#LocalNews
Published_ 23 March 2023
မြန်မာကျောင်းသား၊ကျောင်းသူများ ပြည်ပတွင်ပညာသင်ကြားနိုင်ရေးကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် CROWN Education၏ ပဲ့ကိုင်ရှင် ဦးအောင်ကျော်ဆန်း အိန္ဒိယတွင်ကွယ်လွန်သွားကြောင်း CROWN EDUCATION & Royal Academic Institute မိသားစု၏ထုတ်ပြန်ချက်အရသိရသည်၊၊
ထုတ်ပြန်ချက်တွင် CROWN Education & Royal Academic Institute ၏ Managing Director ဦးအောင်ကျော်ဆန်းသည် ၂၀၂၃ ခု မတ်လ ၂၂ ရက် , India စံတော်ချိန် ညနေ ၈ နာရီ ၂၀ မိနစ်တွင် India နိုင်ငံ Hyderabad မြို့, AIG Hospital တွင် Amyloidosis ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကျောင်းသူ/ ကျောင်းသားများနှင့် မိဘများအား အသိပေးကြောင်း၊
ဆရာဦးအောင်ကျော်ဆန်း၏ ပညာရေးဆိုင်ရာ အကြံပေးကူညီမှုများတွင် အမှားအယွင်း တစုံတရာရှိခဲ့ပါကလည်း စေတနာအမှားအဖြစ် နားလည်ခွင့်လွှတ်ပေးကြပါရန် ဆရာ့ကိုယ်စား တောင်းပန်အပ်ကြောင်းလည်းဖော်ပြထားသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 22 March 2023
မတ်လ ၂၀ ရက်နေ့ ညနေ၄:၃၀အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များကပြည်ကြီးတံခွန်မြိုနယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်(၅)လမ်းတွင် မျိုးကျော်ဦး မောင်းနှင်ပြီး စိုင်းကိုကိုချစ်(ခ)မောင်ကို လိုက်ပါလာသည့် SUBARU SAMBAR အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
သင်္ကြန်ကာလမတိုင်ခင်အထိ ဆန်ဈေးအတက်အကျမရှိ တည်ငြိမ်နေနိုင်ကြောင်း ဆန်ကုန်သည်များတွေက ပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
ဝေါမြို့နယ် စစ်တောင်းတံတားအနီး ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ယာဉ်တန်းများပိတ်မိနေတာကြောင့် လူနာတင်ယာဉ်မျာနဲ့ ခရီးသည်များအခက်အခဲဖြစ်နေတယ်လို့ ပရဟိတအသင်းတွေက YMG ကိုပြောပါတယ်။အခုလို ယာဉ်တွေပိတ်နေတာဟာ တစ်ပတ်လောက်နီးပါးရှိနေပြီလို့ ခရီးသွားတွေကပြောပါတယ်။
#YMG#Yangon_Media_Group
#LocalNews
Published_ 22 March 2023
လင်းနို့တွေကြောင့် ပုဂံနံရံပန်းချီတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ဖူးတဲ့အတွက် ပုဂံပုထိုးသားများဘုရားမှာ လင်းနို့မဝင်အောင် ရောင်လင်းပေါက်တွေမှာ သံဇကာတွေတပ်ဆင်နေတယ်လို့ Hertige Trust Team Bagan အဖွဲ့ထံမှသိရပါတယ်၊
#YMG#Yangon_Media_Group
#DailyNews
Published_ 22 March 2023
၁။ ပုဂံပုထိုးသားများဘုရားတွင် လင်းနို့မဝင်အောင် ရောင်လင်းပေါက်၌ သံဇကာတပ်ဆင်
၂။ ညောင်ခါးရှည် X RAY စစ်ဆေးဂိတ်တွင် ယာဉ်တန်းများ နာရီနှင့်ချီပိတ်နေ၍ လူနာတင်ယာဉ်များ အခက်အခဲဖြစ်နေ
၃။ သင်္ကြန်မတိုင်ခင်အထိ ဆန်ဈေးတည်ငြိမ်နေနိုင်
၄။ဆွီဒင်တွင် အမြန်နှုန်းကန့်သတ်ထားသည့်ဇိမ်ခံကားများကို ယာဉ်မောင်းလိုင်စင်မလိုအပ်ဘဲ ဆယ်ကျော်သက်များမောင်းနှင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 22 March 2023
လျှပ်စစ်ကား (EV)များလမ်း/တံတား အသုံးပြုခွင့်အခမဲ့အစီအဉ်ကို လာမည့် ဧပြီ ၁ ရက်ကစပြီး ၂၀၂၅ ခုနှစ်အထိ ကင်းလွတ်ရရှိမယ်လို့ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အပါအဝင် BOTစနစ်ဖြင့် ဆောင်ရွက်နေ သော လမ်းတံတားများအခြားပြည်ထောင်စုလမ်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များ လမ်း တံတားအားလုံးမှာ လျှပ်စစ်သုံးယာဉ်များလမ်းတံတား အသုံးပြုခကို၁၀၀ ရာခိုင်နှုန်း ဖြေလျော့ပြီးအသုံးပြုခကောက်ခံခြင်းမပြုသည့်အစီအစဉ်အား ယခု လာမည့် ဧပြီ ၁ ရက်နေ့ကစပြီး ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ကင်းလွတ်ရရှိမည်ဖြစ်သည်။။
လက်ရှိတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့လည်း ပြည်ပမှ တင်သွင်း လာသည့်မော်တော်ယာဉ်များအပေါ်သတ်မှတ်ကောက်ခံသည့်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခကိုလျှပ်စစ်စွမ်းအားသုံးမော်တော်ယာဉ်များ Battery Electric Vehicle (BEVs)အတွက်ကင်းလွတ်ခွင့်ပြုထားကြောင်းသိရသည် ။
အလားတူ လျှပ်စစ်သုံးမော်တော်ယာဉ်များအပေါ်၂၀၂၃-၂၀၂၅အထိ ကနဦးမှတ်ပုံတင် သည့်ယာဉ်များအတွက်၁၀၀ ရာခိုင်နှုန်း ဘီးခွန်ကင်းလွတ်ခွင့်၊မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊တန်ပိုကြေး၊ အရောင်းပြခန်း၊ လုပ်ငန်းလိုင်စင်၊ညအိပ်ခ၊ ပစ္စည်းခွန်စသည်တို့အပေါ်အခွန်အခကင်းလွတ်ခွင့်ပြုထားခြင်း ဖြစ်သည်။
ymg/ppk
#EV
#လျှပ်စစ်သုံးမော်တော်ယာဉ်
#Yangon-Media-Group




Page 1383 of 2214