#Local_News
Published_ 20 May 2023
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ပညာရေး၊ကျန်းမာရေးစတဲ့စီမံကိန်းတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသံမှူးကြီးကပြောပါတယ်၊၊
#Local_News #တရုတ်နိုင်ငံ # မြန်မာနိုင်ငံဖွံဖြိုးရေး #စီမံကိန်းများကူညီဆောင်ရွက်ပေး #ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
#YMG #Yangon_Media_Group
#Health_Matters
Published_ 20 May 2023
- အန္တရာယ်ကင်းကင်းမီးဖွားနိုင်ရေးအတွက် ရပ်ရွာရဲ့အခန်းကဏ္ဍဘယ်လောက်အရေးပါသလဲ...??
#Health_Matters #အန္တရာယ်ကင်းကင်းမီးဖွားရေး #ရပ်ရွာကူညီပေး
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 20 May 2023
ဆန်စပါးလုပ်ကိုင်သူများအနေဖြင့် ဆန်အိတ် (၁ဝဝဝ)နှင့် စပါးတင်း(၅ဝဝဝ)အထက် သိုလှောင်ထားပါက မကြာခင်အချိန်မှာ မှတ်ပုံတင်သွားရမယ်လိုသိရပါတယ်။
#Local_News #ဆန်အိတ်(၁ဝဝဝ) #စပါးတင်း(၅ဝဝဝ) #သိုလှောင်ထားပါကမှတ်ပုံတင်ရမည်
#YMG #Yangon_Media_Group
#Health_Matters
Published_ 20 May 2023
- မိခင်လောင်းတစ်ဦး အန္တရာယ်ကင်းကင်းမီးဖွားနိုင်ရေးဘာတွေလိုအပ်ပါသလဲ...??
#Health_Matters #အန္တရာယ်ကင်းကင်းမီးဖွားရေး #ရပ်ရွာကူညီပေး
#Dr.KML #YMG #Yangon_Media_Group
#Daily_News
Published_ 20 May 2023
၁။ ဆန်အိတ်(၁ဝဝဝ)နှင့် စပါးတင်း (၅ဝဝဝ)အထက် သိုလှောင်ထားပါက မှတ်ပုံတင်ရမည်
၂။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဖွံဖြိုးရေးအတွက် စီမံကိန်းများ ကူညီဆောင်ရွက်ပေးနေ ၊မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌လည်း ကူညီပေးရန်ရှိဟုဆို
၃။ မေလ ၁ရက်နေ့မှ ၁၆ရက်နေ့အထိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ ၅၈ သန်းကျော်ကုန်သွယ်ခဲ့
၄။ ရှေးဟောင်းရိုးရာ သဲဟော်ကီကစားနည်းကို မော်ရိုကိုလူမျိုးများ ဆက်လက်ထိန်းသိမ်းထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published_ 20 May 2023
- မိခင်လောင်းတစ်ဦးဟာ မီးဖွားရေးမှာ ဘယ်လောက်အသက်အန္တရာယ်နှင့်နီးကပ်ပါသလဲ...??
#Health_Matters #အန္တရာယ်ကင်းကင်းမီးဖွားရေး #ရပ်ရွာကူညီပေး
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 20 May 2023
မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် မြန်မာ့ယွန်းထည်နှင့် အနုပညာ ပစ္စည်းပေါင်း (၁၀၀) ကျော်ကို မော်စကိုမြို့တွင် မေလ၁၈ရက် မှ ဇူလိုင်လ ၂ရက်အထိ ခင်းကျင်းပြသနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကသိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ State Museum of Oriental Art နှင့် မြန်မာသံရုံး၊ မော်စကိုမြို့တို့ ကပူးပေါင်းစီစဥ်သည့်“The Light of the Golden Moon, Painted Art of Myanmar” မြန်မာပန်းယွန်းအနုပညာပြခန်း ဖွင့်ပွဲအခမ်းအနားကို မေလ (၁၈) ရက် ဒေသစံတော်ချိန် ညနေ (၅) နာရီတွင် မော်စကိုမြို့ရှိ State Museum of Oriental Art ၌ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးမှ တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ ပြခန်းတွင် မြန်မာ့ယွန်းထည်နှင့် အနုပညာပစ္စည်းပေါင်း (၁၀၀) ကျော်ကို အများပြည်သူ ကြည့်ရှုနိုင်ရန် ခင်းကျင်းပြသထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ State Museum of Oriental Art ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexander V. Sedov မှ အဖွင့်မိန့်ခွန်းအား လည်းကောင်း၊ သံအမတ်ကြီး ဦးလွင်ဦး၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန တတိယ အာရှဌာန ဒု တိယ ညွှန်ကြားရေးမှူးချုပ် Mr. Sergei G. Tolchenov ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ Mr. Dmitry Malov နှင့် ပြတိုက်၏ သုတေသနမှူးနှင့် ပြခန်းတာဝန်ခံ Mrs. Natalia Gozheva တို့မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံရုံးနှင့် စစ်သံရုံး ဝန်ထမ်းများနှင့် မိသားစုများ၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံတမန်များ၊ ရုရှားနိုင်ငံ၌ ပညာသင်ကြားနေကြသည့် မြန်မာကျောင်းသား/ကျောင်းသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြောင်းသိရသည်။
#ymg/pl
#Local_News #မြန်မာ- ရုရှားသံတမန်ဆက်ဆံရေး #(၇၅)နှစ်မြောက်အထိမ်းအမှတ်
#ယွန်းထည်နှင့်အနုပညာ #မော်စကိုတွင်ခင်းကျင်းပြသ
#YMG #Yangon_Media_Group









Page 1396 of 2351