင်ခဲ့
၄။ ထိုင်ဝမ်မှ သင်းခွေချပ်များ လမ်းဘေးခွေးကိုက်သည့် အန္တရာယ်နှင့်ကြုံတွေ့နေရ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 27 September 2022
လာမယ့် ပွင့်လင်းရာသီမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေအနေနဲ့ ပြန်လည်ဦးမော့လာနိုင်ဖို့တွေ ပြင်ဆင်နေလျှက်ရှိနေပါတယ်။
#Yangon_Media_Group
#Local_News
Published_ 27 September 2022
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း'နိုရူ'အရှိန်ကြောင့် ရန်ကုန်တိုင်အပါ အဝင်ဒေသ(၁၁)ခု၌ မိုးထစ်ချုန်းရွာခြင်း၊မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်လိုက်သည်၊၊
စက်တင်ဘာလ (၂၇)ရက်တွင်ထူးခြားမိုးလေဝသအခြေအနေအဖြစ် သတိပေးချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်၊၊
တိုင်ဖွန်းမုန်တိုင်း “နိုရူ”(Noru)၏ အရှိန်ကြောင့်စက်တင်ဘာ(၂၈)မှ အောက်တိုဘာ(၂)ရက်အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ အချိုဒေသများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်၊၊
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုး/ဇလမှ အသိပေးနှိုးဆော်ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 27 september 2022
တောင်ကိုရီးယားနိုင်ငံသို့ လာမည့် အောက်တိုဘာလ ၅ ရက်တွင် မြန်မာနိုင်ငံမှ အလုပ်သမား ၁၄၁ ဦးကို ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာထားသည်။
သွားရောက်လုပ်ကိုင်ခွင့်ရရှိသူများ၏ အမည်စာရင်းများကို ယမန်နေ့က ထုတ်ပြန်ထားပြီး စာရင်း၌ ပါဝင်သူများအနေဖြင့် စက်တင်ဘာလ ၂၈ ရက်အတွင်း POEA ရုံးချုပ်သို့ လာရောက်သတင်းပို့ရန်လည်း အသိပေးထားရှိသည်။
အောက်တိုဘာလ ၅ ရက်တွင် သွားရောက်မည့်သူများ အနေဖြင့် အာမခံကြေးနှင့် ဝန်ဆောင်ခပေးသွင်းခြင်း၊ လေယာဉ်လက်မှတ်ခပေးသွင်းခြင်းများကို ကြိုတင်ပြုလုပ်ထားရမည်ဟု အဆိုပါဌာနမှ အသိပေးထားသည်။
တောင်ကိုရီးယားနိုင်ငံက ယခုနှစ်ဆန်းကစပြီး မြန်မာလုပ်သားများကို ဆက်တိုက်ခေါ်ယူနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၉ လအတွင်း မြန်မာလုပ်သား ၄,၀၀၀ ဝန်းကျင် ခေါ်ယူထားရှိကာ ဆက်လက်ခေါ်ယူဦးမည်ဖြစ်ကြောင်းလည်း POEA ထံမှ သိရှိရသည်။
တောင်ကိုရီးယားနိုင်ငံ၌ လက်ရှိတွင် မြန်မာလုပ်သား ဦးရေ ၄၀,၀၀၀ ကျော်လုပ်ကိုင်နေလျှက်ရှိကြောင်း ယင်းမှသိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_27 September 2022
အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ဗန္ဓုလသယ်ယူပို့ဆောင်ရေးလက်အောက်ရှိ ပြေးဆွဲနေသော YBS ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထားကို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းမှ အသိပေးကြေညာထားသည်။
အဆိုပါယာဉ်လိုင်းများမှာ YBS 12၊ YBS 13၊ YBS 14 ၊ YBS 25 ၊ YBS 30 ၊ YBS 38၊ YBS 55 ၊ YBS 117၊ YBS 128 ယာဉ်လိုင်းများဖြစ်ပြီး ပြောင်းလဲကောက်ခံမည့် ယာဉ်စီးခနှုန်းထားမှာ ခရီးစဉ်တစ်ပိုင်းလျှင် ၂၀၀ ကျပ်၊ ခရီးစဉ်အစ/အဆုံး ၃၀၀ ကျပ်၊ YPS ကတ်ဖြင့်စီးနင်းပါက ခရီးစဉ်မှတ်တိုင် (၃၀) အထိ ၂၀၀ ကျပ်၊ ခရီးစဉ်အစ/အဆုံး ၂၈၀ ကျပ်ဖြစ်ကြောင်း သိရသည်။
YRTC အနေဖြင့် YBS ယာဉ်လိုင်းအားလုံးကိုပုံသေနှုန်းထားတစ်ခုသာသတ်မှတ်ထားသော်လည်း ယာဉ်လိုင်းအချို့မှာ ၅၀၀ ကျပ်အထိတိုးမြှင့်ကောက်ခံမှုများရှိနေကြောင်း သိရသည်။
“YBS ယာဉ်စီးခက ၂၀၀ လို့သာ သတ်မှတ်ထားပေမယ့် အဲ့ထက်မက ပေးစီးနေရတယ်။ သူတို့ကိုပြန်ပြောရင်လည်း မချေမငံပြန်ပြောတယ်။ အခုအားလုံးက အစစအရာရာဈေးတက်နေတော့လည်း ဘာမှတော့ မပြောလိုပါဘူး”ဟု YBS စီးသည့်ခရီးသည်တစ်ဦးက ပြောသည်။
ယင်းအပြင် ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်လက်အောက်တွင် ပြေးဆွဲနေသော YBS ယာဉ်လိုင်းအားလုံးတွင်လည်း ၎င်းနှုန်းထားအတိုင်း ပြောင်းလဲကောက်ခံနေခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင်း၌ နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၂၅၀ စီးပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၃ သိန်းဝန်းကျင်ကို နေ့စဉ်ပို့ဆောင်ပေးနေကြောင်း၊ ယင်းအပြင် YPS ကတ်စနစ်ဖြင့်စီးနင်းသူခရီးသည်ဦးရေမှာ ငါးသောင်းပတ်ဝန်းကျင်ရှိကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _27 September 2022
ကရင်ပြည်နယ် ဘားအံမြို့ရှိ ဘားမဲတောင် သဘာဝဥယျာဉ် (Hpa – Mal Botanical Gardens) ကို အဆင့်မြှင့်တင်မှု ပြီးစီးပြီ ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
အဆိုပါ ဘားမဲတောင်သဘာဝဥယျာဉ်မှာ မြေဧရိယာ (၁၇) ဧက ခန့်အကျယ်ရှိပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ ဆွဲဆောင်ရာနေရာဒေသ ဖြစ်သောကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေကျပ် (၈၁၆ ဒသမ ၅၁)သန်းဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၂၇) ရက်တွင် ဖွင့်ပွဲပြုလုပ်ခဲ့ခြင်း ဖြစ်ပြီးနောက် အဆင့်မြှင့်တင်ရန် ကျန်ရှိနေသေးသော လုပ်ငန်းများဖြစ်သည့် မူလအကျယ် (၁၆) ပေရှိ လမ်းကို (၂၄) ပေ ကွန်ကရစ်လမ်းသား တိုးချဲ့ခြင်း၊ ရိုးရာစားသောက်ဆိုင် ဆောက်လုပ်ခြင်း၊ ကျန်းမာရေး အားကစားပစ္စည်းများ တပ်ဆင်ခြင်း၊ ဘားမဲတောင်ဂိတ် (၃) ကားပါကင်ပြုလုပ်ခြင်း၊ ဒေသထွက်ပစ္စည်းဆိုင် ဆောက်လုပ်ခြင်းနဲ့ အများသုံး သန့်စင်ခန်းဆောက်လုပ်ခြင်းလုပ်ငန်း အပါအဝင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း စုစုပေါင်း ၃၁ ခု ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရ၏ မှတ်တမ်းများအရ သိရသည်။
အဆိုပါ သဘာဝဥယျာဉ်တွင် သဘာဝပေါက်ပင် သစ်မျိုးအရေအတွက် (၇၈)မျိုး၊ အပင်အရေအတွက် (၁၅၅၇)ပင် ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပ သဘာဝအခြေခံ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှု ရှိသော အပန်းလည်းပြေ ဗဟုသုတလည်း ဖြန့်ဝေပေးသော အထင်ကရနေရာတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 27 September 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ လားရှိး-မန္တလေးသွား ကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် လားရှိုးမှ နောင်ချိုဘက်သို့ မင်းနိုင် မောင်းနှင်လာသည့် Nissan UD ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းနှင့် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင်အသုံးပြုသည့် အနံ့ဆေးရည် ၅၉ ဒသမ ၇ လီတာ၊ အရောင်မှုန့် ၁၃၂ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးချက်အရ ညနေ ၃ နာရီခွဲက နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာအနီး၊ လားရှိုး-မန္တလေးသွား ကားလမ်းဘေးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ရဲမင်းနိုင်အား ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
#ymg_mnn
#Yangon_Media_Group
Page 1391 of 1882